Saturday, September 20, 2008

အသိလွယ်- အကျင့်ခက် (၁၆) ချက်

၁ ။အကောင်းဆုံးနေ့ - ဒီနေ့
၂ ။အကောင်းဆုံး အချိန် - ယခုလက်ရှိ အချိန်
၃ ။အသိဆုံးပုဂ္ဂိုလ် - ဘုရား
၎ ။အကြီးဆုံး အရာ - မေတ္တာ
၅ ။အကြီးကျယ်ဆုံးအချိန် - သေခြင်း
၆ ။အကြီးဆုံး အဟန့် အတား - အကြောက်တရား
၇ ။အလွယ်ဆုံး အလုပ် - တဖက်သားအား အပြစ်ရှာခြင်း
၈ ။အသုံး မကျဆုံး ပိုင်ဆိုင်မှု့ - မာန
၉ ။အကြီးဆုံး ပိတ်ဆို့ မှု့ - အတ္တ
၁၀ ။အကြီးဆုံးသော အမှား - လက်ရှိ အချိန်ကို အရှုံးပေး ဖြုန်းတီးခြင်း
၁၁ ။စိတ်ချမ်းသာသောအချိန် - အလုပ်ကိစ္စတစ်ခုကို ပြီးစီးအောင်
လုပ်ကိုင်ပြီးသောအချိန်
၁၂ ။အငြင်းပွားရဆုံးလူ - အမြဲတမ်း ညည်းတွားနေသူ
၁၃ ။အဆိုးဆုံးဆင်းရဲမှု့ - စိတ်မပါ လက်မပါ ဖြစ်နေခြင်း
၁၄ ။အလိုအပ်ဆုံးအရာ - အများတွေးသလို မြင်သလို ၊
တွေးတတ် မြင်တတ်ဖို့
၁၅ ။အညံဖျင်းဆုံးစိတ်ထား - သူတစ်ပါးကြီးပွား ကောင်းစား
တာကို မနာလိုခြင်း
၁၆ ။အကောင်းဆုံးလက်ဆောင် - ခွင့်လွတ်ခြင်း

နေမင်း
လာမှာပါလာမှာပါ ဘာမှမပူနဲ့ ဘော်ဘော်တို့ အကြိုက်လေးတွေ...................
သူငယ်ချင်းတွေတော်တော်များများကတော့လာပြောနေကြတယ် ဂိုးလေးတရားတော်တော်ရနေပြီနဲ့ တူတယ်တဲ့ (အဟိ)
ကိုယ့်ဆိုဒ်လေးအသစ်စဖွင့်ခါစဆိုတော့လည်းဘုရားတရားလေးနဲ့ စတာကောင်းတာပေါ့နော်.............
နောက်တော့ဘော်ဘော်တွေအကြိုက်လေးတွေလာတော့မှာပါ ...ဟဲဟဲ .....

Thursday, September 18, 2008

မင်္ဂလာပါ ......

အားလုံးမင်္ဂလာပါရှင် !!!ဂိုးလေး ဒီဆိုဒ်လေးကို ဂိုးလေးဘ၀မှာအမှတ်တရလေးအနေနဲ့ လုပ်ကြည့်ထားတာပါဒီဆိုဒ်လေး အသက်ဝင်သွားအောင်အားကြိုးမာန်တက်လုပ်ပေးတဲ့ ကိုနေမင်းကြယ်စင်ကို ဂိုးလေးကအရမ်းကျေးဇူးတင်ပါတယ်လို့သူငယ်ချင်းအားလုံးကိုဖိတ်ခေါ်ပါတယ် လာလည်ဖို့် လည်းအမြဲတမ်းကြိုဆိုနေပါတယ်ရှင် ....

ဗုဒ္ဓတရားတော် အမေးအဖြေများ .......(၂)

ဗုဒ္ဓတရားတော် အမေးအဖြေများ .......(၂)
Questioned By - Ye Ye May Date:2 Feb 2008လျောက်ထားပါရစေ ဆရာတော် အရှင်မြတ်များဘုရား၊ ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် ထာဝရဘုရားသခင် (ဂေါ့ဒ်)မရှိဟု ဆိုပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျင် တောင်းသည့်ဆုကို မည်သူက ပြည့်အောင် လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ် တိုင်ကကော တပည့်သာဝကများအား ဆုတော်ကို ပေးခဲ့ဘူးပါသလား။ ကိုယ်လုပ်တဲ့ ကုသိုလ်က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ် လိုပါသလားဘုရား။ ဆုတောင်းတာနဲ့ ပတ် သက်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာက မည်သို့ လက်ခံထားသည်ကို သိလိုပါသည်။သက်လျာ
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 6 Feb 2008ခြားနားချက်ဗုဒ္ဓ၀ါဒဟာ ဣဿရ (စကြ၀ဠာ ကမ္ဘာမိုးမြေကို စိုးပိုင်) နိမ္မာန (စကြ၀ဠာတစ်ခုလုံးကို ဖန်းဆင်း)တဲ့ ထာဝရတည်မြဲတဲ့ တစ်ဆူတည်းသော ဘုရားသခင်ရှိဝါဒကို လက်မခံတာ မှန်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓ၀ါဒီတို့ ဆုတောင်းရာမှာ ဘာမှမလုပ်ဘဲ အဲဒီတစ်ဆူတည်းသော ဘုရားကို မျက်စိမှိတ် ယုံကြည်ရုံမျနဲ့ လိုတာတွေ အားလုံးကို ရတယ်ဆိုပြီး လက်ဖြန့် တောင်းခံတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။ အကြောင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်း ပတ္ထနာပြုရင် တောင့်တတဲ့အတိုင်း ဖြစ်တယ်လို့ ယုံကြည်ပြီး ဆုတောင်းတာပါ။ ဒါကို လက်တွေ့နဲ့ ဆန္ဒကို ပေါင်းစပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မလားဘဲ။
ဗုဒ္ဓရဲ့ နှုတ်မြွက်သင်္ဂီတိသုတ် (ဒိ ၃၊ ၂၁၄)မှာ မြတ်ဗုဒ္ဓက 'အလိုရှိရာကို တောင့်တ (ဆုတောင်း)ပြီး သမဏဗြဟ္မဏတို့ကို ထမင်း အဖျော်စသည့် လှူဖွယ်ဝတ္ထုကို ပေးလှူလျင် လူနတ်ချမ်းသာကို ရနိုင်သည်သာမက ဗြဟ္မာဘ၀ကို ရရှိရန်ပါ အထောက် အပံ့ပြုနိုင်၏ (အပိုဒ် ၃၃၇ အနှစ်ချုပ်)'လို့ မိန့်ပါတယ်။ 'တရားမျတမှုကို ပြုလေ့ရှိသူသည် ကွယ်လွန်ပြီးနောက် လူ့ဘ၀ နတ်ဘ၀ကို တောင့်တ (ဆုတောင်း) ပါက ရရှိနိုင်၏ (မ ၁၊ ၃၅၉)'။ 'အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှုတ် နှလုံးကို စောင့်စည်းခြင်း၊ ဣနြေ္ဒတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း၊ စေတီ သံဃာ ပုဂ္ဂိုလ် ဧည့်သည် အစ်ကို အစ်မတို့အား ပေးလှူခြင်း ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း အလိုရှိသော ချမ်းသာသုခကို တောင့်တ (ဆုတောင်း)ပါက တောင့်တသည့် ဆုကို ရနိုင်၏ (ခု ၁၊ ၉)'။ 'သုဂတိ ဘ၀တစ်ခုခုကို တောင့်တ၍ (ဆုတောင်း၍) ကုသိုလ်ပြုအံ့၊ ယင်း တောင့်တအပ်သော ဘ၀၌ ဖြစ်နိုင်၏ (တတြူပပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတနတ္ထာယ သံဝတ္တတိ) (ဒီ-ဋ္ဌ ၃၊ ၂၂၇)'။
ဗုဒ္ဓ ဆုပေးခြင်း'ပဉ္စသီခ ကောင်းပေပြီ၊ အခြွေအရံ ပရိသတ်နှင့်တကွ နတ်တို့သနင်း သိကြားမင်းသည် ချမ်းသာပါစေသတည်း' (ဒီ ၂၊ ၂၁၅)လို့ ဗုဒ္ဓရှင်တော် သိကြားမင်းကို ဆုတော်ပေးဖူးပါတယ်။ 'မြတ်ဗုဒ္ဓသည် တစ်စုံတစ်ယောက် လာရောက်၍ ရှိခိုးသည်ရှိသော် ရွှေမရိုးစည်နှင့်တူသော လည်တိုင်တော်ကို ချီမြှောက်၍ နားချမ်းသာဖွယ် နှစ်သက်ဖွယ်ရှိသော၊ အမြိုက်ရေစင် သွန်း လောင်းသည်နှင့်တူသော အသံတော်ကို >မက်ဟလျက် ''ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ''ဟု ထိုပုဂ္ဂိုလ်၏ အမည်ကို ခေါ်လျက် ဆုပေးစကား မြွက်ကြားတော်မူ၏' (မ-ဋ္ဌ ၁၊ ၁၈၅)။
ဗုဒ္ဓ၀ါဒ ဆုတောင်းဗုဒ္ဓ၀ါဒီတို့ လက်ခံတဲ့ ဆုတောင်းခြင်းရဲ့ အဓိပ္ပာယ်မှန်က ဒီလိုပါ။ သူသူငါငါ လောကသားတွေ အလိုအကြိုက် အမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာမှာ မိမိလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ဖို့ ရည်ñွှန်းခြင်း၊ စိတ်ñွတ်ခြင်း၊ စိတ်ကို ဆောက်တည်ခြင်း၊ စိတ်မှာ ထားခြင်း၊ စိတ်ကို ပွားများစေခြင်း၊ တောင့်တခြင်းကို ဆုတောင်းခြင်း (အဓိကာရပဓာန)လို့ ဆိုပါတယ်။ အဲဒီလို ဆုတောင်းရာမှာ ဗုဒ္ဓ၀ါဒီတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်းပါတယ်။ အနည်းဆုံး ရတနာသုံးပါးကို ရှိခိုးကန်တော့ခြင်း (မဏာမ) ကုသိုလ်လောက်ကို ပြုပြီးမှ ဆုတောင်းကြတာပါ။ ရှေးရှေးက ကျမ်းပြုမထေရ်ကျော်တွေဟာ ကျမ်းမပြုခင် ရတနာသုံးပါးကို ရှိခိုးပြီးတဲ့အခါ 'တဿာနုဘာဝေန ဟတန္တရာယော = ဤပဏာမ (ရတနာသုံးပါးရှိခိုး) ကုသိုလ်ကြောင့် အန္တရာယ်ကင်းပျောက် (ကျမ်းပြီးမြောက်ပါစေ)'လို့ ဆုတောင်းခဲ့ကြပါတယ်။ ပထမ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုရမယ်၊ အဲဒီနောက် လိုရာအကျိုးကိုရဖို့ ဆုတောင်းတယ်လို့ အဆင့် နှစ်ဆင့်ပါ။ အင်း၊ ဆုမတောင်းပေမဲ့ ကုသိုလ်ကံက ကောင်းကျိုးကို ပေးမြဲပါပဲ။ ဒါပေမဲ့ စိတ်ñွတ်ပြီး လိုချင်တဲ့ဆုကို အထူးပြုပြီး ပန်ဆိုလိုက်တဲ့အခါမှာ မိမိရဲ့ စိတ်စွမ်းရည် စိတ်ကိုင်းñွတ်မှု စိတ်ဦးတည်ချက်ဟာ ပိုမို ပီပြင်သွားတာပေါ့။ ဦးတည်ချက်ရှိတဲ့ လမ်းဟာ ပိုမို မဖြောင့်ဖြူးပေဘူးလား။
ဆုတောင်းပြည့်ပြောပြထားတဲ့အတိုင်း ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ ဦးတည်ချက်ကို ဖော်ñွှန်းတာဖြစ်လို့ ဆုတောင်းပြည့်ခြင်း မပြည့်ခြင်းဟာ စေတီ ရုပ်ပွားဆင်းတုတွေနဲ့ မဆိုင်ပါဘူး။ အဲဒီ စေတီ အဲဒီဆင်းတုတော်မှာ ဆုတောင်းမှ ဆုတောင်းပြည့်တယ်လို့လဲ မစွဲလမ်းသင့်ဘူး။ သီလ ပြည့်စုံ စင်ကြယ်နေခိုက် စင်ကြယ်တဲ့ ဒါနကို ပြုပြီး အဓိဋ္ဌာန်ပြု ဆုတောင်းရင် စေတီ ဆင်းတု မပါဘဲလဲ ဆုတောင်းပြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဘာမဆို 'ဒါမှ ဒါပဲ ဟိုဟာဆိုရင် ဟင့်အင်'ဆိုတာမျိုးတော့ မဖြစ်သင့်ချေဘူး။ 'ဆုတောင်းပြည့်ဘုရား'ဆိုတဲ့ နာမည်က အနည်းဆုံး အိပ်မောကျ သို့မဟုတ် အိပ်မပျော့်တပျော် ဖြစ်နေတဲ့ ဗုဒ္ဓ၀ါဒီတစ်ယောက်ကို လှုပ်နှိုးလိုက်နိုင်တယ်ဆိုရင် အကျိုးရှိတာပဲ။ အနာထပိဏ်သူဌေးဟာ သားမောင် ကာဠကို အသပြာပေးပြီး ဘုန်းကြီးကျောင်းကို သွားဖို့ ဖျားယောင်းခဲ့တဲ့ ထုံးရှိပါတယ်။ သာသနာပြုပုဂ္ဂိုလ်တွေက ဂြိုဟ်ကြီးကိုးလုံးပူဇော်မှု လွှမ်းမိုတဲ့နေရာမှာ ဘုရားကိုးဆူပူဇော်မှုနဲ့ အစားထိုးပေးခဲ့တာလဲ ဓမ္မနဲ့ မဆန့်ကျင်လို့ လက်ခံနိုင်တာပေါ့။ ဒါကြောင့် အခက်အခဲတွေနဲ့ မွမ်းကျပ်နေသူတစ်ယောက်ကို 'ဒီကုသိုလ်လေးပြု၊ ဘုရားဂုဏ်တော် ပွားများပြီး၊ အဓိဋ္ဌာန်ပြု ဆုတောင်းပါလား'လို့ ဗုဒ္ဓ၀ါဒီအချင်းချင်း အကြံပေးကောင်းပါတယ်။ တိုက်ဆိုင်မှုရဲ့ ရလာဒ်တစ်ခုခုကြောင့် အဲဒါနောက်ကိုပဲ လိုက်ပြီး လက်တွေ့ ကျင့်ကြံမှုကို မေ့လျော့နေရင်လဲ မသင့်နိုင်ပါဘူး။ ဘာသာတရား ကိုးကွယ်ရာမှာ ယောနိသောမနသိကာရ (သင့်အောင် နှလုံးသွင်းခြင်း)နဲ့ အစွန်းမရောက်မှုဟာ အရေးကြီးပါတယ်။

Questioned By - Linda Shwezin Date:1 Feb 2008အရှင်မြတ်များ ဘုရား၊ဗုဒ္ဓဘာသာဝင်တွေ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေပါသည်ဘုရား။ ပုတီးစိပ်တာဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အဆုံးအမနှင့် ကိုက်ညီပါသလား။ ဗုဒ္ဓကိုယ်တိုင်ကကော ပုတီးစိပ်ဖို့ ညွှန်ကြားခဲ့ပါသလား။ အချို့ ရိပ်သာဆရာတော်တွေက လူတွေကို ပုတီးစိပ်ဖို့ တားမြစ်တာဟာ မှန်ကန်ပါသလားဘုရား၊ သိပါရစေ။ရွှေစင် (ယူကေ)

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 2 Feb 2008ပုတီးစိပ်ခြင်းအစပါဠိတော်တွေမှာ ဗုဒ္ဓက ရဟန်းတွေနဲ့ လူတွေကို ပုတီးစိပ်ဖို့ ညွှန်ကြားတာ မရှိပါဘူး။ ပုတီးစိပ်ခြင်း အလေ့အကျင့်ကို ဗုဒ္ဓ၀ါဒီတို့စခဲ့တာ မဟုတ်ဘူးလို့လဲ သုတေသီတို့ ဆိုပါတယ်။ ဘယ်အချိန်ကစပြီး ဘယ်လိုနည်းနဲ့ ဗုဒ္ဓ၀ါဒီတို့ စတင် အသုံးပြုခဲ့တယ် ဆိုတာကတော့ သုတေသန ပြုရဦးမှာပါ။ မြန်မာပြည်က ပါလာတဲ့ မှတ်စုစာအုပ်ထဲမှာ အောက်ပါစာပိုဒ်တိုကို တွေ့ရလို့ သဲလွန်စ ကလေးတော့ ပေးလိုက်ပါမယ်။ 'သုံးမည်ရတနာ၊ မကွာဆည်းကပ်၊ စွဲကြပ်ပုတီး၊ သုံးသီးသီတင်း၊ မြဲစင်းလျင်းလျင်၊ နာခြင်းတရား၊ မှတ်သားနားဝင်၊ အပြည့်ထင်၏' (ရွှေဟင်္သာမင်းပျို့၊ အပိုဒ် ၆၃)။ ရွှေဟင်္သာမင်းပျို့ကို အင်းဝခေတ် ရွှေနန်းကြော့ရှင်မင်း (မြန်မာနှစ် ၈၇၁။ ခရစ်နှစ် ၁၅၀၉) လက်ထက်မှာ အရှင်တေဇောသာရမထေရ် ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပုတီးစိပ်အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာ အစဉ်အလာထဲမှာ အနည်းဆုံး နှစ်ပေါင်း တစ်ခုလျော့ ငါးရာ (၄၉၉ နှစ်)၊ အမေရိကန်လွတ်လပ်ရေး သက်တမ်းရဲ့ နှစ်ဆမက ကြာခဲ့ပြီပေါ့။
ဗုဒ္ဓဘာသာပုတီးစိပ်ဗုဒ္ဓ၀ါဒီတို့ရဲ့ ပုတီးစိပ်ဆိုတာက ဗုဒ္ဓဂုဏ်ရည်ကို ပုတီးလုံးပေါ်မှာ စိတ်မှတ်နဲ့တင်ပြီး ပုတီးကို တစ်လုံးချင်းချတာ သို့မဟုတ် ဗုဒ္ဓနုဿတိဘာဝနာပွား (ဗုဒ္ဓဂုဏ်ရည်ကို အဖန်ဖန် အောက်မေ့)တာ ဖြစ်ပါတယ်။ ၀ိပဿနာလမ်းကို မ၀င်သေးသူတို့ရဲ့ သမာဓိ ထက်သန်လာမှုကို များစွာ အထောက်အပံ့ပြုလို့ ဒီအစဉ်အလာကို ဗုဒ္ဓ၀ါဒီတို့ ခုံခုံမင်မင် လက်ခံခဲ့တာ ဖြစ်နိုင်ပါတယ်။ ဗုဒ္ဓါနုဿတိ (ဗုဒ္ဓဂုဏ်ရည်ပွားများခြင်း)ဟာ သမထဘာဝနာဖြစ်ပေမဲ့ အဖန်ဖန် ပွားများရင် ၀ိပဿနာဘာဝနာ ဖြစ်သွားပြီး သစ္စာကို သိမြင်တဲ့နောက် အရိယာဘုံကို ဆိုက်ရောက်စေနိုင်လို့ ၀ိပဿနာအကျိုးရှိတဲ့ ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ် (အံ-ဋ္ဌ ၁၊ ၃၆၇)။ ဒါကြောင့် ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ဘ၀င်ကျဖို့ အကြံပြုပါရစေ။
ရိပ်သာဆရာတော်တွေရဲ့ သြ၀ါဒတရားပတ်တစ်ခုအတွင်း ရိပ်သာဝင် တရားထိုင်နေစဉ်မှာ ပုတီးစိပ်သလိုလို၊ စာဖတ်သလိုလို၊ ပရိတ်ရွတ်သလိုလို လုပ်နေရင် တရားအမှတ် တက်နိုင်ပါ့မလား။ ရိပ်သာက ဆရာတော်တွေ သင်ပေးတာကိုသာ လိုက်နာပြီး တရားရှုမှတ်တာကိုပဲ စူးစူးစိုက်စိုက် လုပ်ပါမှ ယောဂီတွေ တရားတက်မှာပေါ့။ ဒါကြောင့် မည့်သည့်ရိပ်သာမှာမဆို မိမိတို့ရိပ်သာက သင်ပေး တာကိုသာ လုပ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပုတီးစိပ်တာ မလုပ်ဖို့ တားမြစ်တာ ဖြစ်နိုင်ပါတယ်။ ပုတီးစိပ်တာ မမှန်လို့ ဗုဒ္ဓမကြိုက်လို့တော့ မဟုတ်တန်ရာပါဘူး။

Questioned By - Bo Bo Aung Date:22 Jan 2008အရှင်ဘုရားတို့တပည့်တော်အား မေးခွန်း အနည်းငယ် မေးလျှောက်ခွင့်ပြုတော်မူပါဘုရား။နိဗ္ဗာန်ကို ပါရမီဖြည့်မှ ရောက်နိုင်ပါသလား (သို့မဟုတ်) ကျင့်ကြံပွားများခြင်းဖြင့် ရော ရောက်နိုင်ပါသလား နိဗ္ဗာန်ဆုကို မတောင်းပဲနဲ့ ကျင့်ကြံ ရုံမျှဖြင့်ရော ရောက်နိုင်ပါသလား။ တပည့်တော်သည် ဂေါတမ မြတ်စွာဘုရားရှင်၏ ကျန်ရှိနေသေးသော သာသနာ (၂၅၀၀) အတွင်းတွင် လိုအပ်သော ပါရမီများကို ကုန်အောင်ဖြည့်ကျင့်နိုင်ပြီး မြတ်စွာဘုရားရှင်၏ ကျန်ရှိနေသေးသော သာသနာ တော်အတွင်းမှာပင် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရသူ ဖြစ်ရပါလို၏ ဟုဆုတောင်းထားပါတယ် ဘုရား ဤအချိန်အပိုင်းအခြားအတွင်းတွင် လိုအပ်သော ပါရမီများကို ဖြည့်ကျင့်နိုင်ပြီး နိဗ္ဗာန်သို့ မျက်နိုင်ပြုနိုင်သူဖြစ်နိုင်ပါသလား ဘုရား သောတပန်ဖြစ်ပြီးပါက သံသရာတွင် ဘယ်နှစ်ဘ၀ ဆက်လည်ရပါသေး သနည်း ဘုရား။ နတ်ဗြဟ္မာ ဘ၀မှာလဲ ၀ိပဿနာ တရားအားထုတ်လို့ပါသလားဘုရား။ ဤဘ၀၏ ကုသိုလ်ကောင်းမှုကြောင့် နောင်ဘ၀ လူပြန်ဖြစ်၍ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရချိန်တွင် အကုသိုလ်ထုပ်ကို လာယူသူ မဖြစ်ရအောင် မည်ကဲ့သို့ ဤဘ၀တွင်ဆုတောင်းရမည်နည်း။ ဤဘ၀တွင် ရတနာ သုံးပါးနှင့် ဗုဒ္ဓဘာသာ တရားတော် တို့ကို လေးနက်စွာ ယုံကြည်သူသည် နိဗ္ဗာန်မရောက်သေးခင် လူဘ၀ပြန်ရခဲ့လျှင် တခြားဘာသာ ကို ကိုးကွယ် သော သူတို့၏ သားသမီး(သို့) ကိုးကွယ်သူဖြစ်နိုင် ပါသလား ဘုရား။ အရှင်ဘုရားတို့ တပည့်တော်၏ မေးခွန်းအားလုံးကို ဖြေကြားပေးတော်မူပါရန် ရိုသေလေးစားစွာလျှောက်ထားအပ်ပါသည် ဘုရားရဲမင်းထွန်း

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 31 Jan 2008ပါရမီရှိလို့လူ့ဘ၀ဆိုတာ ရခဲလှတဲ့ ဘ၀ပါ။ ရခဲလှတဲ့ လူ့ဘ၀ကို ရခဲ့တာကိုက ပါရမီရှိလို့ပါပဲ။ မဂ္ဂင်ရှစ်ပါး တရားမြတ်ရှိတဲ့ ဗုဒ္ဓအဆုံးမနဲ့ ကြုံကြိုက်ရတာရယ်၊ ကိုယ်တိုင်ကလဲ သဒ္ဓါတရားနဲ့ ပြည့်စုံတာရယ်၊ သူတော်ကောင်းတရားတွေကို ကြားနာဖတ်ရှုခွင့်ရှိတာရယ် ဒါတွေကြောင့် ကိုယ့်မှာ အနည်းဆုံး မဂ်ဖိုလ်ဉာာဏ် တစ်ဆင့်ဆင့်ကို ထိုးထွင်း သိမြင်နိုင်တဲ့ ပါရမီပါလာတယ်လို့ ယုံကြည်ခွင့်ရှိပါတယ်။ သီလသမာဓိ ပညာကျင့်စဉ်ကို ကျင့်ဖို့ပဲလိုပါတယ်။ ဆုတောင်းတယ်ဆိုတာ ဖြစ်ချင်တာကို ဖြစ်လာ အောင် အလေးအနက် ဆန္ဒပြုလိုက်တာပဲ။ ဒါကြောင့် နိဗ္ဗာန်ကို လိုချင်တဲ့ဆန္ဒနဲ့ ကျင့်နေရင် အထူးဆုတောင်းနေစရာ မလိုပါဘူး။ နိဗ္ဗာန်ကို ရဖို့ဆိုရင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ဖို့က အဓိကပါ။
ဆန္ဒနှင့်လက်တွေ့'ဗုဒ္ဓသာသနာနဲ့ ကြုံဆုံခိုက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆန္ဒအထူးပြုထားတာ'ဟာ ကောင်းမြတ် မှန်ကန်ပါတယ်။ အဲဒီဆန္ဒအတိုင်း မှန်မှန်ကျင့်ကြံသွားရင် ဤဘ၀မှာပင် တစ်မဂ်တစ်ဖိုလ်ကို ဧကန် ရနိုင်ပါတယ်။ သာမန် လောကီလူသား တစ်ယောက်အနေနဲ့ မဂ်ဖိုလ်ဉာာဏ်ထူးကို ရသွားသူတွေ ယနေ့ခေတ် ပဋိပတ္တိသာသနာဝင်မှာ ထင် ရှားပါတယ်။ ဗုဒ္ဓသာသနာမှာ ဆန္ဒကို လက်တွေ့က ဦးဆောင်ပါတယ်။ လက်တွေ့မပါဘဲ တောင်းဆုဆို ဆန္ဒပြုရုံနဲ့ မပြီးမြောက်နိုင်ပါဘူး။
သောတာပန်တရားအားထုတ်လို့ သောတာပတ္တိဖိုလ်ကို ရပြီးတဲ့ပုဂ္ဂိုလ်ကို သောတာပန်လို့ ခေါ်ပါတယ်။ သောတာပန်ဖြစ်ပြီးရင် ငါးပါးသီလ လုံးဝ မကျိုးပေါက်တော့ဘူး။ သုဂတိဘ၀ မြဲတယ်။ သောတာပန် သုံးမျိုးရှိတယ်။ ၁) သတ္တက္ခုပရမ = သုဂတိဘုံမှာ အများဆုံး ခုနစ်ဘ၀သာ ကျင်လည်သူ ၂) ကောလံကောလ = သုဂတိဘုံမှာ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ ပြန်ဖြစ်သူ ၃) ဧကဗီဇိ = သုဂတိဘုံမှာ တစ်ဘ၀သာ ပြန်ဖြစ်သူ (သံ ၃၊ ၁၇၉)။ ဒီဘ၀မှာ တရားအားထုတ်လို့ တစ်မဂ်တစ်ဖိုလ်ကို မရနိုင် သေးပေမဲ့ ပုထုဇဉ်ဘ၀နဲ့ ငါးပါးသီလမြဲပြီး သီလသမာဓိပညာကို ကျင့်ကြံတဲ့အတွက် ကင်္ခါဝိတရ၀ိသုဒ္ဓိဉာာဏ်အဆင့်ကို ရပြီးသူကိုလဲ သောတာပန်အရိယာလိုပဲ သုဂတိရဖို့ သေချာလို့ အငယ်စား သောတာပန် (စူဠသောတာပန်)လို့ ခေါ်ပါတယ် (အဘိဓမ္မာဝတာရဋီကာသစ် ၂၊ ၃၂၄)။
နတ်ဗြဟ္မာ ၀ိပဿနာနတ်ဗြဟ္မာဘ၀မှာ ၀ိပဿနာတရား အားထုတ်လို့ ရပါတယ်။ ဆိုရန်ရှိတာက ပြည်စုံဖူလုံလွန်းတဲ့ ဘ၀မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာထင်ဖို့ ခက်ခဲတဲ့ သဘာဝရှိတယ်။ အချို့ဗြဟ္မာဘ၀ဆိုရင် တရားအားထုတ်ရတာ အဆင်ပြေနိုင်ပေမဲ့ နတ်ဘ၀မှာတော့ ၀ိဿနာတရား အားထုတ်ဖို့ ခက်ခဲနိုင်တယ်။ သိကြားမင်းတောင် နတ်သမီးတွေ မကြာခဏ လာနှောင့်ယှက်လို့ ဥပုသ်ဆောင်ကို ဖြောင့်ဖြောင့် မ၀င်နိုင်ဘူးတဲ့။ ဒါကြောင့် ဗုဒ္ဓလောင်းလျာတွေတောင် လူ့ပြည်မှာပဲ ပါရမီဖြည့်ကြတယ်။
အကုသိုလ်ထုပ် လာယူသူ မဖြစ်ဖို့နောက်ဘ၀မှာ လူ့အဖြစ်နဲ့ ပြည့်စုံချမ်းသာပါလျက် အကုသိုလ်ထုပ်လာယူသူ မဖြစ်ချင်ရင် သူတော်ကောင်းတွေနဲ့ ပေါင်းဆုံမိဖို့၊ ¤င်းတို့ သင်ကြားဆုံးမတာကို ကြားနာ မြတ်နိုးနိုင်သူဖြစ်ဖို့၊ အဲဒီတရားတွေကို ကျင့်နိုင်ဖို့ ဆုတောင်းသင့်ပါတယ်။ ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော် ဆုတောင်းပုံက ကောင်းမှုပြုပြီး ဆုတောင်းသူတို့ အတုယူစရာပါ။ 'ဖြစ်ရာဘ၀တိုင်းမှာ ယခုတောင်းတဲ့ ဆုကိုပဲ ထပ်မံတောင်းရပါလို၏ (ပရမတ္ထသရူပဘေဒနီ ၂၊ နိဂုံးကို ရှုပါ)'တဲ့။
စိတ်မချရပေမဲ့အရှင်သာရိပုတ္တရာရဲ့ မယ်တော် ရူပါသာရီဆိုရင် ဘ၀ကုန်ခါနီးအချိန်ထိ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာနဲ့ ဝေးခဲ့သူပါ။ အရှင်မြတ်လောင်းလျာကျတော့ ဗုဒ္ဓဘုရားတစ်ဆူထံမှ အဂ္ဂသာဝကဖြစ်ဖို့ ဗျာဒိတ်ရပြီးသား၊ ပါရမီလဲ ပြည်ပြီးသားဖြစ်လို့ ဗုဒ္ဓနဲ့ တွေ့ဆုံခဲ့ရတယ်။ ဒါပေမဲ့ သာမန်လူတစ်ယောက်အဖို့တော့ ဘ၀သံသရာဆိုတာ စိတ်မချရပါဘူး။ တစ်ခုခုသောဘ၀မှာ ဗုဒ္ဓ၀ါဒီမဟုတ်သူလဲ ဖြစ်သွားနိုင်တာပဲ။ ဂေါတမဗုဒ္ဓဖြစ်လာမဲ့ ဇောတိပါလလုလင်ဟာ ဘ၀အစပိုင်းမှာ ဗုဒ္ဓဓမ္မသံဃာကို မကြည်ညိုခဲ့ဘူး။ ဒါပေမဲ့ အယူသည်း (ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို သွားရင် ဘုရားမကြိုက်ဘူး ဆိုတာလိုမျိုး)၊ အစွန်းရောက် (နောက်ဘ၀မှာ ဘုရားနဲ့တွေ့ဖို့ အယူမတူသူတွေကို ရှင်းပစ်ရမယ် ဆိုတာလိုမျိုး)တဲ့ အထိတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အတွင်းမှာရှိနေတဲ့ အထုံပါရမီ အနုအရင့်အလိုက် အနည်းဆုံးတော့ သူတော်ကောင်း ဓာတ်ခံလေး ရှိနေပါလိမ့်မယ်။

Questioned By - Ye Min Tun Date:21 Jan 2008အရှင်ဘုရား ရိုသေစွာလျောက်ထားအပ်ပါသည်တပည့်တော်သည် မိမိအိမ်တွင်သာ အဘိဓမ္မာတရားကိုလေ့လာနေသူဖြစ်ပါသည်။ တပည့်တော် မရှင်းသည့်အချက်မှာ အကုသိုလ် စေတသိက်(၁၄)ပါးကို ကိလေသာ(၁၀)ပါးဖွဲ့ရာတွင် ဣသာ၊မစ္ဆေရိယ၊မိဒ္ဓ၊ကုက္ကုစ္စ တို့ အဘယ့်ကြောင့်မပါဝင် ရသည်ကို အကျင်တ၀င့် ရှင်းပြ တော်မူပါ အရှင်ဘုရား။ရိုသေစွာဖြင့်ရဲမင်းထွန်း

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 31 Jan 2008အကုသိုလ် စေတသိက် ၁၄ ပါး၁၊ မောဟ = အမှန်သဘောကို ဖုံးကွယ် ၂၊ အဟိရိက = မကောင်းမှုလုပ်ဖို့ မရှက် ၃၊ အနောတ္တပ္ပ = မကောင်းမှု လုပ်ဖို့ မကြောက် ၄၊ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့် ၅၊ လောဘ = လောကီအာရုံကို တွယ်တာတပ်မက် ၆၊ ဒိဋ္ဌိ = မှားယွင်းစွာ သိမြင် ၇၊ မာန = ထောင်လွှား ၈၊ ဒေါသ = ခက်ထန် ၉၊ ဣဿာ = သူတစ်ပါးစည်းစိမ်ကို မနာလို ၁၀၊ မစ္ဆရိယ = ကိုယ့်စည်းစိမ်ကို တွန့်တို ၁၁၊ ကုက္ကုစ္စ = (မကောင်းတာ လုပ်မိ၊ ကောင်းတာ မလုပ်မိလို့) နောင်တပူပန် ၁၂ = ထိန = မလန်း စိတ်ထိုင်းမှိုင်း ၁၃၊ မိဒ္ဓ = ယှဉ်ဘက်စေတသိက်တွေ မလန်း ထိုင်းမှိုင်း ၁၄၊ ၀ိစိကိစ္ဆာ = ရတနာသုံးပါး ကံကံ၏အကျိုးကို သံသယရှိ
အုပ်စုနာမည် ၉ မျိုးအဲဒီ အကုသိုလ်စေတသိက် ၁၄ ပါးကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း သမုစ္စည်းပိုင်း အကုသလသင်္ဂဟမှာ အုပ်စုလိုက် နာမည် ၉ မျိုးနှင့် ဖော်ပြတယ်။ ၁၊ အာသ၀ = ခန္ဓာအစဉ်၌ ကြာမြင့်စွာ စိမ်နေတဲ့တရား ၂၊ သြဃ = ရေအလျဉ်လို လွှမ်းမိုး ဖိသတ်တတ်တဲ့တရား ၃၊ ယောဂ = ၀ဋ်ဆင်းရဲမှာ တွယ်ကပ်စေတဲ့တရား ၄၊ ဂန္ထ = ၀ဋ်ဆင်းရဲ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်အောင် ချိတ်ပေးတဲ့တရား ၅၊ ဥပါဒါန် =ေ>မက ဖားကိုဖမ်းထားသလို စွဲလမ်းတတ်တဲ့တရား ၆၊ နီဝရဏ = ဈာန်စတဲ့ ကုသိုလ်ကို ပိတ်ပင် တတ်တဲ့တရား ၇၊ အနုသယ = သတ္တ၀ါတို့ရဲ့ သန္တာန်မှာ အမြဲကိန်းဝပ်နေတဲ့တရား ၈၊ သံယောဇဉ် = ဘ၀သံသရာမှ မလွတ်အောင် ဖွဲ့ချည်တတ်တဲ့တရား ၉၊ ကိလေသာ = စိတ်ကို ညစ်ပေစေတတ်တဲ့တရား။ ဒီအုပ်စုနာမည် ၉ မျိုးကို 'စိမ်၊ လွှမ်း၊ တွယ်၊ ချိတ်၊ စွဲ၊ ပိတ်၊ ကိန်း၊ ချည်၊ ညစ်' လို့ အကျဉ်း မှတ်နိုင်ပါတယ်။ စိမ်ဆိုရင် အာသ၀၊ လွှမ်းဆိုရင် သြဃ စသည်လို့ နားလည်လိုက်ပါ။
စေတသိက် ၁၄ နှင့် နာမည်အုပ်စု ၉ ကို တွဲစပ်ခြင်းလောဘစေတသိက်ကို အုပ်စုနာမည် ၉ မျိုးလုံးနဲ့ တွေ့ရတယ်။ အကြောင်းက အဲဒီသဘာဝတွေ ထင်ရှားလို့။ ဒိဋ္ဌိစေတသိက်က 'ပိတ်'မှတစ်ပါး ကျန် အုပ်စုနာမည် ၈ မျိုး။ မောဟက ချိတ်၊ စွဲ မှတစ်ပါး ကျန် ၇ မျိုး။ ဒေါသက ချိတ်၊ ပိတ်၊ ကိန်း၊ ချည်၊ ညစ် နာမည် ၅ မျိုး။ ၀ိစိကိစ္ဆာက ပိတ်၊ ကိန်း၊ ချည်၊ ညစ် ၄ မျိုး။ မာနက ကိန်း၊ ချည်၊ ညစ် ၃ မျိုး။ ဥဒ္ဓစ္စက ပိတ်၊ ချည်၊ ညစ် ၃ မျိုး။ ထိနက ပိတ်၊ ညစ် ၂ မျိုး။ ကုက္ကုစ္စက ပိတ် ၁ မျိုး။ မိဒ္ဓက ပိတ် ၁ မျိုး။ အဟိရကနဲ့ အနောတ္တပ္ပက ညစ် ၁ မျိုးစီ။ ဣဿာနဲ့ မစ္ဆရိယက ချည် ၁ မျိုးစီ နာမည်နဲ့ ထင်ရှားပါတယ်။ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စဟာ သာမန်ဆိုရင် တူသယောင်ရှိပေမဲ့ လုပ်ဆောင်မှုတွေ ယှဉ်ရာစိတ်တွေ (ဥဒ္ဓစ္စက အကုသိုလ် ၁၂၊ ကုက္ကုစ္စက ဒေါမူစိတ် ၂) မတူကြလို့ ဥဒ္ဓစ္စက အုပ်စုနာမည် သုံးခုရပြီး ကုက္ကုစ္စက တစ်မျိုးပဲရနေတာကို သတိပြုပါ။
ကိလေသာထဲမှာ မိဒ္ဓမပါထိနက စိတ်ရဲ့ထိုင်းမှိုင်းတာဖြစ်လို့ ကုသိုလ်ကို ပိတ်ဆို့ (နီဝရဏ)နဲ့ စိတ်ကိုညစ်ပေ (ကိလေသာ) ဆိုတဲ့ အုပ်စု နှစ်မျိုးနာမည်နဲ့ ထင်ရှားပြီး မိဒ္ဓကတော့ စေတသိက်တို့ရဲ့ ထိုင်းမှိုင်းတာဖြစ်လို့ ကုသိုလ်ကို ပိတ်ဆို့ (နီဝရဏ) အမည်တစ်မျိုးနဲ့ပဲ ထင်ရှားပါတယ်။ ထိန(စိတ်အခြေအနေ)မဖြစ်ပေါ်ရင် မိဒ္ဓ(စေတသိက်အခြေအနေ)လဲ မဖြစ်လာဘူး။
ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စစိတ်ထဲမှာ ဣဿာ မစ္ဆရိယ ဖြစ်လာရင် စိတ်ဆိုး အငြိုးသိုပြီး စိတ်ကတစ်ဆင့် နှုတ်ပေါ်မှာ ကိုယ်ပေါ်မှာ လုပ်ဆောင်မှုတွေ ဖြစ်လာတယ်။ အဲဒါရဲ့ ထင်ရှားတဲ့ အကျိုးက ချည်နှောင်ခြင်းပဲ။ ကုယ့်ကိုယ်လဲ တုပ်ချည်တယ်၊ ကိုယ်နဲ့ သူတစ်ပါးကိုလဲ နှောင်ဖွဲ့တယ်။ ကိုယ်ကသူ့ကို စွပ်စွဲရင် သူကလဲ တုံ့ပြန်မှာပေါ့။ ဒါကြောင့် ဣဿာ မစ္ဆရိယ စေတသိက်နှစ်ပါးဟာ တုပ်ချည်(သံယောဇဉ်)အမည်နဲ့ ပိုပြီး ထင်ရှားတာ။ ကုက္ကုစ္စ(နောင်တပူပန်မှု)လဲ ဒေါသ(စိတ်ဆိုးမှု)နဲ့ အတူဖြစ်တဲ့ စေတသိက်ပါပဲ။ ဒါပေမဲ့ ကုက္ကုစ္စလွှမ်းမိုးနေရင် ပထမဆုံး ဖြစ်ပေါ်လာတဲ့အကျိုးက ကုသိုလ်ကို မလုပ်နိုင်တာပဲ။ ဒါကြောင့် ပိတ်(နီဝရဏ) နာမည်နဲ့ပဲ ထင်ရှားတာ။
လုပ်ဆောင်ချက်မတူလို့လိုရင်းက စေတသိက် ၁၄ ပါးရဲ့ သဘာဝ၊ လုပ်ဆောင်ချက် ဒီဂရီအနိမ့်အမြင့်၊ အကျိုးဆက်နဲ့ အကြောင်းရင်းတွေ ခြားနားလို့ အုပ်စုခွဲပြီး နာမည်ပေးရာမှာ ခြားနားသွား (တစ်ချို့ပါ တစ်ချို့ပြုတ်ဖြစ်) ရပါတယ်။ လောဘ တစ်ခုတည်းကိုပဲ တဏှာ၊ ရာဂ၊ ပေမ၊ သမုဒယစတဲ့ နာမည်တွေနဲ့ ဟောထားတာတွေလဲ ရှိပါတယ်။ ကြားနာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စရိုက်အကြိုက်ကို ကြည့်ပြီး မြတ်ဗုဒ္ဓက အဲဒီလို အမည်အမျိုးမျိုးနဲ့ ဟောကြားတော်မူတာပါ။

Questioned By - Aung Soe Date:12 Jan 2008ရိုသေစွာလျောက်ထားပါသည် အရှင်ဘုရားသုဝဏ္တသာမမြှားဆိပ်သင့်သောအခါ ခမည်းတော်၊မယ်တော်နှင့်နတ်သမီးသုံးပါး သစ္စာပြုသဖြင့် အသက်ချမ်းသာရခဲ့သည် ဟုသိရပါသည်ဘုရား။ တပည့်တော်သိလိုသည်မှာ သစ္စာသည်အကယ်၍အစွမ်းထက်ငြားအံ့။ ပါရိက သစ္စာပြုသောအခါကပင် သုဝဏ္တသာမမြှားဆိပ်ပြေသင့်ပါသည် ဘုရား။ သို့သော် အမှန်၌ ခမည်းတော်၊မယ်တော်နှင့်နတ်သမီးသုံးပါး သစ္စာပြုမှ အသက်ချမ်းသာရခဲ့ပါသည်။ အဘယ့်ကြောင့်ပါနည်း အရှင်ဘုရား။ သနားကရုဏာ ရှေ့ထား၍ဖြေကြားပေးတော်မူပါအရှင်မြတ်ဘုရား။ရိုသေစွာဖြင့်အောင်စိုးမိုး

Answered By - အရှင်ဃောသိတာဘိဝံသသာသနဓဇဓမ္မာစရိယ၊ ၀ိနယာနုဂ္ဂဟဓမ္မာစရိယ၊စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ၊ Date:15 Jan 2008၀စီသစ္စာသစ္စာပါရမီကျင့်စဉ်မှာ စကားကိုအမှန်အတိုင်းပြောဆိုတဲ့ ၀စီသစ္စာကို ဘုရားလောင်းစတဲ့သူတော်ကောင်းတွေဟာ အမြဲတမ်းလိုက်နာကျင့်သုံးပါတယ်။ ထိုဝစီသစ္စာဟာ ကံသုံးမျိုးထဲက ၀စီကံဖြစ်ပါတယ်။ ဘယ်ကံကိုပြုပြု သတ္တ၀ါတွေမှာ ဘယ်လိုအကျိုးပေးမယ်ဆိုတာကို ကိုယ်တိုင်သိနိုင်ဖို့ အလွန်ခက်ပါတယ်။ အကြောင်းက ရှေးဘ၀ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ ကံတွေဟာ အလွန်များနေလို့ပါဘဲ။ အဲဒီလိုပြုလုပ်ခဲ့တဲ့ကံတွေနဲ့ ဖြစ်လာမဲ့အကျိုးဆက်တွေကို သဗ္ဗညုတ ဉာဏ်ရှင် ဗုဒ္ဓမှသာ တိတိကျကျ သိနိုင်ပါတယ်။ ထိုကံတွေဟာ အကျိုးပေးဖို့ အခွင့်သင့်လို့ အကျိုးမပေးရသေးရင် တောင် ခန္ဓာအစဉ်မှာ အမြဲတမ်း ရှိနေတာပါ။ ဆိုင်ရာအကြောင်းတွေ ပြည့်စုံမှု (သမ္ပတ္တိ)ဖြစ်လာတဲ့အခါမှ ၀စီသစ္စာ အပါအ၀င် ကောင်းကံတွေအကျိုးပေးပါတယ်။ ကုသိုလ်ကံအကျိုးပေးခွင့်တွေကို နားလည်ချင်ရင် သမ္ပတ္တိတွေကို နားလည်ထားရမယ်။ပြည့်စုံမှုသမ္ပတ္တိလေးမျိုးဆိုင်ရာအကြာင်းပြည့်စုံမှုတွေက လေးမျိုးရှိပါတယ်။ (က) ဂတိသမ္ပတ္တိ-ရရှိလာတဲ့ဘ၀ဟာ ပြည့်စုံမှုရှိရမယ်။ (ခ) ဥပဓိသမ္ပတ္တိ-အဆင်းလှပမှုပြည့်စုံရမယ်၊ (ဂ) ကာယလသမ္ပတ္တိ-အချိန်ကာလကောင်းနဲ့ ပြည့်စုံရမယ်။ (ဃ) ပယောဂသမ္ပတ္တိ-ဉာဏ်ဝီရိယသတိစတဲ့ပယောဂနဲ့ ပြည်စုံရမယ်။ ထင်ရှားအောင်ပြောရရင် ကောင်းတဲ့လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀တွေ (ဂတိသမ္ပတ္တိ)ဖြစ်နေမယ်ဆိုရင် ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာပါတယ်။ လူဘ၀နဲ့စာရင် နတ်ဘ၀ဗြဟ္မာဘ၀က ပိုပြီးကောင်းပါတယ်။ ထိုဘ၀တွေကို ရောက်နေတဲ့ပုဂ္ဂိုလ်တွေက အကုသိုလ်ကံတွေ ပါလာကြပေမဲ့ အကျိုးပေးခွင့် အင်မတန်နည်းပါးပါတယ်။ တိရိစ္ဆာန်ဘ၀နဲ့ ယှဉ်ကြည့်လိုက်ရင် လူ့ဘ၀က သာလွန်ပါတယ်။ ထိုလူ့ဘ၀ဟာ ကုသိုလ်ကံတွေက အကျိုးပေးခွင့်သာလို့ မကောင်းတဲ့ဘေးဒုက္ခတွေကို ရှောင်လွှဲနိုင်တယ်။ ကောင်းတာတွေ တွေ့ကြုံခံစားရနိုင်တယ်။လူ့ဘ၀မှာ ရုပ်အဆင်းပြည့်စုံ (ဥပဓိသမ္ပတ္တိ) ရှိနေမယ်ဆိုရင် ဆွေမျိုးပစ္စည်းဥစ္စာအင်အားနဲနေပေမဲ့ ကုသိုလ်ကံများဟာ အကျိုးပေးခွင့်သာပါတယ်။ အများကကြည်ဖြူမြတ်နိုးကြတယ်။ တိရိစ္ဆာန်ဘ၀မှာဖြစ်နေပါစေ အဆင်းလှပနေရင် လူတွေက သဘောကျ မွေးမြူလိုကြတယ်။ တခါတရံ ရုပ်အဆင်းပြည်စုံတဲ့ လူ့ဘ၀ရောက်နေပေမဲ့ ကိုယ်ကျိုးလောက်သာ ကြည့်တတ်တဲ့မင်းဆိုးမင်းညစ်တို့ခေတ်ကာလမှာ ပညာသင်၊စီးပွားရှာဖွေရတာ မလွယ်ကူပါဘူး။ ပညာမတတ်၊ပစ္စည်းမရှိတဲ့သူဆိုရင် ဘယ်နိုင်ငံ၊ဘယ်ပုဂ္ဂိုလ်ကမှ အသိအမှတ်မပြုပါ။ ကျန်းမာရေးလည်း နားမလည်လို့ ဂရုစိုက်ဖို့ မလွယ်ပါဘူး။ ဆင်းရဲစွာနေရတဲ့ဘ၀ဟာ စိတ်ကောင်းနှလုံးကောင်းထားဖို့လည်း ခက်ခဲပါတယ်။ အများပြည်သူအတွက် အမြဲကြည့်တတ်တဲ့ မင်းကောင်းအုပ်ချုပ်တဲ့ အချိန်ကာလ(ကာလသမ္ပတ္တိ)မျိုးဖြစ်မှ နိုင်ငံသားတွေဟာ ဂုဏ်ယူဝင့်ကြွားစွာ နေနိုင်ပါတယ်။ ခေတ်ကာလကောင်းမှာ ရုပ်ရည်အဆင်းရှိတဲ့လူ ဖြစ်လာပေမဲ့ အရာရာသတိလွတ်ကင်းမေ့လျော့ပြီး အပြင်းကြီးအချောင်ခိုနေရင် အသိဉာဏ်တွေဟာ တုံးသွားပါလိမ့်မယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ ကုသိုလ်အကျိုးပေးခွင့် ရဖို့မလွယ်ပါ။ ဒါကြောင့် ဘယ်အရာမဆို သတိရှိနေဖို့လိုအပ်ပါတယ်။ ပြုလုပ်နေတဲ့ကိစ္စကို စိတ်ပါလက်ပါနဲ့ ကြိုးစားဖို့ အရေးကြီးပါတယ်။ လိမ္မာကျွမ်းကျင်တဲ့ အသိဉာဏ်ရှိဖို့လည်း အရေးင်္ကြီးပါတယ်။ ဒါတွေရှိနေရင် ပယောဂသမ္ပတ္တိပြည့်စုံပါတယ်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ရင် ကုသိုလ်ကံအကျိုးပေးဖို့အတွက် အဓိကကျတဲ့ သမ္ပတ္တိဟာ ပယောဂသမ္ပတ္တိဖြစ်နေတာတွေ့ရတယ်။ အားလုံးချုပ်ပြီးပြောရရင် လူတစ်ယောက်ဟာ ရှေးကုသိုလ်လည်းရှိနေမယ်၊ သတိ ၀ိရိယ ပညာလည်းရှိနေမယ်ဆိုရင် ၀စီသစ္စာအပါအ၀င် ပြုလုပ်တဲ့ကိစ္စမှန်သမျ ပြီးစီးအောင်မြင်နိုင်ပါတယ်။အဲဒီလို ဆက်စပ်ရာ အကြောင်းကောင်းတွေ ပေါင်းစုံနေမှ ပြုလုပ်လိုတဲ့ ကုသိုလ်ကံတွေက အကျိုးပေးပါ တယ်။ ယင်းသို့အကျိုးပေးတဲ့အခါ တစ်ယောက်ထဲပြုလုပ်လို့ အကျိုးပေးလာတဲ့ကံတွေရှိသလို အများပေါင်းစုပြီးလုပ်မှ အကျိုးပေးတဲ့ကံတွေလည်း ကံရှိပါတယ်။ တကြိမ်တခါတည်းလုပ်လို့ အကျိုးပေးတာမျိုးရှိသလို အကြိမ်များစွာ (အချိန်ကြာမြင့်စွာ) လုပ်မှ အကျိုးပေးတာမျိုးလည်းရှိပါတယ်။
စုပေါင်းသစ္စာပြုခြင်းမေးခွန်းရှင်ဟာ သုဝဏ္ဏသာမဇာတ်တော်ကို အဓိကထားပြီးမေးတာ တွေ့ရလို့ အဲဒီဇာတ်တော်ကို ပြန်ပြီး လေ့လာရအောင်ပါ။ ဘုရားလောင်းသုဝဏ္ဏသာမ များဆိပ်ထိပြီး မေ့မျောနေတဲ့အချိန် ပီဠိယက္ခမင်းကြီးက မိဘတွေကို သွားခေါ်လာခဲ့တယ်။ မျက်စိကွယ်နေကြတဲ့ မိဘနှစ်ပါးဟာ ဘုရားအလောင်းရှိတဲ့နေရာ ရောက်လာတဲ့အခါ မယ်တော်ပါရိကာ က ဘုရားအလောင်းရဲ့ ရင်ဝကို စမ်းကြည့်ရာ ကိုယ်ငွေ့တွေ့ရသဖြင့် ''ငါ့သား မသေသေးဘူး''ဆိုပြီး သစ္စာပြုပါတယ်။ ဘုရားအလောင်းဟာ ဘယ်ညာလူးလိမ့်ပြောင်းပြီး မေ့သွားပြန်တယ်။ အဲဒီအခါ ခမည်းတော် ဒုကူလကလည်း သစ္စာပြုပြန်တယ်။ ဘုရားအလောင်းဟာ နံပါးတဘက်ပြောင်းပြီး မေ့သွားပြန်တယ်။ ထိုအချိန်မှာ လွန်ခဲ့တဲ့ (၇)ဘ၀တုန်းက မိခင်ဖြစ်ခဲ့ဘူးတဲ့ ဗဟုသုန္ဒရီနတ်သမီးရောက်လာပြီး သစ္စာပြုပြန်တယ်။ သစ္စာပြုပြီး သုံးယောက်သားငိုနေကြစဉ် သုဝဏ္ဏသာမဟာ ရုတ်တရက် ထထိုင်တယ်လို့ ဆိုထားတယ်။ မေးခွန်းရှင်မေးထားသလို ၀စီသစ္စာဟာ အစွမ်းထက်တာ အမှန်ပါ။ သို့ပေမဲ့ ဒီဇာတ်တော်မှာ တစ်ယောက်ထဲ ၀စီသစ္စာဆိုရုံနဲ့ ကုသိုလ်ကံအကျိုးပေးဖို့ (အဆိပ်တွေ ပြေပျောက်ဖို့) မလုံလောက်ပါ။ သုံးယောက်စုပေါင်းပြီး သစ္စာပြုကြမှသာ ကုသိုလ်ကံတွေက အကျိုးပေးတာ တွေ့နိုင်ပါတယ်။ ဒသကနိပါတ်၊ ကဏှဒီပါယနဇာတ်တော်မှာလည်း သားငယ်ကိုေ>မဆိုးကိုက်လို့ မေ့မြောနေချိန် ကဏှဒီပါယနရသေ့က ၀စီသစ္စာပြုရာ သားငယ်ရဲ့ရင်ဘတ်မှ အထက်ပိုင်းမှာရှိသောေ>မဆိပ်တွေ လျောကျသွားတယ်။ အမေလို့ တခွန်းလောက်သာ ခေါ်နိုင်ပြီး မေ့မြောသွားပြန်တယ်။ ဖခင်ဖြစ်သူ မဏ္ဍဗျသူဌေးက သစ္စာပြုပြန်ရာ ခါးမှ အထက်ပိုင်းတွင်ရှိတဲ့ေ>မဆိပ်တွေဟာ လျောကျသွားတယ်။ နောက်ဆုံးမိခင်ပါ သစ္စာပြုတဲ့အခါ သားငယ်ရဲ့ကိုယ်မှေ>မဆိပ်အားလုံးဟာ လျောကျသွားပါတယ်။ ဒီဇာတ်တော်မှာလည်း စုပေါင်းသစ္စာပြုကြမှ ၀စီသစ္စာစွမ်းအင်ဟာ ပေါ်ပေါက်လာပါတယ်။
တဦးတည်းတကြိမ်တည်းသစ္စာပြုခြင်းဘုရားရှင်သက်တော်ထင်ရှားရှိနေစဉ် အရှင်အဂုင်္လိမာလဟာ သာဝတ္ထိပြည်အတွင်း၌ အမျိုးသမီးတစ်ယောက် မီးမဖွားနိုင်လို့ ဒုက္ခရောက်နေကြောင်း ဗုဒ္ဓအားလျောက်ထားရာ ဗုဒ္ဓကသစ္စာပြုနည်းသင်ပေးပါတယ်။ အဲဒီနည်းနဲ့ အရှင်အင်္ဂုလိမာလဟာ ထိုအမျိုးသမီးထံကို ကြွသွားပြီး သစ္စာပြုပါတယ်။ သစ္စာပြုပြီးချိန်တွင် ကောင်းမွန်စွာမွေးဖွားလို့ သားအမိနှဦးလုံးဟာ ကျန်းမာကြတယ်။ (အင်္ဂုလိမာသုတ်၊ရာဇ၀ဂ်၊ မဇ္ဈိမပဏ္ဏာသ)အိမ်ရှေ့မင်းသမီး သမ္ဗူလာက သစ္စာပြုလို့ သောတ္ထိသေနမင်းသားဟာ နူနာပျောက်ောကာင်းကို (တðသနိပါတ်၊ သမ္ဗူလာဇာတ်တော်၌လည်း) ဆိုထားပါတယ်။ ဖော်ပြပါအကြောင်းအရာတွေကို လေ့လာကြည့်ရင် တဦးတည်းတကြိမ် တည်းနဲ့ ၀စီသစ္စာပြုထားတာ တွေ့နိုင်တယ်။
တဦးတည်းနှစ်ကြိမ်နှင့် အကြိမ်များစွာသစ္စာပြုခြင်းဝီသတိနိပါတ်၊ သိဝိဇာတ်တော်တွင် သိဝိမင်းကြီးဟာ မျက်စိနှစ်လုံးကို လ-ပြီးနောက် သိကြားမင်းက အကြံပေးလို့ သစ္စာပြုရာ မျက်စိတစ်လုံးသာ ပြန်ဖြစ်ပေါ်ခဲ့တယ်။ နောက်တစ်ကြိမ်ထပ်ပြီးသစ္စာပြုပါမှ ဒုတိယမျက်စိတစ်လုံး ထပ်ပြီး ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုထားပါတယ်။ ဘုရားရှင်လက်ထက်ကလည်းဝေသာလီပြည်မှာ ဘေးသုံးမျိုးနဲ့တွေ့ကြုံရာ ဗုဒ္ဓက အရှင်အာနန္ဒာအား ဘုရားတရားသံဃာ ရတနာသုံးပါးရဲ့ ဂုဏ်တော်အမျိုးမျိုးကို ဖော်ထုတ်ပြီး သစ္စာပြုနည်းတစ်ဆယ့်မျိုး နှစ်မျိုး (အဆုံးတွင် သိကြားမင်းသစ္စာပြုထားတဲ့သုံးမျိုးနဲ့ပေါင်းရင် ၁၅-မျိုး) ကိုဟောထားတဲ့ ရတနသုတ်ကို သင်ပေးပါတယ်။ အရှင်အာနန္ဒာဟာ ဝေသာလီမြို့ တံတိုင်းသုံးထပ်အကြားတွင် တညည့်လုံးလှည့်လည်ကာ သစ္စာစကားဖြစ်တဲ့ ရတနသုတ်ဟောကြားရွတ်ဆိုပါတယ်။ အဲဒီလို သစ္စာစကားရွတ်ဆိုတာမို့ ဝေသာလီပြည်ကြီးဟာ ဘေးသုံးပါးငြိမ်းအေးသွားကြောင်းကို သိရပါတယ်။(ခုဒ္ဒကပါဌ၊၄-ရ၊ ဥုတ္တနိပါတ၊ ၃၁၂-၃၁၅) ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ တစ်ဦးတည်းက နှစ်ကြိမ်သစ္စာပြုတာတွေ့ရသလို အကြိမ်များစွာ တညလုံးသစ္စာပြုတာလည်းတွေ့ရပါတယ်။ ရောဂါတစ်မျိုးမျိုး စွဲကပ်လို့ဆေးသောက်ကြတဲ့အခါ တကြိမ်တည်းသောက်ရုံနဲ့ ပျောက်တဲ့အခါ ရှိကောင်းရှိနိုင်မှာပါ။ ဒါပေမဲ့ အမြစ်ပြတ်၊ လုံးဝပျောက်ကင်းသွားအောင်ဆိုတဲ့ အနေဖြင့် ဆေးကို ဆက်တိုက်သောက်ပေးရတဲ့အခါလည်းရှိပါတယ်။ ဒီဥပမာလိုပါပဲ သူတော်ကောင်းတွေဟာ သတ္တ၀ါတွေအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုရင် တစ်ကြိမ်တစ်ခါတည်း သစ္စာပြုတာရှိသလို အကြိမ်များစွာ မေတ္တာကရုဏာထားပြီး သစ္စာပြုပေးတာလည်းရှိပါတယ်။
သံသယပျောက်ကင်းစေဖို့တချို့ကောင်းတဲ့ကိစ္စတွေဟာ တကြိမ်တည်းနဲ့ ပြီးနိုင်ပေမဲ့ သုံးကြိမ်တိုင်တိုင် ပြုလုပ်ရတာတွေရှိပါတယ်။ သီလခံယူဆောက်တည်ဘို့ ရဟန်းတော်များကို ကန်တော့ကျိုးဆိုကြတဲ့အခါ သြကာသကို သုံးကြိမ်ဆိုရပါတယ်။ သြကာသဆိုတာ ကန်တော့ဖို့ခွင့်တောင်းတာပါ။ တကြိမ်တည်းခွင့်တောင်းရုံနဲ့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရဟန်တော်များကို လေးစားမြတ်နိုးတဲ့အနေနဲ့ သုံးကြိမ်တိုင်တိုင် ခွင့်တောင်းကြတာပါ။ ထို့အပြင် သရဏဂုံသုံးပါးကို တစ်ကြိမ်တည်းနဲ့ သတ်မှတ်ထားတဲ့ အသံများနဲ့ ပြည့်စုံအောင် ရွတ်ဆိုနိုင်ရင် ကိုရင်(သာမဏေ)ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ''မြဲရာသံပတ်''ဆိုသလို ပိုပြီးသေချာခိုင်မာအောင်ဆိုတဲ့အနေဖြင့် ဒုတိယမ္ပိ တတိယမ္ပိစသည်ဖြင့် သရဏဂုံကို သုံးကြိမ်အထိရွတ်ဆိုရတယ်။ ဒီလိုအကြောင်းအရာတွေကို နာလည်ထားရင် ဘုရားရှင်ဟောထားတဲ့ တရားတော်တချို့အပေါ်မှာ ဖြစ်နေတဲ့သံသယတွေဟာ ကင်းရှင်းပြီး ယုံကြည်လက်ခံနိုင်မယ်လို့ မျော်လင့် မိပါတယ်။

Questioned By - Thiri Htet Date:10 Jan 2008မေးလျောက်လိုပါသည် သိချင်တာ သုံးခုပါဘုရား။(၁) မဟာယာန ဗုဒ္ဓ၀ါဒဂိုဏ်းကွဲ ဘယ်တုန်းက စခဲ့သည်(၂) ဘယ်ပုဂ္ဂိုလ်တွေက သီးခြားဂိုဏ်း ခွဲထွက်ခဲ့ကြသည်(၃) ထေရ၀ါဒနှင့် မဟာယာန တူညီချက်နှင့် ခြားနားချက်တို့ကို အကြမ်းမျသိလိုပါ သည်ဘုရား။ရိုးရိုး

Answered By - အရှင်ဃောသိတာဘိဝံသသာသနဓဇဓမ္မာစရိယ၊ ၀ိနယာနုဂ္ဂဟဓမ္မာစရိယ၊စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ၊ Date:15 Jan 2008၁။ မဟာယာနဂိုဏ်းကွဲအစမဟာယာနအကြောင်းလေ့လာလိုလျင် သံဂါယနာတင်ထားတဲ့အကြောင်းတွေကို သိထားရပါမယ်။ ဗုဒ္ဓဟာ ဘီစီ၆၂၄ ခုနှစ်၊ မေလမှာမွေးဖွားခဲ့ပြီး အသက်၃၅နှစ်အရွယ်မှာ သဗ္ဗညုတ ဥာဏ်တော်ကို ရခဲ့ပါတယ်။ ၄၅၀ါအရ သက်တော်၈၀အရွယ်၊ ဘီစီ၅၅၄ခုနှစ် မေလမှာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလကြာတဲ့အခါ ရာဇဂြိုလ်ပြည်၌ အဇာတသတ်မင်းကိုအမှီပြုပြီး အရှင်မဟာကဿဖ ဦးဆောင်တဲ့ ရဟန္တာ ၅၀၀တို့ဟာ ဝေဘာရတောင်နံရံရှိ စရည်းပင်ပေါက်ရာ လိုဏ်ဂူ အနီးရှိ ဆောက်လုပ်ထားရာမဏ္ဍပ်မှာ ပထမအကြိမ်သံဂါယနာ တင်တော်မူခဲ့ကြတယ်။အဲဒီအချိန်မှာ ဓမ္မနဲ့ပတ်သတ်ပြီးကွဲလွဲမှုမရှိသေးပါဘူး။ အပြစ်သေးငယ်တဲ့ ၀ိနည်းနဲ့ပတ်သတ်လို့တော့ ပယ်ဖြုတ်သင့်။မသင့် ဆုံးဖြတ်ခဲ့ကြတယ်။ သို့ပေမယ့် ဘာမှပယ်ဖြုတ်ခြင်းမလုပ်ဘဲ မူရင်းအတိုင်းကျင့်သုံးဖို့ သဘောတူခဲ့ကြတယ်။ ထို့အပြင် ထေရ၀ါဒ၊ မဟာယာန ရယ်လို့လည်းမရှိသေးပါဘူး။ဘီစီ ၄၄၄ခု၊ သာသနာနှစ် ၁၀၀ရောက်တဲ့အခါ ဝေသာလီပြည် ကာလာသောကမင်းကို အမှီပြုပြီး အရှင်ယသအမ-းပြုသော ရဟန္တာ ၇၀၀ ဟာ ၀ါဠုကာရုံကျောင်း၌ ဒုတိယကြိမ် သံဂါယနာ တင်ခဲ့ကြတယ်။ ထိုအချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲချက်များအရ အပြစ်သေးတဲ့ဝိနည်းတချို့ကို ပြုပြင် လိုသောရဟန်းတော်များနှင့် နဂိုအတိုင်းထားလိုသောရဟန်းတော်တို့ အခြေအတင်ဖြစ်ခဲ့ရာမှ ပြုပြင်လိုသော ရဟန်းတော်များက ခွဲထွက်သွားပြီး မဟာသံဃိကဂိုဏ်းသစ်ကို တည်ထောင်ခဲ့ကြတယ်။ ဒါပေမယ့် မဟာယာန ဆိုတာ မပေါ်သေးပါ။ ဗုဒ္ဓ၏ ၀ိနည်းပညတ်တော်များကို ပြင်ဆင်တာ၊ ဖြည့်စွတ်တာမလုပ်ဘဲ မူလအတိုင်းလက်ခံကျင့်သုံးဖို့ ဆုံးဖြတ်ကြတဲ့ ရဟန်းတော်များကို ထေရ၀ါဒရယ်လို့ သတ်မှတ်ခဲ့ကြတယ်။သာသနာတော် ၂၃၅၊ ဘီစီ ၃၈၉ခုနှစ်ရောက်သောအခါ ပါဋလိပုတ်ပြည် သီရိဓမ္မာအသောကမင်းကို အမှီပြုပြီး အရှင်မဟာမောဂ္ဂလိပုတ္တ အမ-ူးရှိသော ရဟန္တာတစ်ထောင်ဟာ အသောကာရုံကျောင်းတော်၌ တတိယအကြိမ် သံဂါယနာတင်ခဲ့ကြတယ်။ ထိုအချိန်တွင် ၀ိနည်းသာမက ဓမ္မ၀ါဒသဘောထားကွဲလွဲမှုများဟာ ဖြစ်နေခဲ့ပါပြီ။ အဲဒီသဘောထားကွဲတဲ့ အဓမ္မ၀ါဒီပုဂ္ဂိုလ်များကို ဆုံးမလိုလို့ အရှင်မဟာမောဂ္ဂလိပုတ္တမထေရ်ဟာ ကထာဝတ္ထုကျမ်းကို ဟောခဲ့ပါတယ်။ ယင်းကျမ်းဟာ အဘိဓမ္မာခုနှစ်ကျမ်းထဲတွင် ပါဝင်ခဲ့တယ်။ ထိုအချိန် အထိ မဟာယာန၀ါဒကို မတွေ့ရသေးပါ။ဘီစီတစ်ရာစု နှင့် အေဒီတစ်ရာစုကြားမှာ သန္ဓမ္မပုဏ္ဍရိကသုတ်၌ မဟာယာန၊ ဟီနာယာန အသုံး အနှုန်း နှစ်ခုကို စတင်ပြီးတွေ့ခဲ့ရသည်။ ယင်းသုတ်တွင် ဗုဒ္ဓဟာ လူသားမဟုတ် ကောင်းကင်ဘုံမှ နတ်ဘုရား ဖြစ်တယ်လို့ ဆိုထားသည်။ သို့ပေမယ့်လည်း ထိုအချိန်အထိ မဟာယာန၀ါဒဟာ မထင်ရှားသေးပါဘူး။
၂။ မဟာယာနဂိုလ်းကွဲစတင်သူအေဒီနှစ်ရာစုမှာတော့ မဟာယာနအသုံးအနှုန်းဟာထင်ရှားလာပါတယ်။ နာဂါဂျုန(နာဂအစ္စုန) ဟာ မဟာယာနအတွေးအခေါ်အယူအစတွေ စတင်ကျင့်သုံးခဲ့တယ်။ ဗုဒ္ဓဟာ လူ့ပြည်တွင် သာဝကလမ်းစဉ်ကိုသာ ဟောခဲ့သည်။ နဂါးပြည်မှာတော့ ပိုပြီးခတ်ခဲနက်နဲတဲ့ ဗောဓိသတ္တကျင့်စဉ်နှင့် သုညတ၀ါဒကိုဟောခဲ့တယ်။ နာဂအစ္စုနကို နဂါးမင်းက နဂါးပြည်ကိုပင့်ပြီး သုညတ၀ါဒကို သင်ပေးလိုက်တယ်။ထိုအယူအစကို နာဂအစ္စုနဟာ မဇ္ဈိမိက-ကာရိကာကျမ်းမှာ ရှင်းလင်းဖော်ပြရေးသားခဲ့တယ်။ အဲဒီ ကျမ်းကို အစွဲပြုပြီး မဇ္ဈိမိကဂိုဏ်းလို့ခေါ်တယ်။ ဒီဂိုဏ်းဟာ သာသနာတော် ၇၀၀ ခန့်မှာ စတင် ပေါ် ပေါက် ခဲ့တယ်။ (ဗုဒ္ဓသာသနာတော် ၂၅၀၀ခရီး၊ ၁၂၆)
၃။ ထေရ၀ါဒ နှင့် မဟာယာန တူညီချက်များ(က) သမ္မာသဗ္ဗုဒ (ခ) သစ္စာလေးပါး (ဂ) မဂ္ဂင်ရှစ်ပါး (ဃ) ပဋိစ္စသမုပ္ပါဒ် (င) အနစ္စ၊ ဒုက္ခ၊ အနတ္တ (လက္ခဏာရေးသုံးပါး) (စ) သီလ၊ သမာဓိ၊ ပညာတရားတို့ကို ၀ါဒနှစ်ခုလုံးက လက်ခံကြပြီး (ဆ) လောကကိုလွှမ်းမိုးဖန်တီးသည့် ဘုရားသခင်ကို ပယ်ခဲ့ကြတယ်။ (Ven Dh W. Rahula, GEMS of BUDDHIST WISDOM P.458)
၎။ ထေရ၀ါဒ နှင့် မဟာယာန ခြားနားချက်များထေရ၀ါဒဟာ ရဟန္တာကျင့်စဉ်(လွတ်မြောက်ရေးလမ်းစဉ်) ကိုကျင့်သုံးပြီး မဟာယာနက ဘုရားလောင်း လမ်းစဉ် (ဗောဓိသတ္တလမ်းစဉ်)(ကယ်တင်ရေးလမ်းစဉ်)ကို ကျင့်သုံးပါတယ်။ မဟာယာန၀ါဒီများက လွတ် မြောက်ရေး လမ်းစဉ်ကို မိမိတစ်ရောက်တည်းသာ နိဗ္ဗာန်ကိုရောက်နိုင်လို့ တစ်ကိုယ်ကောင်းဆံတဲ့ဝါဒလို့ သတ်မှတ်ပြီး အပြစ်ပြောကြတယ်။ တစ်ဦးတည်းလွတ်မြောက်မှုဟာ လွတ်မြောက်မှုအစစ်မဟုတ်ဘူး၊ ဘုရား လောင်းလမ်းစဉ်သာ သတ္တ၀ါတွေကိုကယ်တင်ပြီး နိဗ္ဗာန်ရောက်အောင်ပို့နိုင်တဲ့လမ်းစဉ်ဖြစ်လို့ လွတ်မြောက်မှု အစစ်ဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ယူဆကြတယ်။ထေရ၀ါဒပုဂ္ဂိုလ်တွေကလည်း သူများကိုကယ်တင်ချင်ရင် ကိုယ်ကိုတိုင်က လွတ်မြောက်မှု ကိုရအောင် လုပ်ရမယ်၊ ကိုယ်ကိုတိုင်ကမှ လွတ်မြောက်မှုမရှိသေးရင် သူများကိုဘယ်လိုလုပ်ပြီးကယ်တင်နိုင်မလဲ။ ဥပမာ- တောအုပ်ကြီးအလယ်မှာ ရုတ်တရတ် ရွှံညွန်အိုင်ထဲလဲကျပြီး လည်ပင်းအထိနစ်နေတဲ့သူနှစ်ယောက်ရှိရာ တစ်ယောက်သောသူက တစ်ခြားတစ်ယောက်ကို “မင်းကို ဒီညွန်အိုင်ထဲက ကယ်မယ်” ပြောလာခဲ့ရင် ဖြစ်နိုင် ပါမလား။ သူကိုယ်တိုင် ရွှံညွန်ထဲကမထွက်လာနိုင်သေးဘဲ တခြားပုဂ္ဂိုလ်ကို ဘယ်လိုလုပ်ပြီးကယ်နိုင်မလဲ။ သူကိုယ်တိုင် ရွှံညွန်ထဲက အရင်ရုန်းထွက်ပြီးမှ သူများကို ကယ်တင်နိုင်မယ်မဟုတ်ပါလား။ ဒါ့ကြောင့်သူများကို ကယ်ချင်ရင် ကိုယ်ကိုတိုင် လွတ်မြောက်မှုရအောင်အရင်ဆုံးလုပ်ရမယ်၊ ပြီးမှသူများကို ကယ်တင်ပေးနိုင်မယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် လွတ်မြောက်ရေးလမ်းစဉ်သာ အသာဆုံးဖြစ်တယ်လို့ ချေပပြောဆိုကြတယ်။နောက်ပြီး “ထေရ၀ါဒမှာ သာသနာတော်ကို ဓမ္မကာယလို့ ဆိုတယ်။ မဟာယာနမှာတော့ ဓမ္မကာယဆိုတာ နိဗ္ဗာန်လို့ခေါ်တဲ့ တထတာပင်ဖြစ်တယ်။ ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံဝင်ပြီးနောက်မှာ ဓမ္မကာယ အဖြင့်ဆက်လက်တည်ရှိနေတယ်လို့ မဟာယာနက ယူဆတယ်။ ထို့ပြင်ထေရ၀ါဒမှာ နိဗ္ဗာန်သည် အကြောင်း ကင်းမဲ့သော အသင်္ခတဓါတ်ဖြစ်ပြီးပျက်စီးခြင်းမရှိလို့ ဆိုတယ်။ မဟာယာနမှာတော့ နိဗ္ဗာန်ဆိုတာ ဓမ္မကာယ၊ ဗုဒ္ဓသဘာဝ၊ သဗ္ဗညုတအစစ်ဖြစ်တယ်လို့ယူဆတယ်။ မဟာယာနရဲ့ မဟာပရိနိဗ္ဗာနသုတ်မှာ နိဗ္ဗာန်ဟာ နိစ္စ၊ သုခ၊ သုဘ၊ အတ္တ ဖြစ်တယ်လို့ ဆိုတယ်။ ထေရ၀ါဒမှာကား “သဗ္ဗေဓမ္မာအနတ္တာ” ကိုထောက်ပြီး နိဗ္ဗာန် ဆိုတာ နိစ္စ၊ သုခ၊ သုဘ သာဖြစ်တယ်၊ အတ္တလို့မဆိုနိုင်ဘဲ အနတ္တသာဖြစ်တယ်လို့ ဆိုထားတယ်။ (ကမ္ဘာငတ်၍ဘုရားရှာဖွေခြင်း၊၁၉၇)ထေရ၀ါဒမှာ ပရိတ်တော်များဟာဘုရား ရဟန္တာတို့ရဲ့ သီလဂုဏ်၊ မေတ္တာ၊ ခန္တီ၊ ကရုဏာတရား စတာတွေကို အရင်းခံထားပြီး သစ္စာဆို၊ အဓိဋ္ဌါန်ပြုလုပ်ခြင်းဖြင့် ဘေးအန္တရာယ်တွေကင်းလွတ်တယ် လို့ ယုံကြည်ကြတယ်၊ မဟာယာန မှာကား ဂါထာမန္တန်တွေ ရွတ်ဆိုရုံမျှဖြင့် မကောင်းတဲ့ကံ တွေ ပပျောက်တယ်၊ မကောင်းတာရှောင်ဖို့ ကောင်းတာဆောင်ဖို့ မလိုလို့ ယူဆတယ်၊ ထေရ၀ါဒ မှာ မူရင်း ကျမ်းများကိုသာ အဓိကထားပေမဲ့ မဟာယာနမှာတော့ နောက်ပေါ်ကျမ်းများကိုသာ အလေးထားတယ်။သုတေသီတွေက ထေရ၀ါဒထွန်းကားတဲ့ နိုင်ငံများမှာ အိန္ဒိယရဲ့တောင်ဘက်အပိုင်းမှာ ရှိနေတာမို့ ထေရ၀ါဒကို တောင်ပိုင်းဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။ မဟာယာနကတော့ အိန္ဒိယရဲ့ မြောက်ဘက်အပိုင်း နိုင်ငံတွေမှာ ကျယ်ပြန့်နေလို့ မဟာယာန၀ါဒကို မြောက်ပိုင်း ဗုဒ္ဓဘာသာ လို့ ပြောဆိုကြတယ်။ထေရ၀ါဒကို ဟီနယာနလို့ ထင်မှတ်သူတွေရှိခဲ့တယ်၊ ဟီနယာနဆိုတာ ထေရ၀ါဒ နဲ့တခြားစီဖြစ်တယ် ဟီနယာန ဟာ သဗ္ဗတ္ထိဝါဒ ဂိုဏ်းကွဲဖြစ်တယ်။ သဗ္ဗတ္ထိဝါဒ မဟုတ်ကြောင်းကို တတိယသံဂါယနာ ခေတ်တုန်းက အရှင် မဟာ မောဂ္ဂလိပုတ္တမထေရ်က ကထာဝတ္ထု ကျမ်းဖြင့်ပင် ဝေဖန်ဟောပြထားတယ်။ မဟာယာန၀ါဒ ပေါ်လာချိန်မှာ အခြေအတင် ဖြစ်သော ဂိုဏ်းမှာ သဗ္ဗတ္ထိက ဂိုဏ်းကွဲဖြစ်တယ်။ နောင်အခါ မှာ မဟာယာန တွေက သူတို့နဲ့ အယူအဆ မတူသော ၀ါဒတွေကို ဟီနယာန လို့ ရောထွေးပြီးခေါ် ကြ တယ်။ ၁၉၅၀ ခုနှစ်တွင် ကိုလန်ဘိုမြို့၌ ကမ္ဘာ့ဗုဒ္ဓဘာသာအသင်းကြီးက ဟီနယာန ဆိုတဲ့ အသုံးအနှုန်းကို လုံးဝမသုံးဖို့ဆုံးဖြတ်ကြတယ်။

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 14 Jan 2008(၁) ဗုဒ္ဓ၀ါဒဂိုဏ်းကွဲ စတင်ခြင်းအေဒီ ၄ ရာစု မတိုင်ခင်ကပင် ရေးခဲ့ပြီး အဋ္ဌကထာကျမ်းကြီးတွေတောင် လေးစား ကိုးကားခံရတဲ့ ပါဠိသမိုင်း ဒီပ၀ံသကျမ်းမှာ '(ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်) ပထမ နှစ်တစ်ရာအတွင်း ဗုဒ္ဓ၀ါဒဂိုဏ်းကွဲ ဟူ၍ မရှိ။ ဒုတိယနှစ် တစ်ရာအတွင်း၌မူ ဗုဒ္ဓ၀ါဒဂိုဏ်းကွဲ ဆယ့်ခုနစ်ခု (မင်မဖြစ်သော ထေရ၀ါဒဂိုဏ်း အပါအ၀င် ၁၈ ခု) ကွဲပြားသွား၏ (အခန်း ၅၊ ၅၃ ဂါထာ)' လို့ ဖော်ပြပါ တယ်။ ဒါကြောင့် ဗုဒ္ဓလွန်ပြီး နှစ်တစ်ရာကျော်မှ ဗုဒ္ဓ၀ါဒဂိုဏ်းကွဲတွေ စတင်ဖြစ်ပေါ်တယ်လို့ အကြမ်းဖြင်း မှတ်သင့်ပါတယ်။ အဲဒီလို ကွဲပြားရတဲ့ အကြောင်းကို ဒီပ၀ံသကျမ်း (အခန်း ၅၊ ၃၄-၃၅)မှာပဲ 'တိုက်ရိုက်ဟော သွယ်ဝိုက်ဟော၊ ဖော်ဟော မြှုပ်ဟော သဘောကို နားမလည်ကြဘဲ ရဟန်းယုတ်တို့သည် (ဗုဒ္ဓရှင်တော်မြတ်က) အဓိပ္ပာယ်တစ်မျိုးဖြင့် ဟောသည်ကို အခြားအဓိပ္ပာယ်တစ်မျိုးသို့ ပြောင်းပစ်ပြီး စာပေကျမ်းဂန်ကို အရိပ်အယောက်မျယူ (ကပ်ကိုး)လျက် ဗုဒ္ဓဓမ္မ၏ အဓိပ္ပာယ်မှန်ကို ဖျက်ဆီးကြ၏'လို့ မှတ်ချက်ပြုပါတယ်။
(၂) ဂိုဏ်းသီးခြား ခွဲထွက်သူများဗုဒ္ဓပရိနိဗ္ဗာန်စံပြီး သုံးလအကြာ ရာဇဂြိဟ်မြို့(အိန္ဒိယ)မှာ ပြုလုပ်တဲ့ ပထမသံဂါယနာမှာ ဓမ္မ (သုတ္တ-အဘိဓမ္မ)နဲ့ ပတ်သက်ပြီး ဆွေးနွေးဖွယ်မရှိပေမဲ့ ၀ိနည်းသိက္ခာပုဒ်နဲ့ ပတ်သက်လို့ ဆွေးမှုအချို့ရှိခဲ့ရာမှာ 'သိက္ခာပုဒ်အချို့ကို လူတွေတောင် သိပြီးဖြစ်နေလို့ ဗုဒ္ဓပညတ်ပြီး သိက္ခာပုဒ်တွေကို ထုတ်ပယ် ဖြည့်စွက်မှုမပြု'ဆိုတဲ့ မူကိုလက်ခံခဲ့ကြတယ်။ နောက်ထပ် နှစ်တစ်ရာ အကြာမှာ ၀ိနည်းသိက္ခာပုဒ်အချို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ ဒုတိယသံဂါယနာမှာတော့ နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးအတော်အတန် ပြောင်းလဲမှုတွေအရ သံဃာတစ်ချို့က ခုဒ္ဒက (အရေးမပါတဲ့)သိက္ခာပုဒ် အချို့ကို ပြုပြင်ပြောင်းလဲလိုကြတယ်။ မပြောင်းလဲလိုတဲ့ အုပ်စုနဲ့ ပြောင်းလဲလိုတဲ့ အုပ်စုလို့ အုပ်စုနှစ်စု ကွဲသွားပြီး နောက်ဆုံး ဒုတိယအုပ်စုက သံဂါယနာမှာမပါဘဲ မဟာသံဃိကဆိုတဲ့အမည်နဲ့ သီးခြား ရပ်တည်ခဲ့ကြတယ်။ ဒါပေမဲ့ ကနဦးပိုင်းမှာ ၀ိနည်းလိုက်နာမှုလောက်ပဲ ကွဲပြားပြီး ဓမ္မနဲ့ ပတ်သက်လို့ အယူအဆ မကွဲပြားသေးဘူး။ ဘီစီ ၃ ရာစု (ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်းသုံးရာအကြာ) ဘုရင်အသောကလက်ထက် တတိယသံဂါယနာမှာတော့ ဓမ္မရေးရာကို အဓိက ဆွေးနွေးပါတယ်။ ဤသံဂါယနာရဲ့ အကြီးအကဲဖြစ်တဲ့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က ကထာဝတ္ထုကျမ်းကို ပြုစုပြီး ဗုဒ္ဓ၀ါဒအစစ်အမှန်ကို ဖော်ထုတ်ပါတယ်။ ဤသံဂါယနာမှာ အတည်ပြုတဲ့ဝါဒကို ထေရ၀ါဒလို့ ခေါ်ပါတယ်။ သံဂါယနာအပြီးမှာ ထေရ၀ါဒသာသနာပြု အာဇာနည်တွေ ကိုးနိုင်ငံ သာသနာပြုခရီး ထွက်ခဲ့ကြပါတယ်။
မဟာယာနမဟာယာနဆိုတဲ့ ဝေါဟာရကို တိပိဋက ပါဠိအဋ္ဌကထာကျမ်းတွေမှာ မတွေ့ရပါဘူး။ ဘီစီ ၁ ရာစုနဲ့ အေဒီ ၁ ရာစုအကြားမှာ ကျော်ကြားလှတဲ့ သဒ္ဓမ္မပုဏ္ဍရိကသုတ်မှာ မဟာယာနနဲ့ ဟိနယာနဆိုတဲ့ ဝေါဟာရနှစ်ခုကို တွေ့ရတယ်။ အေဒီ ၂ ရာစုရောက်တော့ ပညာကျော် နာဂရဇ္ဇုနပုဂ္ဂိုလ်က သုညတ၀ါဒဆိုတဲ့ မဟာယာနဒဿနကို စတင်ခဲ့တယ်။ အေဒီ ၄ ရာစု အသင်္ဂနှင့် ၀သုဗန္ဓုတို့ ညီအစ်ကို ခေတ်မှာတော့ မဟာယာနဒဿနဟာ အထူးပီပြင်လာခဲ့ပါတယ်။ ဟိနယာနဆိုတာ ထိုခေတ်က အိန္ဒိယမှာ မဟာယာနနှင့် အပြိုင်ထွန်းကားတဲ့ ဂိုဏ်းကွဲတစ်ခု ဖြစ်ပြီး ထေရ၀ါဒနဲ့ မဆိုင်ပါဘူး။ ဘာကြောင့် ဆိုရင် ထေရ၀ါဒက ဘီစီ ၃ ရာစုကတည်းက အိန္ဒိယအလယ်ပိုင်းကနေ သီရိလင်္ကာစတဲ့ အခြားနိုင်ငံတွေကို ပြန့်နှံ့ပြီး ဖြစ်နေလို့ပါ။ ဒါကြောင့် ၁၉၅၀ ခုနှစ်က ကျင်းပတဲ့ ကိုလံဘို (သီရိလင်္ကာ) ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်မှာ ဟိနယာနဆိုတဲ့ ဝေါဟာရကို တည်ရှိဆဲ ဗုဒ္ဓ၀ါဒဂိုဏ်းကွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ (Therava and Mahayana Buddhism by Dr. W. Rahula ဆောင်းပါးကို ဖတ်ရှုပါကုန်)။
(၃) တူညီမှုနဲ့ ခြားနားမှုထေရ၀ါဒရော မဟာယာနပါ နှစ်ဂိုဏ်းလုံးက လက်ခံတဲ့ အချက်တွေကတော့ ၁) သကျမုနိဗုဒ္ဓကို ဆရာအရှင်အနေနဲ့ နှစ်ဂိုဏ်းလုံး လက်ခံပါတယ် ၂) နှစ်ဂိုဏ်းလုံးက ယူဆတဲ့ သစ္စာလေးပါးမှာ အနှစ် သာရအားဖြင့် အတိအကျ တူညီတယ် ၃) မဂ္ဂင်ရှစ်ပါးကျင့်စဉ်မှာ အတိအကျ တူညီတယ် ၄) ပဋိစ္စသုမုပ္ပါဒ် (ကြောင်းကျိုးဆက်ဖြစ်စဉ်)ကို နှစ်ဂိုဏ်းလုံးက တူညီစွာ လက်ခံတယ် ၅) လောကကို ဖန်ဆင်းပြီး စိုးမိုနေတယ်ဆိုတဲ့ ဖန်ဆင်းရှင်(ဣဿရနိမ္မာန)၀ါဒကို နှစ်ဂိုဏ်းလုံးက ငြင်းပယ်တယ် ၆) အနိစ္စ ဒုက္ခ အနတ္တ၊ သီလ သမာဓိ ပညာ ဆိုတာတွေကို လုံးဝခြားနားချက်မရှိ လက်ခံတယ်။မဟာယာနဂိုဏ်းကွဲတွေ များစွာရှိတာရယ်၊ ဒေသခံယဉ်ကျေးမှုတွေနဲ့ ပေါင်းစပ်နေတာရယ် စတာတွေကြောင့် ခြားနားချက်ကိုတော့ ဒီနေရာမှာ ယေဘုယျပဲ ဆိုနိုင်မယ်။ မဟာယာန တွေးခေါ်ရှင် အသင်္ဂ အလိုအရ ၀ိမုတ္တိလမ်းစဉ်ကို ကျင့်ကြံရာမှာ သာဝကယာနိက (တပည့်ကျင့်စဉ်ကို ကျင့်ပြီး တပည့်အနေနဲ့သွား)၊ ပစ္စေကဗုဒ္ဓယာနိက (တစ်ကိုယ်ရေ ဗုဒ္ဓဖြစ်ကြောင်းကျင့်စဉ်နဲ့ တစ်ကိုယ်တည်းသွား) မဟာယာနိက (မဟာယဉ်ကြီးနဲ့ ကိုယ်တိုင်လဲသွား သူများကိုပါ ခေါ်ယူ)လို့ လမ်းစဉ် သုံးမျိုးပြတယ်။ စွမ်းရည်ချင်း ကွာခြားသလို ကျင့်စဉ်တွေလဲ မတူကြဘူး။ ထေရ၀ါဒရဲ့ သာဝကဗောဓိ၊ ပစ္စေကဗောဓိနဲ့ သမ္မာသမ္ဗောဓိဆိုတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ (Bodhisattva Ideal in Buddhism by Dr. W. Rahula ဆောင်းပါးကို ဖတ်ရှုပါကုန်)။ ၀ဇိဗုဒ္ဓိဋီကာ (စာ-၁၀)မှာ သာဝကဗောဓိယာန၊ ပစ္စေကဗောဓိယာန၊ သမ္မာသမ္ဗောဓိယာနလို့ 'ယာန'ဆိုတဲ့ ဝေါဟာရကို သုံးထားတာတွေ့ရလို့ စိတ်ဝင်စားမိပါရဲ့။

Questioned By - Daw Mya Mya Date:9 Jan 2008ဆရာတော်အရှင်မြတ်များဘုရားတပည့်တော် သိချင်တာလေး နှစ်ခုပါဘုရား။ (၁) တပည့်တော် မိခင် မြန်မာနိုင်ငံကပင့်လာပေးတဲ့ ကျောက်ဆင်းတုတော်မှာ နှဖူးမှာ ထူးခြားတဲ့ အရာတစ်ခု ပါရှိပါတယ်။ သင်းကျစ်တော်ခေါ်တယ်လို့ မိခင်က ပြောပါတယ်ဘုရား။ အဲဒါလေးနဲ့ ပတ်သက်တာကို ရှင်းပြပေးစေလိုပါတယ် ဘုရား။ (၂) စေတီတော်တွေက ရောင်ခြည်ထွက်တယ်လို့ ကြားဖူးပါသည်ဘုရား။ ကိုယ်တိုင် တစ်ခါမျ မဖူးဘူးပါ။ ဘာကြောင့် ဘယ်လို ရောင်ခြည်ထွက်ရတယ်ဆိုတာကိုလဲ သိလိုပါသည်ဘုရား။မြမြမြိုင်

Answered By - အရှင်ဃောသိတာဘိဝံသသာသနဓဇဓမ္မာစရိယ၊ ၀ိနယာနုဂ္ဂဟဓမ္မာစရိယ၊စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ၊ Date:10 Jan 2008၁။ ဗုဒ္ဓ၏နဖူးသင်းကျစ်တော်နဖူးသင်းကျစ်တော်ဆိုတာ လက္ခဏာတော်ကြီး သုံးဆဲ့နှစ်ပါးထဲက နဖူးတော်ဝယ် ပကတိ ပင်ကိုယ်ဖြင့်ပင် သင်းကျစ်ရွှေပြား တပ်စီထားသလို အသားလွှာ ပါရှိခြင်း လက္ခဏာတော်တစ်ပါးဖြစ်ပါတယ်။ ( ဒီဃနိကယ် မဟာဝဂ္ဂ မဟာပဒါနသုတ် ၁၆) (ပါထိက၀ဂ္ဂ လက္ခဏ သုတ် ၁၁၈) (မဇ္ဈိမနိကာယ်။မဇ္ဈိပဏ္ဏာသ ဗြဟ္မာယုသုတ် ၃၃၈)ကေစိ ရတနမတ္တာယာမံ စတုရင်္ဂုလ၀ိတ္ထကံ ကေသန္တပရိစ္ဆေဒံ ဒေဿတွာ မေဃမုခေ ၀ိဇ္ဇုလတာဝိယ နလာဋေ ဥဏ္ဏီသပဋ္ဋံ ဗန္ဓန္တိ။ တချို့ပုဂ္ဂိုလ်တွေက အလျားတစ်တောင် အနံလက်လေးဆစ်ရှိတဲ့ ဆံပင်ရဲ့ အစအဆုံးအပိုင်ကို ဖော်ပြပြီး မိုးတိမ်မျက်နှာ ပြင်၌ လျပ်စစ်နွယ်လို နဖူးပြင်မှာ သင်းကျစ်ပြားကို အလှဆင်ထားကြတယ်လို့ (မဇ္ဈိမသီလ၊ သီလက္ခန်အဋ္ဌကထာ၊ ၈၅) မှာ ဆိုထားတယ်။ ယခုခေတ် အမျိုးသမီးများ ဦးခေါင်းမှာ အလှဆင်ထားကြသလို ရှေးခေတ်အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် နဖူးပြင်မှာ သင်းကျစ်ပြားဖြင့် အလှဆင်လေ့ရှိကြတယ်။ ဒါကြောင့် သင်းကျစ်ဆိုတာ မျက်နှာမှာအလှဆင်ထားတဲ့ ဦးခေါင်းတန်ဆာတစ်မျိုး ဖြစ်တယ်။ ဘုရားရှင်မှာ ယင်းတန်ဆာကို ပင်ကိုယ် ဦးခေါင်းနဲ့ နဖူးပြင်မှာ မွေးကတည်းက ပါခဲ့တာပါ။ဥဏ္ဏီသသီသောတိ ဣဒံ ပရိပုဏ္ဏနလာဋတဉ္စေ၀ ပရိပုဏ္ဏသီသတဉ္စာတိ ဒွေ အတ္ထ၀သေ ပဋိစ္စ ၀ုတ္တံ။ တထာဂတဿ ဟိ ဒက္ခိဏ ကဏ္ဏစူဠိဂတော ပဋ္ဌာယ မံသပဋလံ ဥဋ္ဌဟိတွာ သကလံ နလာဋံ ဆာဒယမာနံ ပူရယမာနံ ဂန္တာ ၀ါမကဏ္ဏစူဠိကာယ ပတိဋ္ဌိတံ ရညော ဗဒ္ဓဥဏ္ဏီသပဋ္ဋောဝိယ ၀ိရောစတိ၊ ပစ္ဆိမဘ၀ိကဗောဓိသတ္တာနံ ကိရ ဣမံလက္ခဏံ ၀ိဒိတွာ ရာဇူနံ ဥဏ္ဏီသပဋ္ဋံ၊ အယံ တာဝ ဧကော အတ္ထော။ ဘုရားရှင်ရဲ့ ပြည့်နေသောနဖူးပြင် ပြည့်နေသောဦခေါင်းတော်ဟာ လူတွေ အလှဆင်ထားတဲ့ ဦးခေါင်းတန်ဆာ သင်းကျစ်တော်နဲ့တူလို့ သင်းကျစ်တော်လို့ ခေါ်ရတယ်။ ဒီသင်းကျစ်တော်ဟာ ဘုရားရှင်ရဲ့ လက်ယာဘက် အနားစွန်းမှ လက်ဝဲဘက် အနားစွန်းအထိ အသားလွှာဖြစ်ပြီး နဖူးပြင် တစ်ခုလုံး ဖုံးပြီး တည်ရှိနေတယ်။ ဘုရင်ရဲ့ ဦးခေါင်းမှာ ဆောင်းထားတဲ့ သင်းကျစ်ပြားလို တင့်တယ်လှပတယ်။ ဘုရားရှင်ရဲ့ သင်းကျစ်တော်လက္ခဏာကို အတုယူပြီး ရှေးကဘုရင်တွေဟာ သင်းကျစ်ပြားကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ (ဗြဟ္မာယုသုတ်၊မဇ္ဈိမနိကာယ၊မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၂၆၄) ဒီကျန်းဂန်အရဆိုရင် နဖူးသင်းကျစ်တော်ဟာ အသားလွှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ခန္ခာကိုယ်တော်ကို တေဇောဓာတ်လောင်ကျွမ်းတဲ့အခါ သင်းကျစ်တော်ဟာ မပျက်စီးပဲ ကျန်ရစ်ပါတယ်။ ဒါကြောင့် ကျမ်းဂန်အားလုံးနဲ့ ညီညွတ်အောင်ယူရမယ်ဆိုရင် နဖူးသင်းကျစ်တော်ဟာ အသားလွှာချည်း မဖြစ်နိုင်သလို အရိုးချည်းလည်း မဆိုနိုင်ပါဘူး။ အသားလွှာ အပါအ၀င် အရိုးတော်နဲ့ နဖူးပြင်တစ်ခုလုံးကို ဆိုနိုင်ပါတယ်။ ဘုရားအလောင်းတော်မြတ်ဟာ ရှေးဘ၀များစွာက ကာယသုစရိုက် ၀စီသုစရိုက်တွေ မနောသုစရိုက်တွေ ပြုလုပ်ခဲ့တယ်။ ရိုးရိုးသီလ ဥပုသ်သီလတွေ ဆောက် တည်ခဲ့တယ်။ အမိအို အဖအိုတွေကို ရှေ့ဆောင်ဦးစီးပြီးလုပ်ကျွေးခဲ့တယ်၊ အဲဒီကောင်းမှုတွေကြောင့် သုဂတိဘုံတွေမှာ သူတကာထက် သာလွန်တဲ့ စည်းစိမ်တွေ ခံစားပြီး နောက်ဆုံးလူ့ဘ၀ရောက်လာသောအခါ နဖူးသင်းကျစ်တော် ပါရှိခြင်း လက္ခဏာတော်ကို ရရှိပါတယ်။ ( ဇိနာလင်္ကရဋီကာ) သို့ကြောင့်မို့ နဖူးအပြင်မှာ အလှဆင်လိုသူများအတွက် ဖော်ပြပါ ကုသိုလ် များကို အသက်ထက်ဆုံး ပြုလုပ်သွားဖို့လိုပါတယ်။၂။ ရောင်ခြည်တော်လွှတ်မှုရောင်ခြည်တော်နဲ့ ပတ်သက်လို့ မိလိန္ဒမင်းက အရှင်နာဂသေနကို ''အရှင်ဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့ ဘုရားရှင်အားလုံးနဲ့ ရဟန္တာပုဂ္ဂိုလ် တို့ရဲ့ စေတီတော်များမှာ ရောင်ခြည်တော်စတဲ့ တန်ခိုးကို ဖူမြင်ရနိုင်ပါသလား၊ ဒါမှမဟုတ် ဘုရားရှင်တချို့နဲ့ ရဟန္တာပုဂ္ဂိုလ်တ ချို့ရဲ့ စေတီတော်များမှာသာ တန်ခိုးကို ဖူးမြင်နိုင်ပါသလား'' မေးလျောက်ထားပါတယ်။ အရှင်နာ၈သေနက ''မင်းကြီး ရဟန္တာ၊ နတ်၊ သဒ္ဓါတရားထက်သန်ပြီး အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ ဒီသုံးယောက်ထဲက တစ် ယောက်ယောက်ဟာ အဓိဋ္ဌာန်ပြုခြင်းကြောင့် စေတီတော်များမှ ရောင်ခြည်တော်စတဲ့ တန်ခိုးကို ဖူးမြင်နိုင်ပါတယ်''၁။ ရဟန္တာ အရှင်မြတ်တစ်ပါးဟာ ပရိနိဗ္ဗာန်မစံမှီကပင် သတ္တ၀ါတွေကို သနားကျင်နာတော်မူလို့ ''ဒီစေတီတော်မှ တန်ခိုးများ ထွက်ပေါ်ပါစေသတည်း''လို့ အဓိဋ္ဌာန်ပြုတော်မူပါတယ်။ အဲဒီလို အဓိဋ္ဌာန်ပြုတော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော်စတဲ့ တန်ခိုးများ ပေါ်ထွက်နိုင်ပါတယ်။၂။ သာသနာတော်ကို ကြည်ညိုလေးစားသော နတ်တို့ဟာ ''ဒီစေတီတော်မှ ရောင်ခြည်စတဲ့ တန်ခိုးတော်တွေ ဖူးမြင်ရရင် သာသနာတော်ကို ပိုပြီး ကြည်ညိုကြလိမ့်မယ်။ ကြည်ညိုကြပြီးသူတွေမှာ ပိုပြီး ကုသိုလ်တရားတွေ ပြုလုပ်ကြဖြစ်လိမ့်မယ်''လို့ ကောင်းတဲ့ စိတ်အလိုဆန္ဒဖြင့် တန်ခိုးပြတတ်ကြတယ်။ အဲဒီလို နတ်တွေရဲ့ တန်ခိုးကြောင့်လည်း စေတီတော်မှ တန်ခိုးများ ပေါ်ထွက်နိုင်ပါတယ်။၃။သဒ္ဓါတရားထက်သန်ပြီး အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ ပန်းသစ်သီးများ လ-ဘွယ်ပစ္စည်းများဖြင့် စေတီတော်ကို ပူ ဇော်ပြီး '' ဤစေတီတော်မှ တန်ခိုးတော်များ ပြပါစေသတည်း''လို့ အဓိဋ္ဌာန်တတ်ကြတယ်။ အဲဒီလို အဓိဋ္ဌာန်မှုကြောင့်လည်း စေတီတော်မှ တန်ခိုးပြတတ်တယ်လို့ မိလိန္ဒမင်းကို အမိန့်ရှိပါတယ်။(စေတိယပါဋိဟာရိယပဥှာ၊ မိလိန္ဒပဥှာ ၂၉၇) ထို့အပြင် ဘုရားရှင်ရဲ့ အဓိဋ္ဌာန်ချက်ကြောင့် မဟာဗောဓိပင်နှင့် အရိုးဓာတ်တော်များမှ ရောင်ခြည်တော်များ ထူးခြားစွာ ကွန့်မြူးကြောင်း သာသနာတော်ကွယ်သောအခါ ဓာတ်တော်အားလုံး စုပြီး ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်ကို ကြွရောက် တော်မူကာ ရောင်ခြည်တော်များ ကွန့်မြူးကြလိမ့်မည့်အကြောင်းမျသာ ကျမ်းဂန်၌ လာသည်။ (ရတနာ့ဂုဏ်ရည်၊၉) ဖော်ပြပါ အချက်အလက်တွေကို ကောက်ချက်ချကြည့်ရရင် မြတ်ဗုဒ္ဓနဲ့ ရဟန္တာအရှင်မြတ်များရဲ့ အဓိဋ္ဌာန်အထူးမရှိတဲ့ စေတီတော် ဆင်းတုတော်များမှ ရောင်ခြည်တော်များ ဖြစ်ပေါ်စရာ အကြောင်းမရှိနိုင်ပါ။ တကယ်လို့ ရောင်ခြည်တော်တွေ ဖူးမြင်ခဲ့ ရတာ မှန်ခဲ့ရင်လည်း သာသနာတော်ယုံကြည်တဲ့ နတ်တွေက ပြုလုပ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူပုဂ္ဂိုလ်များအနေဖြင့် ရတနာသုံးပါးကို တကယ်ယုံကြည်မှုလည်း ရှိပါမှ အမှားအမှန်ကို ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်မျိုးလည်း ရှိပါမှ၊ ဖြစ်နိုင်တာမို့ သာမန်လူတွေ အဓိဋ္ဌာန်ခြင်းကြောင့် ရောင်ခြည်တော်လွှတ်ဖို့ရာ အလွန်ခဲယဉ်းပါလိမ့်မယ်။၃။ စဉ်းစားစရာများယခုခေတ် တချို့ဗွီဒီယို ကင်မရာများဟာ အလင်းရောင်တစ်ခုခုကို နောက်ခံထား ရိုက်ခဲ့မိရင် အရောင်အမျိုး မျိုး ထွက်တတ်ကြောင်း သုတေသီတွေ လေ့လာတွေ့ရှိထားတယ်။ ဒါကြောင့် ဗွီဒီယိုကင်မရာထဲက အရောင်များဟာ ရောင်ခြည်တော်ဟုတ်၊ မဟုတ် ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားလေ့လာဖို့ လိုအပ်ပါတယ်။ အခုတလော အမေရိကမှာ ဆရာတော်တစ်ပါးရဲ့ ဘုန်းတန်ခိုးကြောင့် ဗွီဒီယိုကင်မရာထဲမှာ စေတီတော် ဗုဒ္ဓဆင်းတုတော်မှ ရောင်ခြည်တော် ထွက်တယ်လို့ သတင်းတွေ ဖြစ်နေပါတယ်။ ဒါဆိုရင်တော့ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတွေ ဖြည့်ကျင့်ပြီးမှ နောက်ဆုံးဘ၀မှတောင် ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာကျင့်ကာ နည်းမှန်လမ်းမှန် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တွေကို ကျင့်လို့ ဘုရားဖြစ်တော်မူပြီး ပရိနိဗ္ဗာန်စံတော်မူ သွားခဲ့တဲ့ ဘုရားရှင်ရဲ့ အရိုး”ဓာတ်တော်တွေ၊ ပိဋကတ်တော်တွေ၊ အသုံးအဆောင်တွေထဲက တစ်ခုခု ဌာပနာထားတဲ့ စေတီတော်များ၊ သက်တော်ထင်ရှားဘုရားကို ကိုယ်စားပြုထားတဲ့ ရုပ်ပွားဆင်းတုတော်များဟာ ထိုဆရာတော်လောက်ဘုန်းတန်ခိုးမရှိ၊ သီလသမာဓိပညာလည်း မရှိဘူးလို့ ဆိုလိုရာရောက်မသွားနိုင်ဘူးလား။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ထိုဆရာတော်ဟာ ဘုရားသားတော်မဟုတ်ဘဲ ဗုဒ္ဓတောင်မှ သူ့ကိုအမှီပြုပြီး ဘုရားဖြစ်ရမည့် အခြေ အနေမျိုးမို့ ဗုဒ္ဓဟာ အဲဒီဆရာတော်ရဲ့သားတော် သားတော်ဘုရားလို့ ပြောရလိမ့်မယ်ထင်ပါတယ်။ ယင်းဆရာတော်ဟာ တရားတော်တွေကို ကျင့်ကောင်း ကျင့်ခဲ့မှာပါ၊ ဒါပေမဲ့ သူကျင့်ခဲ့တဲ့တရားတွေဟာ ကိုယ်ပိုင်ဉာဏ်နဲ့ ကျင့်ခဲ့တာလား၊ အဲဒီလိုကျင့်စဉ်တွေကို ဘယ်က ရခဲ့ ပါသလဲ၊ အဲဒီကျင့်စဉ်တွေကြောင့် မကောင်းတဲ့စိတ်တွေ တကယ့်ကို ကုန်သွားပြီးလားဆိုတာ မေးခွန်း ထုတ်စရာပါ။ကိုယ်ပိုင်ဉာဏ်နဲ့ ကျင့်ကြံအားထုတ်လို့ ၀ါသနာနဲ့တကွ မကောင်းတဲ့စိတ်တွေ ကုန်သွားပြီး သဗ္ဗညုတဉာဏ်တော်ကိုပါ ရရှိ ခဲ့တဲ့ မြတ်ဗုဒ္ခကိုယ်စားပြု ဆင်းတုတော်ကို ရောင်ခြည်တွေထွက်အောင် လုပ်ပေးနိုင်တယ်လို့ ထင်နေရင်တော့ လောကမှာ သြချစရာ အာဂယောက်ျားပေပဲလို့ ဆိုပါရစေ၊ နောက်ပြီး ကိုယ့်မှာလုံးဝမရှိသေးတဲ့ သမာဓိ၊ ဈာန်အဘိညာဉ်၊ မဂ်ဖိုလ်တရားတွေကို အများအထင်ကြီး အောင် ဘုန်းကြီးအောင် ဆိုတဲ့စိတ်မျိုးနဲ့ ကိုယ်တိုင်တိုက်ရိုက်ဖြစ်ဖြစ် ကိုယ့်တပည့်တွေကို သွယ်ဝိုက်လို့ဖြစ်ဖြစ် ပြောခဲ့မယ် သတင်းတွေ ဖြန့်ခဲ့မယ်ဆိုရင် ရဟန်းဘ၀ပျက်စီးလောက်အောင် အပြစ်ကြီးကြောင်း ၀ိနည်းဥပဒေကို သတိပြုသင့်ပါတယ်။ ရောင်ခြည်တော်ဖြစ်ပေါ်လာမှု ရောင်ခြည်တော်ဆိုတာကတော့ ဗုဒ္ဓရဲ့ခန္ဓာကိုယ်၌တည်နေသော အဆင်းတော်နဲ့တူစွာပဲ ဗုဒ္ဓရဲ့စိတ်နှလုံးသားရဲ့ ကြည်လင်သန့် ရှင်းမှုတွေကြောင့် တန်ခိုးတော်အနန္တ၏ အစွမ်းဖြင့် အဆက်မပြတ်ဖြာထွက်လာတဲ့ အညိုရောင်၊ ရွှေဝါရောင်၊ အဖြူရောင်၊ အနီရောင်၊ (ခဲ၊ အနီ၊ အညိုအရောင်သုံးမျိုး ပေါင်းစပ်ထားသော) မောင်းသောအရောင်၊ ပြိုးပြိုးပြက်ပြက် တလက်လက်ထွက်နေသော အရောင်ဆိုတဲ့ ခြောက်ပါးသော အရောင်တွေပင် ဖြစ်ပါတယ်။

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 12 Jan 2008(၁) ဗုဒ္ဓနဖူးပေါ်က ထူးခြားတဲ့အရာဗုဒ္ဓနဖူးတော်မှာ ထူးခြားတဲ့အရာ နှစ်မျိုးရှိပေမဲ့ မေးခွန်းအရ 'သင်းကျစ်တော်' ဆိုတာနဲ့ ပတ်သက်လို့ပဲ ပြောပြပါမယ်။ ဗုဒ္ဓဟာ သာမန်လူသား မဟုတ်ပါဘူး။ မဟာပုရိသ (ထူးခြားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်) ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ခန္ဓာကိုယ်မှာ မဟာပုရိသတွေမှာပါတဲ့ လက္ခဏာတော်ကြီး ၃၂ မျိုး ပါရှိတယ်။ မဟာပဒါနသုတ် (ဒီ ၂၊ ၁၅)နှင့် လက္ခဏသုတ် (ဒီ ၃၊ ၁၃၇)တို့မှာ အသေးစိတ် ဖော်ပြပါတယ်။ ဒီအထဲက တစ်ခုက 'ဥဏှီသသီသော = သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏ (ဒီ-မြန် ၂၊ ၁၆)'တဲ့။ ၀ိသုဒ္ဓါရုံဆရာတော်က 'ဥဏှီသသီသော = 'မင်းများဆောင်းသည့် ဦးသျောင်သရဖူ ပုံတူအလား ဆံစနား၌ နမူးသင်းကျစ်ရိုးပြား ရှိတော်မူ၏ (၀ိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၄၅၅)'လို့ မြန်မှုပြုပါတယ်။ ပါရမီဖြည့်ရင်း ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့အခါ လူအများကို ဦးဆောင်ပြီး လုပ်ခဲ့လို့ အဲဒီ လက္ခဏာကို ရတာဖြစ်တယ်။ အဲဒီလက္ခဏာရှိလို့ နတ်လူဗြဟ္မာအများဟာ ဗုဒ္ဓကို အတုလိုက်ပြီး ကျင့်ကြံကြတယ်လို့ လက္ခဏသုတ်မှာ မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။'ဥဏှီသသီသော'ဆိုတာကို အဋ္ဌကထာမှာ အဓိပ္ပာယ်နှစ်မျိုး ပြပါတယ်။ 'နဖူးပြင် ပြည့်ဖြိုးခြင်းနှင့် ဦးခေါင်းပြည့်ဖြိုးခြင်းဟူသော အကြောင်းနှစ်မျိုးကြောင့် ဥဏှီသသီသဟု ဆိုခြင်းဖြစ်၏။ လက်ယာနားစွန်းမှ လက်ဝဲနားစွန်းထိ အသားပြား ထွက်၍ (မံသပဋလံ ဥဋ္ဌဟိတွာ) နဖူးပြင် တစ်ခုလုံး ဖုံးလွှမ်းသကဲ့သို့ တည်ရှိ၏။ ယင်းသည် ဘုရင်မင်းတို့ဆောင်းသော သင်းကျစ်ကဲ့သို့ တင့်တယ်၏။ မဟာပုရိသတို့၏ ဤလက္ခဏာကို အတုယူပြီး မင်းဆောင်းသင်းကျစ် ဖြစ်ပေါ်လာသတတ်။ အခြားအဓိပ္ပာယ်တစ်မျိုးမှာ လူအများစု၏ ဦးခေါင်းမှာ ညီညာပြည့်ဖြိုးခြင်း မရှိ။ မဟာပုရိသတို့၏ ဦးခေါင်းမှာမူ ဆောက်ဖြင့် ထွင်းထုထားသည့်အသွင် ရေပူဖောင်းအလား ပြည့်ဖြိုးညီညာ၏။ ပထမနည်းအရ သင်းကျစ် ဆောင်းထားသည်နှင့် တူသောကြောင့်၊ ဒုတိယနည်းအရ ရေပူဖောင်းကဲ့သို့ ၀ိုင်းဝန်းညီညာသောကြောင့် ဥဏှီသသီသ ဟုဆို၏' (ဒီ-ဋ္ဌ ၂၊ ၄၂)။မြတ်ဗုဒ္ဓကို မျက်တွေ့ မဖူးမြင်လိုက်ရတဲ့ ပန်းပုပညာရှင်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဥဏှီသသီသလက္ခဏာတော်ကို ပေါ်လွင်အောင် ထုလုပ်ရာမှာ ယူဆချက်တွေ ကွဲပြားခဲ့ကြတယ်။ သင်းကျစ်ပုံသဏ္ဌာန်လို လုံးဝန်းပြည်ဖြိုးခြင်း သို့မဟုတ် နဖူးပြင်အထက်ပိုင်းကို ဖုံးလွှမ်းထားတဲ့ ကြွက်သား (အရိုးပြား)လို့ ယူဆချက် နှစ်မျိုး။ ကနိသျကမင်း နန်းစံ သုံးနှစ်မြောက်မှာ ထုလုပ်တဲ့ နာမည်ကျော် ဗုဒ္ဓလောင်းလျာ ဆင်းတုမှာ နဖူးပြင် အနည်းငယ် မြင့်ရုံလောက်ပဲ။ ဒါပေမဲ့ ကုသျန်ခေတ် နှောင်းပိုင်း မထုရာမြို့က ပန်းပုပညာရှင်တွေကတော့ ဆံစကိုထိနေတဲ့ အရိုးပြားနဲ့ ဖုံးလွှမ်းထားတဲ့ နဖူးပြင်နဲ့ သရုပ်ဖော်ခဲ့ကြတယ် (Rays Davids, Dialogues of the Buddha, II, p. 16.) ။မြတ်ဗုဒ္ဓကို အစ္ဆရိယမနုဿ = အံ့ဖွယ်လူသားအနေနဲ့ နားလည်ပြီး ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများနိုင်ပါစေ။
(၂) စေတီမှ ရောင်ခြည်လွှတ်ခြင်းစေတီတော်ထဲမှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့ရဲ့ ဓာတ်တော်ကို ဌာပနာ (ထည့်သွင်း)ထားတာ သေချာရင် အဲဒီစေတီတော်က ရောင်ခြည်လွှတ် (တန်ခိုးပြ)ပါတယ်။ ဒါပေမဲ့ ရောင်ခြည်လွှတ် စေနိုင်တဲ့ အကြောင်းသုံးခုရှိတယ်။ ၁) ယခု အသက်ထင်ရှားရှိဆဲ ရဟန္တာပုဂ္ဂိုလ်က နတ်လူတို့ကို သနားသောအားဖြင့် 'ဤမည်သော စေတီမှာ ရောင်ခြည်လွှတ်ပါစေ'လို့ အဓိဋ္ဌာန်ပြုရင်၊ ၂) သမ္မာဒေ၀ နတ်တွေ လူအပေါင်းကို စောင့်ရှောင့်တဲ့အနေနဲ့ 'ဤတန်ခိုးပြာဋိဟာကြောင့် သာသနာတော် ကြီးပွားပါစေ၊ ကြည်ညိုသူ လူအပေါင်းတို့ ကုသိုလ်တရား တိုးပွားပါစေ'ဆိုပြီး အဓိဋ္ဌာန်ရင်၊ ၃) သီလသမာဓိ ပညာ စွမ်းရည်မြင့်တဲ့ မိန်းမ ယောက်ျား ရဟန်းရှင်လူတို့ စေတီကို ပန်းနံ့သာ စသည်နဲ့ ပူဇော်ပြီး 'စေတီတော် ရောင်ခြည်လွှတ်ပါစေ'လို့ အဓိဋ္ဌာန်ရင် စေတီတော် ရောင်ခြည်လွှတ်ပါတယ် (မိလိန္ဒ၊ ၂၉၇)။'ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့ များထွေ၊ ထူးထွေတည့် အံ့ရာသော်'ဆိုတဲ့ သီချင်းခန့်ကြီးဟာ ဘုရင်ကိုးကွယ်တဲ့ စွယ်တော်ကျောင်းက ဓာတ်တော်တွေ ရောင်ခြည်လွှတ်တာကို အကြောင်းပြုပြီး လူအများကြည်ညိုနိုင်အောင်လို့ မြ၀တီမင်းကြီး ဦးစ ရေးသီခဲ့တာ ဖြစ်ပါတယ်။

Questioned By - Soe Hlaing Date:7 Jan 2008ဆရာတော်အရှင်မြတ်များဘုရားတပည့်တော်လျှောက်ပါရစေဘုရား (၁) ဗုဒ္ဓဘာသာဘုန်းကြီးများက ဘာကြောင့် ဆံပင်ကို ကတုံးတုံးထားပါသလဲ ဘုရား။ (တပည့်တော် တကယ်မသိတာပါ။ အရှင်ဘုရားတို့အား ရွဲ့ပြောခြင်းမဟုတ်ပါ။ ခွင့်လွှတ်တော်မူပါရန်လျှောက်ထားပါသည် ဘုရား) (၂) ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကတုံးမတုံးပဲ ဆံထုံးထုံးထားပါသည်။ ဘုန်းကြီးများနှင့် (ဆံပင်/ကတုံး)အဘယ်ကြောင့်မတူတာလဲ ဘုရား။ (၃) ပဉ္စ၀ဂ္ဂီ ငါးပါးသည် ကတုံးနှင့် လား ဆံပင်နှင့်လား ဆိုတာသိချင်ပါသည် အရှင်ဘုရား။ အများအားဖြင့် ကတုံးပုံစံ ဖြင့်သာတွေ့ဘူးပါသည်။ (တပည့်တော်ရန်ကုန်သွားလည်ရင်း ဘုရားတစ်ခုဝင်ဖူးခဲ့ပါသည် (လိပ်ကန် ဘုရားထင်ပါသည်။ သိပ်မမှတ်မိတော့ပါ။)။ ဓမ္မစင်္ကြာတရားဦးပြောခန်းကို ရုပ်ကြွပုံစံပြုလုပ်ထားပါသည်။ ပဉ္စ၀ဂ္ဂီ ငါးပါးသည် ဆံပင်၊ ဆံထုံးပါးသိုင်းမွေး ပုံစံနှင့် ဖြစ်ပါသည်။ ဘာကွာခြားချက်များ ရှိလို့ပါလဲ အရှင်ဘုရား။) (၄) တပည့်တော်တို့ စာထဲမှာ သင်ရတဲ့မိဘမေတ္တာနှင့် နှိုင်းပြတဲ့ မြင့်မိုရ်တောင်သည် အဘယ့်အရပ်တွင် တည်ရှိပါလဲ အရှင်ဘုရား။ (၅) ဆွမ်းခံကြွလာသောဘုန်းကြီးတစ်ပါးအကြောင်းပါဘုရား။ ဘုန်းကြီးတစ်ပါးသည် အလုပ် သို့ ဆွမ်းခံကြွလာပါသည်။ နေ့တိုင်းဆွမ်းခံကြွလာပါသည်။ တပည့်တော်က အလုပ်လုပ်နေတာပါဘုရား။ အရှေ့အခန်းက နေ ဆွမ်းခံကြွလာတဲ့ဘုန်းကြီးလာရင် အနောက်ခန်းကို ပြေးပြေးပြီးဆွမ်းခံကြွလာတယ်လို့ အကြောင်းကြားရပါတယ်ဘုရား။ တခါတလေ ဆွမ်းခံကြွလာတဲ့ဘုန်းကြီးတစ်ပါးသည် တပည့်တော်နောက်ခန်းသို့သွားပြောနေတုန်း၊ အရှေ့ခန်းပြန်လာတော့ ဘုန်းကြီးက ပြန်တော့မလို့ထသွားပြီ။ တခါတလေ ဘယ်အချိန်ထသွားမှန်းမသိလိုက်ဘူး။ပျောက်သွားတယ်။ ကြုံတုန်းမေးကြည့်တော့ မစောင့်နိုင်ဘူး။ ကြာတယ် အချိန်နဲ့ အလုပ်လုပ်နေရတာလို့ ပြောပါတယ်။ တပည့်တော်စိတ်ထဲမှာတော့ တစ်မျိုးကြီးဖြစ်သွားတယ်။ ဘုန်းကြီးအကြောင်းတစ်ခြားတစ်ယောက်ကိုပြောပြရင် ငရဲကြီးပါသလားဘုရား။ ယုံတော့ ယုံကြည်ပါတယ်။ ဒါပေမယ့်ဘယ်လိုလဲမသိဘူး။ နေ့တိုင်းလိုလိုဖြစ်နေတယ်။ အရှေ့ခန်းမှာနေပြီးဆွမ်းလောင်းရင် တစ်နေကုန်လောင်းရမှာပါဘုရား။ ဘုန်းကြီးတွေ ကိုရင်တွေအများကြီးကြွပါတယ်။ တပည့်တော်တို့က စာသင်တဲ့အလုပ်လုပ်ပါတယ်။ စာသင်ပျက်တာပေါ့အရင်ဘုရားဒါပေမယ့် မတတ်နိုင်ပါဘူး ဘုရား။ သိရက် သားနဲ့ဆွမ်းခံကြွလာတယ်လို့သွားမပြောရင် တပည့်တော် တပည့်တော်ငရဲကြီးမှာကြောက်ပါတယ်ဘုရား။ အချင်းချင်း ဘုန်းကြီး အကြောင်းပြောမိရင် ငရဲကြီးမှာလဲ ကြောက်၊ ပြောမိရင်လည်းကန်တော့ပါသေးရဲ့လို့ အချင်းချင်း စိတ်မလုံမလဲငရဲကြီးမှာလည်း ကြောက်၊ ပြောလဲ ပြောမိသွားတယ်။ အဲလိုဖြစ်တာကြောင့် စိတ်မသန့်ပါဘူး။ ဘယ်လို စိတ်မျိုးထားပြီး။ ဘယ်လိုလုပ်ရမလဲဆိုတာကို တပည့်တော် အား အွန်လိုင်းပေါ်မှ ဆရာတော်များ ဆုံးမတော်မူပါ အရှင်ဘုရား။ဘာမှသိပ်မသိသေးတဲ့ တပည့်တော်စိုင်းစိုးလှိုင် ကျိုင်းတုံမြို့ ။

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 9 Jan 2008(၁) ရဟန်းများ ဆံပင်ရိတ်ခြင်းဗုဒ္ဓမပွင့်မီကပင် စိတ်ပိုင်းဘ၀ ဖြူစင်မှုနဲ့ မောက္ခ (လွတ်မြောက်မှု)ကိုရဖို့ ပညာတတ်လူတန်းစားအချို့ဟာ ဆံမုတ်ဆိတ်ကို ပယ်၊ ဖန်ရည်ဆိုးအ၀တ်ကို ၀တ်၊ လူ့ဘောင်ကို စွန့် (တောထွက်) လေ့ရှိကြပါတယ် (ကေသမဿုံ သြဟာရိတွာ ကာသာယာနိ ၀တ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ အဇ္ဈာဝသတိ)။ ဒါကြောင့် ဗုဒ္ဓသာသနာ အစပိုင်းမှာ မြတ်ဗုဒ္ဓနဲ့တွေ့လို့ ရဟန်းပြုကြသူတွေထဲမှာ ရင့်ကျက်ပြီးသူတွေဟာ ရဟန်းအသွင်မျိုး ရှိပြီးဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဖြစ်ပြီးနောက် ဒုတိယနှစ် နှစ်ဆယ်အတွင်းနဲ့ အဲဒီနောက်ပိုင်း ဗုဒ္ဓထံမှာ မရင့်ကျက်ဘဲ ရဟန်းပြုလာကြတဲ့ ဆဗ္ဗဂ္ဂီအုပ်စုဝင် ရဟန်းတွေဟာ ဆံပင်ရှည်ထားလို့ လူအများက 'ကာမသုံးဆောင် လူ့ဘောင်က တို့တွေလိုပါပဲလား'လို့ ကဲ့ရဲ့ကြတဲ့ အခါ ဗုဒ္ဓက 'ရဟန်းတို့၊ (ကာလအားဖြင့်) နှစ်လရှိသော ဆံပင်၊ (ပမာဏအားဖြင့်) လက်နှစ်သစ်ရှိသော ဆံပင်ကို ခွင့်ပြု၏' (၀ိ ၄၊ ၂၄၀)လို့ မိန့်ပါတယ်။ ဒါကြောင့် ရဟန်းတွေ ဆံပင်ကို ရိတ်ဖြတ်ကြရတာပါ။ ယခုခေတ် မြန်မာရဟန်း အများစုကတော့ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်ပတ်တစ်ကြိမ် ဆံပင်ရိတ်ကြပါတယ်။
(၂) ဗုဒ္ဓဆံပင်ပုံစံ ကျမ်းညှိခြင်း'ပညာမာန် တက်နေတဲ့ သိင်္ဂါရ၀ပုဏ္ဏားငယ် (မ ၂၊ ၄၂၄)၊ မီးကို ကိုးကွယ်သူ အဂ္ဂိဘာရာဒွါဇ (သုတ္တနိ၊ ၂၉၇) တို့က မြတ်ဗုဒ္ဓကို 'မုဏ္ဍက (ဦးပြည်းကတုံးစုတ်)'လို့ နှိမ့်ချပြီး ခေါ်ဖူးတယ်။ 'ထိုငါသည် မိဘများ မလိုလား၍ ငိုကြွေးကြစဉ် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီး ဖန်ရည်ဆိုး အ၀တ်ကို ၀တ်၍ ရဟန်းပြုခဲ့၏'လို့ ဗုဒ္ဓရဲ့ နှုတ်တော်မှ နိဂဏ္ဌတက္က တွန်း၏သား သစ္စက (မ ၁၊ ၂၀၁)၊ သိင်္ဂါရ၀ ပုဏ္ဏားငယ် (မ ၂၊ ၄၂၄) စတဲ့ ပုဂ္ဂိုလ်တွေကို မိန့်တော်မူဖူးပါတယ်။ ဒါကတော့ မူရင်းပါဠိတော်တွေမှာပါတဲ့ ဗုဒ္ဓဆံတော်နဲ့ ပတ်သက်တဲ့ အတွေးအမြင်ကို ခန့်မှန်းကြည့်ဖို့ပါ။ ဒီစာအရ ဗုဒ္ဓဘုရားဟာ ဆံပင်ကို ရိတ်ပယ်ထားတယ်ဆိုတာလောက်ပဲ သိရတယ်။ '(မင်းသားသိဒ္ဓတ္ထသည်) သန်လျက်ကို ထုတ်ပြီး လက်ယာလက်ဖြင့် သန်လျက်ကို ကိုင်လျက် လက်ဝဲလက်ဖြင့် သရဖူနှင့်တကွ ကျစ်ထားသည့်ဆံကို ဖြတ်၏။ ဆံတော်သည် လက်နှစ်သစ်မျလောက်သာ အရှည်ကျန်ပြီး ညာဖက်သို့ ရစ်ခွေလျက် ဦးခေါင်းပေါ်၌ ပတ်ခွေ၍ တည်နေ၏။ ဆံပင်များသည် အသက်ထက်ဆုံး ထိုထက် ပိုမရှည်တော့ဘဲ မုတ် ဆိတ်မွှေးများလည်း အနေတော်မျသာ ကျန်၏။ နောက်ထပ် ဆံမုတ်ဆိတ်ကို ရိတ်ခြင်းကိစ္စ မရှိတော့ချေ' (ဇာ-ဋ္ဌ ၁၊ ၇၄)။ လလိတ၀ိတ္ထာရ (အင်္ဂလိပ်၊ ပြန်၊ စာ -၂၁၂)နဲ့ မဟာဝတ္ထု (အင်္ဂလိပ်၊ ပြန် ၂၊ စာ- ၅၆)ကျမ်း (သက္ကတ)တွေမှာလဲ ဆံတော်ကို ဓားနဲ့ ဖြတ်ပြီး ကျန်တဲ့ဆံတော်တွေက ခေါင်းပေါ်မှာ အမြဲတမ်းရှိနေတယ်လို့ ဖော်ပြပါတယ်။ ဆန်ချီစေတီ တောင်ဖက်ဂိတ် ကျောက်တိုင်က ဆံတော်ပယ် ရုပ်ကြွ (ဘီစီ ၅၀)မှာလဲ ဆံတော်ကို ဓားနဲ့ဖြတ်ပြီး တစ်ဝက် ကျန်နေတဲ့ ပုံကို တွေ့ရပါတယ် (A Giude to Sanchi, Sir John Marshall, p. 51)။ ဒါတွေအရဆိုရင် ဗုဒ္ဓရဲ့ ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ လက်နှစ်သစ်လောက် ဆံပင်ရှည် ရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဗုဒ္ဓဆင်းတုပုံစံ နှစ်မျိုးဗုဒ္ဓ၀ါဒကျမ်းစာတွေကို အခြေခံ၍ပင် ဗုဒ္ဓဆံတော်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ကောက်ယူမှု နှစ်မျိုးဖြစ်သွားပုံရတယ်။ ၁) ရှေးအကျဆုံး ပါဠိတော်ကျမ်းတွေအရ ဗုဒ္ဓဟာ ဆံတော်ကို ရိတ်ပယ်ထားတယ် (ဦးခေါင်းမှာ ဆံပင်ရှည်ရှည်မရှိ)။ ၂) လလိတ၀ိတ္ထာရ၊ မဟာဝတ္ထုနှင့် ဇာတကအဋ္ဌကထာနိဒါန်းတို့အရ ရစ်ခွေနေတဲ့ ဆံပင်ရှည်ရှိတယ်။ ပန်းပုပညာ ထွန်း ကားလာတဲ့ နှောင်းခေတ်မှာ အိန္ဒိယနိုင်ငံ မထုရာမြို့က ပန်းပုပညာရှင်တွေဟာ အဲဒီ အစဉ်အလာနှစ်မျိုးနှင့်အညီ အပြိုင်အဆိုင် ဗုဒ္ဓဆင်းတုတွေ ထုပ်လုပ်ကြတယ်လို့ ဆိုပါတယ်။ ပထမအစဉ်အလာကို လိုက်နာတဲ့ ဆံထုံးမပါတဲ့ ဗုဒ္ဓဆင်းတုတွေကို မထုရာ (Mathura)၊ မန်ကောရာ (Mankuar)နှင့် မိဂဒါဝုန် (Sarnath) တို့မှာ တွေ့ရတယ်။ ယနေ့ခေတ်မှာတော့ ဒုတိယအစဉ်အလာကို လိုက်နာတဲ့ ရစ်ခွေနေတဲ့ ဆံပင်ပုံစံနဲ့ ဆင်းတုတော်တွေက လွှမ်းမိုးသွားပုံရပါတယ်။
(၃) ပဉ္စ၀ဂ္ဂီငါးဦးလဲ ဗုဒ္ဓမပွင့်မီက မောက္ခကို ရှာမှီးကြတဲ့ ရင့်ကျက် ပညာတတ်အုပ်စုဝင် ပုဂ္ဂိုလ်များဖြစ်လို့ အနီးစပ်ဆုံး ဆံမုတ်ဆိတ်ကို ရိတ်ပယ်ထားပြီး အ၀ါရောင် ဖန်ရည် ဆိုးအ၀တ်ကို ၀တ်ထားတဲ့ ရသေ့ရဟန်းအသွင်မျိုးပဲ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ ဆံပင်တစ်ထွာ တစ်တောင်လောက်နဲ့ မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ဓမ္မစကြာတရားဦး နာယူ နေတဲ့ ပုံစံမျိုးတော့ မတွေးရဲဘူး (ပုဂ္ဂိုလ်ရေးအမြင်ပါ)။ ဗုဒ္ဓခေတ် တောထွက်တဲ့ ရသေ့ရဟန်းအချို့ရဲ့ အသုံးအဆောင် (ပရိက္ခရာ)ထဲမှာ ဆံပင်ကိုပါ ရိတ်ဖြတ်နိုင်တဲ့ ဓာသေးသေး တစ်ချောင်း ပါလေ့ရှိတာကိုလဲ သတိပြုသင့်ပါတယ်။ (၄) မြင့်မိုရ်တောင် အကြောင်းကို စက်တင်ဘာ ၂ ရက်၊ ၂၀၀၇ နေ့ Burmese Classic မေးခွန်းရဲ့ အဖြေနဲ့ လုံလောက်ပါတယ်။
(၅) ရဟန်းတစ်ပါးဟာ နှုတ်ထွက်ကြမ်း၊ အနေအထိုင် မသပ်ရပ်ပေမဲ့ တစ်ခါတစ်ရံ ကောင်းကောင်းမွန်မွန် စာပေပရိယတ္တိ သင်ကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတတ်တယ်။ တကယ် ယုံကြည်တယ်၊ ငရဲကြီးမှာလဲ ကြောက်တယ်ဆိုရင် အသင့်နှလုံးသွင်း (positive thinking)မျိုး ထားသင့်ပါတယ်။ ရဟန်းသံဃာ အများစုဟာ သာမန်ပုထုဇဉ်မျသာဖြစ်လို့ ပုထုဇဉ် အငွေ့အသက် တွေ့မြင်ရတာဟာ မဆန်းပါဘူး။ ၀ါသနာဗီဇကို ဘုရားကလွဲလို့ ရဟန္တာကြီးတွေတောင် မပယ်နိုင်ဘူး။ ဒါကြောင့် မိမိမကြည်ညိုရင် ငြိမ်ငြိမ်သာနေပါ။ သီလ သိက္ခာ ကျိုးပေါက်တာ မသေချာဘဲနဲ့ အဲဒီဘုန်းကြီးအကြောင်းကို ပြောပြီး အကြည်ညိုပျက်အောင်လဲ သူများကို မဆွယ်ပါနဲ့။ စိတ်ထဲက ဒေါသငွေ့လေးတွေ နှုတ်ပေါ်ရောက်လာ ရာကနေ နီးရာလူတွေကို ရဟန်းတော်ဖက် မေးငေါ့ပြီး 'ကြည့် ... ကြည့်'လို့ ပြောဆိုဆဲမှာ ကုသိုလ်စိတ်တွေ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။

Questioned By - Aung Oway Date:7 Jan 2008လျောက်ထားလိုပါသည်မင်းကျင့်တရားဆယ်ပါးလို့ ကြားဘူးပါသည်။ အဲဒီဆယ်ပါးကို အကျဉ်းမျ သိလိုပါသည်။ ယနေ့ခေတ်မှာ အဲဒီ မင်းကျင့်တရား ဆယ်ပါးကို ဘယ်သူတွေ ဘယ်လို လိုက်နာရပါမည်နည်း။ ဘယ်လိုဖြစ်လျင် မင်းကျင့်တရား ကျိုးပေါက်ပါသနည်း။ ကျိုးပေါက်လျင် ပြည်သူက မည်သို့ တုံ့ပြန်ရပါသနည်း။ ဆရာတော်တို့၏ အတွေး အမြင်ကို သိပါရစေ ဘုရား။ရိုသေလျက်

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 8 Jan 2008မင်းဆိုတာလောကံ ရဉ္ဇေတီတိ ရာဇာ (ဒီ-ဋ္ဌ ၃၊ ၁၈၀)အရ လူထုကို နှစ်သက်အောင် လုပ်ပေးတတ်လို့ ရာဇခေါ်ပါတယ်။ ရာဇဆိုတဲ့ ပါဠိကို 'မင်း'လို့ မြန်မာမှု ပြုပါတယ်။ အုပ်ချုပ်သူ သို့မဟုတ် အစိုးရလို့ ခေတ်နဲ့အညီ အဓိပ္ပာယ် ပြန်ယူနိုင်ပါတယ်။ အုပ်ချုပ်သူတို့ လိုက်နာရမဲ့ ကျင့်စဉ်ဆယ်မျိုးကို 'ပေးကမ်း၊ ကိုယ်ကျင့်၊ စွန့်ကြဲ၊ ဖြောင့်မတ်၊ နူးညံ့၊ စိတ်လေ့ ကျင့်၊ ဒေါသနည်း၊ မñှဉ်းဆဲ၊ သည်းခံ၊ မဆန့်ကျင်' လို့ အတိုကောက် မှတ်နိုင်ပါတယ်။
ပေးကမ်းအစိုးရဟာ လခစားတွေကို လစာငွေ လုံလောက်အောင် ပေးရမယ်။ လုပ်အားနှင့် လစာငွေ မျအောင် ဖန်တီးပေးရမယ်။ လစာငွေ တိုးပေမဲ့ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်နေရင် ကိုယ့်တိုင်းပြည်ရဲ့ ပကတိအခြေအနေကို နားလည်ပြီး လူထုချမ်းသာအောင် အမြန်ဆုံး ဖြေရှင်းပေးရမယ်။ အဲဒီလို ဖြေရှင်းဖို့ မမှန်ကန်တဲ့ နိုင်ငံရေး စီးပွားရေး စနစ်ဆိုးတွေ အကျင့်ဆိုးတွေကို ပြုပြင်ပြောင်းလဲပစ်ရမယ်။ အစိုးရ ဆေးရုံဆေးခန်းတွေမှာ ဆေးမရှိ။ စာသင်ကျောင်းတွေမှာ ဖတ်စာအုပ်တွေ မလုံလောက်လို့ မှောင်ခိုဈေးက ၀ယ်ရတယ်ဆိုရင် နံပါတ်တစ် မင်းကျင့်တရား ပျက်တာပဲ။
ကိုယ်ကျင့်'ရိုးသား ကြိုးစား လုပ်အားဖြင့် နိုင်ငံတည်'တဲ့။ စာသားလေး သိပ်လှတာပဲ။ အာဏာမြဲနေတုန်းမှာ လာဘ်စားတာကို အချင်းချင်းသိနေပေမဲ့ ကိုယ်လဲ ထူးမခြားနားပေမို့ ရေငုံ နှုတ်ပိတ် မှိန်းလိုက်နေရင် အာဏာကျပြီဆိုမှ မဟာလာဘ်စားမှုကြီး ပေါ်တတ်တယ်။ သာမန် လခစားတွေ ဘယ်လိုမှ ရိုးရိုးသားသား မရပ်တည်နိုင်လို့ ဘယ်ရုံးကိုပဲ သွားသွား ဘာပဲလုပ်လုပ် လဘက်ရည်ဖိုး နင့်နေအောင် ပေးရတယ်ဆိုရင်၊ အလုပ်ရှာကတည်းက လာဘ်ရွှင်တဲ့နေရာကိုပဲ ရွေးရှာတယ်ဆိုရင် မရိုးသားလို့ နိုင်ငံမတည်နိုင်ပါဘူး။ အဲဒီလို လူထု ကိုယ်ကျင့်တရားပျက်ပြီး တိုင်ပြည်ခြစားတာဟာ နံပါတ်နှစ် မင်းကျင့် ဆိတ်သုံးလို့ပဲ။
စွန့်ကြဲအုပ်ချုပ်သူတွေဟာ ကိုယ်ပိုင်တဲ့ပစ္စည်းကို လူထုကို ဝေငှပေးခြင်းလို့ အဓိပ္ပာယ်ရတယ်။ အိတ်ထဲက တစ်ပြားမှမစိုက်ဘဲ ဘုန်းကြီးကျောင်းတွေသွားပြီး ဆန်ဘယ်နှစ်အိတ်၊ ငရုတ် သီး ဘယ်နှစ်တောင်း၊ ဆားဘယ်နှစ်ဘူး လှူပါကြောင်းနဲ့ 'သူကြီးဘုရား ရွာသားကောင်းမှု' မလုပ်ရဘူး။ လူထုဆီက လှူချင်ချင် မလှူချင်ချင် အယူဝါဒတူတူ မတူတူ အတင်း ကောက်ပြီး လှူတာမျိုး မဖြစ်ရဘူး။ ရဟန်းရှင်လူ သက်သာချေင်ချိရေးအတွက် ဘယ်အမတ်ကြီးက သိန်းပေါင်း ဘယ်လောက် ရန်ပုံငွေလှူတယ်ဆိုရင် နတ်လူသာဓု ခေါ်မှာပေါ့။ အာဏာမြဲချင်လို့ လူထုဆီက အတင်းအဓမ္မကောက်ခံပြီး လှူလို့ ကုသိုလ်မရပါဘူး။ စွန့်ကြဲခြင်းဆိုတဲ့ မင်းကျင့်တရားနဲ့ ဝေးပါသေးတယ်။
ဖြောင့်မတ်ဖြောင့်မတ်ဆိုတာ မကောက်ကျစ်ဘူး။ မင်းမှာသစ္စာ လူမှာကတိတဲ့။ အုပ်ချုပ်သူဟာာ ပေးထားတဲ့ ကတိအတိုင်းလုပ်မှ လူထုက ယုံကြည်တယ်။ အာဏာ တည်မြဲရေးအတွက် ပုဏ္ဏားညို ပုဏ္ဏားဝါတွေ မြှောက်ပင့်တိုင်း လိမ်တာ ၀ါဒဖြန့်တာမျိုး မလုပ်ရဘူး။ ၀ယ်ပေးမယ်လို့ မိဘလုပ်သူက ကတိပေးထားပါလျက် သုံးလေးနှစ်သား ကလေးဆိုပြီး ကတိအတိုင်းမလုပ်ရင် ဒီမိဘကို ဒီကလေး မယုံတော့ဘူး။ မိဘကိုမယုံရင် တစ်ခြားလူ ပြောတာကို ယုံသွားမှာပေါ့။ ဒါဆိုရင် သားသမီးရော မိဘပါ နစ်နာတာပဲ။
နူးညံ့နူးညံ့ဆိုတာ သိမ်မွေ့ အဓိပ္ပာယ်ပါ။ မာန်မာန အငြိုးအတေးအရင်းခံနဲ့ မလုပ်ဘူး။ အတွေးအမြင် ခံယူချက်မတူတဲ့လူတွေ စုပေါင်းပြီး ပြဿနာကို စာပွဲပေါ်မှာ ဖြေရှင်းတယ်။ မိမိ တို့တိုင်းပြည် တိုးတက်ရေးဆိုတဲ့ တူညီတဲ့ ဦးတည်ချက်နဲ့ အတွေးအမြင် မတူညီတဲ့လူတွေ စုပေါင်း ပါဝင်လာနိုင်အောင်လဲ ဆောင်ရွက်တယ်။ ဒါဟာ သိမ်မွေ့နူးသညံ့ခြင်းရဲ့ သင်္ကေတပေါ့။ တစ်ဖက်သားကို လုံးဝ ပြောဆိုခွင့်မပေးဘဲ လမ်းဘေးက အမှိုက်သရိုက်ပါဆိုပြီး မျက်လုံးမှိတ် 'ဟောင်'နေရင် နောက်ဆုံး ကိုယ်ပဲ 'အဲဒါ' ဖြစ်သွားတတ်တယ်။
စိတ်လေ့ကျင့်စိတ်ဓာတ်ရေးရာ ခွန်အားရှိအောင်လို့ စိတ်ကို လေ့ကျင့်ပေးတာ။ ၀န်ကြီးချုပ်ဟောင်း ဦးနု ပြောတာရှိတယ်။ သူဟာ ပြဿနာသောင်းခြောက်ထောင်ကို တစ်နေကုန် ဖြေရှင်း ရပြီးနောက် ညနေပိုင်းမှာ ဦးနှောက်ခြောက် စိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ချင်တော့ဘူးတဲ့။ အဲဒီအခါမျိုးမှာ ညစာစားပြီးတဲ့နောက် ခဏအနားယူပြီး အဓိဋ္ဌာန် ပုတီးစိတ် လိုက်ရင် တိုင်ခြေရောက်နေတဲ့ စိတ်ဓာတ်ဟာ တိုင်ထိပ်ပေါ် ပြန်ရောက်သွားပြီး အကြံဉာဏ်ကောင်းတွေ ရလာသတဲ့။ ဒါပေမဲ့ ယတြာအတွက် ပိတ်ဖြူ ပိတ်နက်တွေကို ပခုံးမှာ လွယ်ပြတာမျိုးတော့ မဖြစ်သင့်ဘူး။
ဒေါသနည်း'ဓားကိုဓားချင်း လှံကိုလှံချင်းပဲ'ဆိုတဲ့ ကမူးရှူးထိုး နွားသိုးစိတ်ဓာတ်မျိုး မရှိရဘူး။ 'ကဏန်း ပုတ်သင်၊ ကိုင်းပင် နွားသိုး၊ လိပ်မျိုး ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်'တဲ့။ ရှေ့ကိုလဲမတက် နောက်ကလဲမလိုက်ရင် ကဏန်းလိုလူပဲ။ အထက်ကလူ မငြိုငြင်ရင်ပြီးရော 'ဟုတ်၊ ဟုတ်'နဲ့ ပြောတိုင်း ခေါင်းညိတ်ရင် ပုတ်သင်။ ဟိုလူပြော ဟုတ်နိုးနိုး ဒီလူပြော ဟုတ်နိုးနိုး၊ အခွင့်အရေးမျော်ပြီး ဟိုပူး ဒီကပ်ဆိုရင် ကိုင်းပင်။ လိပ်က အထက်ကလူအကြိုက် မျောလိုက်နေပြီး အခွင့်အရေး ပေါ်လာရင် မလွတ်တမ်း 'ဗပ်ခနဲ' ဟပ်ယူတတ်တဲ့ လူမျိုး။ ရှေ့ထွက် 'ဟောင်'ပြီး ချုံထဲ ပြေးဝင်ရင် ခွေးအမျိုး။ ဒီလူခြောက်မျိုးဟာ အုပ်ချုပ်သူ မဖြစ်ထိုက်ဘူးတဲ့။
ညှဉ်းဆဲအုပ်ချုပ်ခံ လူထုကို မနှိပ်စက်ရဘူး။ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးရမယ်တဲ့။ စီးပွားရေး ကျပ်တည်းအောင် ဖန်တီးပြီး တိုင်းပြည်မှာ လူတွေ မနေနိုင်အောင် မနေချင်အောင်လုပ်ရင် နှိပ်စက်တာပဲ။ အဓမ္မလုပ်အားပေး ခေါ်တာမျိုး။ အမျိုးမျိုး အကြောင်းပြပြီး လူထုဆီက ငွေကောက်ခံတာမျိုး။ ဘိုးဘွားပိုင် ခြံမြေတွေကို ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ သိမ်းပိုက်တာမျိုး။ မိမိဆန္ဒမပါဘဲ လူစုလူဝေးကို အတင်းအကြပ် လာခိုင်းတာမျိုး။ လိုရင်းက ကိုယ်ရောစိတ်ပါ ဆင်းရဲအောင် လုပ်တာ။
သည်းခံမိဘများလိုပဲ အုပ်ချုပ်ခံများအပေါ် သည်းခံခွင့်လွှတ်ရသတဲ့။ မိဘဆိုတာ မိမိစကားကို နားမထောင်ဘဲ ပုန်ကန်တဲ့ သားသမီးများကိုလဲ အပြစ်မယူဘူး။ အချိန်တန်ရင် သနား သည်းခံ ခွင့်လွှတ်တာပဲ။ အုပ်ချုပ်သူတွေဟာ မိမိကို မကြိုက်လို့ ဆန့်ကျင်သူတွေကို မတန်တဲ့ အပြစ်ကို မပေးရဘူး။ စုတ်ချာတဲ့မူဝါဒကို ဝေဖန်လို့ စာရေးဆရာ စာမရေးရ၊ အနုပညာသည် အနုပညာအလုပ်ကို မလုပ်ရ၊ ဆရာဝန် ဆေးမကုရ၊ ဘုန်းကြီးတွေ ဆွမ်ခံမထွက်ရ မြို့ကို မလာရ ဆိုရင် 'နှလုံးစိတ်ဝမ်း မကြီး'ဘူးပေါ့။
မဆန့်ကျင်လူထုဆန္ဒကို မဆန့်ကျင်တာ။ အုပ်ချုပ်သူ အစိုးရဟာ လူထုအများစုရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပဲ။ ပါဠိဝေါဟာရ 'အ၀ိရောဓန' မြန်မာလို 'မဆန့်ကျင်'ဆိုတာ ဒီမိုကရေစီပဲ။ လူထုက ခင်ဗျားတို့ကို မကြိုက်ပါဘူးလို့ မိမိတို့ရဲ့ဆန္ဒကို ထုတ်ဖော်ရင် အာဏာကို လူထုကိုပြန်ပေးရတယ်။ နေရာ ဖယ်ပေးရတယ်။ မဖယ်ပေးရင် လူထုပိုင်တဲ့ပစ္စည်းကို မတရား ရယူတာဖြစ်လို့ 'အာဏာသူခိုး' ဖြစ်သွားပြီ။ သူခိုးဆိုတာ နိုင်ရာကို ñှဉ်းတတ်တဲ့ ရိုင်းစိုင်းရက်စက်တဲ့ တောရိုင်းတိရစ္ဆာန်တွေလို တောနက်ကြီးဥပဒေနဲ့ လုပ်လေ့ရှိတယ်။ ဥပဒေမဲ့ အာဏာရလာတဲ့လူတွေ အုပ်ချုပ်တဲ့နိုင်ငံမှာ အများဆန္ဒနဲ့ ဥပဒေစိုးမိုးရေးဆိုတာ မဖြစ်နိုင်ဘူး။အုပ်ချုပ်သူအစိုးရဟာ အဲဒီ ဆယ်မျိုးထဲက တစ်မျိုးလေးလောက်ကို ကျင့်နိုင်ရင်ကို လူထုက နားလည်မှုနဲ့ တုံ့ ပြန်ပေးနိုင်ကောင်းပါရဲ့။

Questioned By - Maung Wayazein < wayazein108@gmail.com> Date:5 Jan 2008လျောက်ထားလိုပါသည်ဘုရားတပည့်တော် ဘာသာရေးစာစောင် မဂ္ဂဇင်းတွေကို ဖတ်ယင်း 'တက္ကသိုလ်'ဟူသော ဝေါဟာရကို သတိပြုမိပါသည်။ ဇာတ်တော် နိပါတ်တော်လာ ၀တ္ထုကြောင်း တွေမှာလည်း မင်းသားတွေ သူဌေးသားတွေ တက္က သိုလ်ကို ပညာသင်သွားကြပုံ၊ တော်တဲ့ ကျောင်းသားတွေ တကသိုလ်က ပါမောက္ခ ချုပ်ရဲ့ သမီးချောနှင့် အိမ်ထောင်ပြုပြီး ပြည်တော်ပြန်ပုံစတဲ့ ဖော်ပြချက်တွေကို ဖတ် ရှုရပါသည်။ အဲဒီတက္ကသိုလ်ဆိုတာ ဘယ်လောက် ကြီးကျယ်ပြီး ဘယ်ခေတ်တုန်းက ဘယ်မြို့မှာ ရှိခဲ့သည်ဆိုတာကို သိလိုပါသည်ဘုရား။ အရှေ့တိုင်းမှာ တချိန်တခါတုန်းက အဲဒီလောက် ကြီးကျယ်တဲ့ တက္က သိုလ်တွေ ရှိခဲ့တယ်ဆိုတာကို ဂုဏ်ယူ ချင်လို့ပါဘုရား။တိုင်းချစ်

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 7 Jan 2008တက္ကသိုလ်တက္ကသိုလ်ဆိုတာ ဂန္ဓာရတိုင်း(ယနေ့ ပါကိစ္စတန်နိုင်ငံထဲက နယ်တစ်ခု)ရဲ့ မြို့တော်ဖြစ်ပါတယ်။ ဗာရာဏသီမြို့ကနေ ယူဇနာ နှစ်ထောင်အဝေးမှာ ရှိတယ် (ဇာတက-ဋ္ဌ ၁၊ ၄၁၉)။ ဒါပေမဲ့ ယင်းခရီးကို တစ်နေ့တည်းနဲ့ ရောက်နိုင်တယ်လို့လဲ ဆိုပြန်တယ် (ဇာတက-ဋ္ဌ ၂၊ ၄၂)။ ခိုးသားတွေ ထူပြောတဲ့ တောနက်ခရီး ဖြစ်တယ် (ဓမ္မပဒ-ဋ္ဌ ၁၊ ၃၂၁)။ တက္ကသိုလ်မြို့ဟာ ဗာရာဏသီနဲ့သာမက အိန္ဒိယနိုင်ငံတစ်ဝန်းလုံးနဲ့ ကုန်သွယ်ရေးမြို့တော်လဲ ဖြစ်တယ် (ဇာတက-ဋ္ဌ ၁၊ ၃၂၆)။ တက္ကသိုလ်မြို့အမည်နာမကို မူရင်းပါဠိတော်(၀ိ ၂၊ ၇)တွေမှာလဲ တွေ့ရလို့ မြတ်ဗုဒ္ဓ မပွင့်မီကပင် တည်ရှိတဲ့ ရှေးဟောင်းမြို့လို့ ဆိုနိုင်ပါတယ်။
ဇာတ်တော်တွေထဲမှာတော့ ဗုဒ္ဓ၀ါဒမတိုင်မီတုန်းက ပညာသင်ရာ ဗဟိုဌာနအဖြစ် ဖော်ပြတယ်။ အဋ္ဌကထာကျမ်းတွေမှာတော့ ဗုဒ္ဓခေတ်မှာလဲ မင်းညီမင်းသား တွေနဲ့ အခြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ တက္ကသိုလ်မှာ ပညာသင်ယူကြတယ်။ ကောသလတိုင်းဘုရင် ပသေနဒီ၊ လိစ္ဆ၀ီခေါင်းဆောင် မဟာလိ၊ မလ္လမင်းသား ဗန္ဓုလတို့ဟာ တက္ကသိုလ်မြို့မှာ ပညာအတူသင်ခဲ့ကြတဲ့ မိတ်ဆွေတွေဖြစ်တယ်။ ဇီဝကဆေးဆရာကြီး (၀ိ ၃၊ ၃၇၉)၊ အင်္ဂုလိမာလ၊ အ၀န္တိတိုင်းသား ဓမ္မပါလ၊ ကဏှဒိန္နနှင့် ယသဒတ္တတို့လဲ တက္ကသိုလ်မြို့မှာ ပညာသင်ယူခဲ့ကြတယ် (ဓမ္မပဒ-ဋ္ဌ ၁၊ ၂၁၄)။ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရနဲ့ ခေတ်ပြိုင် တက္ကသိုလ်မြို့ရဲ့ အကြီးအကဲကတော့ ပုက္ကုသာတိ (ဇာ-ဋ္ဌ ၁၊ ၄၃၂)။ ဒီပ၀ံသကျမ်း (အခန်း ၃၊ ၃၁ ဂါထာ)မှာတော့ ဒီပင်္ကရမင်းကို ဆက်ခံသူ ဘုရင်ဆယ့်နှစ်ယောက်က တက္ကသိုလ်ကို အုပ်ချုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒိဗျာဝဒါနကျမ်း (စာ၊ ၃၇၁)မှာ ဗိန္ဒုသာရ (အသောကမင်းကြီးရဲ့ ဖခင်)မင်းရဲ့ အင်ပါယာဟာ တက္ကသိုလ်မြို့ အထိ ရောက်ပါသတဲ့။ တက္ကသိုလ်မှာ သူပုန် တွေထလို့ နှိမ်နင်းဖို့ သားတော် အသောကကို လွှတ်ခဲ့ဖူးတယ်။ တက္ကသိုလ်မြို့ဟာ ပန်ဂျပ်ပြည်နယ် ရ၀လပိန္ဒိ (Rawalpindi)ခရိုင်က တက္ကသိလာ (Taxila)မြို့ ဖြစ်တယ်လို့ ခေတ်သစ် ပုဂ္ဂိုလ်တွေက ဆိုပါတယ်။
ယူနီဗာစီတီယူနီဗာစီတီ(University)ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ရှေးဆရာကြီးတွေက တက္ကသိုလ်လို့ မြန်မာမှုပြုခဲ့ကြပါတယ်။ ယူနီဗာစီတီဆိုတဲ့ ဝေါဟာရကို ၀ိဇ္ဇာပညာ ရပ်ဆိုင်ရာ ကောလိပ်တစ်ခုနှင့် နည်းပညာ၊ ဆေး၊ ဥပဒေစတဲ့ သက်မွေးဝမ်းကျောင်းပညာ သင်ပေးတဲ့ ကျောင်းပေါင်းများစွာကို စုပေါင်းထားတဲ့ အဆင့်မြင့် ပညာသင်ယူရာ ဌာနလို့ အကြမ်းအားဖြင့် အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ဖော်ပြပြီးအရ ယူနီဗာစီတီကို တက္ကသိုလ်လို့ တိုက်ရိုက် ဘာသာပြန်လို့ မပြည့်စုံပါဘူးဒါမေပဲ့ ယနေ့ခေတ်မှာ တက္ကသိုလ်ဆိုရင် ယူနီဗာစီတီကို ဆိုလိုတယ်လို့ လူတိုင်း နားလည်ပါတယ်။။
ဂုဏ်ယူဖွယ်ဒါပေမဲ့ တက္ကသိုလ်မြို့မှာ ရှေးဟောင်း ပညာသင်ယူရာဌာနကြီး (ယူနီဗာစီတီ)တစ်ခု ရှိခဲ့မှာ သေချာပါတယ်။ အဲဒီဌာနကြီးမှာ ဝေဒကျမ်းတွေ၊ ဗိသုကာနှင့် ဆေးပညာ ခွဲစိတ်ပညာတွေ ပါဝင်တဲ့ သိပ္ပံဘာသာတွဲ ၁၈ မျိုးကို သင်ပေးတယ်။ မျက်လှည့်ပညာ၊ အလပ္ပာယ် (မြွေနိုင်)ပညာ စသည်ကိုလဲ သင်ပေးတယ်။ ကျောင်းသားတွေ ပုံမှန်အားဖြင့် ရွှေစင်ကဟာပဏ တစ်ထောင် ကျောင်းဝင်ကြေးပေးရတယ်။ အဖိုးအခပေးတဲ့ ကျောင်းသားတွေကတော့ ဆရာရဲ့ မိသားစုလို နေထိုင်ရတယ် (ဇ-ဋ္ဌ ၄၊ ၃၉၅)။ ခေတ်သစ် ယူနီဗာစီတီဖွဲ့စည်းပုံနဲ့ ထပ်တူမဖြစ်နိုင်ပေမဲ့ ခေတ်သစ်တက္ကသိုလ်တွေရဲ့ ရှေ့ပြေးလို့တော့ ဆိုနိုင်ပါတယ်။

Questioned By - Maung Nyaingcha Date:5 Jan 2008ရိုသေစွာ လျောက်ထားအပ်ပါသည်ဘုရားဗုဒ္ဓဘာသာကို လေ့လာနေသူ နိုင်ငံခြားသားတစ်ယောက်က မေးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓဆင်းတုတော်ကို ပန်းလှူတာဟာ ဗုဒ္ဓဟောကြား တဲ့ ရှစ်ပါးသီလထဲက ပန်းမပန်ရဆိုတဲ့ သိက္ခာပုဒ်နှင့် မဆန့်ကျင်ဘူးလားတဲ့။ ဗုဒ္ဓကိုယ်တိုင်ကော လှူးဒါန်းလာတဲ့ ပန်းကို လက်ခံဖူးပါလသလား သို့မဟုတ် ဗုဒ္ဓက မိမိကို ပန်းလ- ခိုင်းပါသလားတဲ့။ တပည့်တော်အနေနဲ့ အဲဒီ နိုင်ငံခြားသားကို အဖြေပေးချင်လို့ ကျေးဇူးပြုပြီး ကျမ်းဂန်နှင့်ညီတဲ့ ဆရာတော်တို့၏ နှုတ်ထွက်အဖြေကို သိလိုပါသည်ဘုရား။မောင်ငြိမ်းချမ်း

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 7 Jan 2007ကျမ်းစာအဆို'ရဟန်းဂေါတမသည် ပန်းပန်ခြင်း၊ နံ့သာခြယ်ခြင်းတို့ကို ရှောင်ကြဉ်တော်မူ၏' (ဒီ ၁၊ ၂ စသည်)။ ဒါကြောင့် ဗုဒ္ဓဟာ ပန်းမပန် နံ့သာမလိမ်းပါဘူး။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီးမှာ အရှင်အာနန္ဒာကို 'စေတီ၌ ပန်း၊ နံ့သာ၊ နံ့သာမှုန့် (စသည်)ကို တင်လှူ ပူဇော်သူများသည် ကြာမြင့်စွာ အကျိုးဖြစ်ထွန်း၏'လို့ မိန့်ကြားပါ တယ်(ဒီ ၂၊ ၁၁၇)။ ဒါကြောင့် မြတ်ဗုဒ္ဓဟာ စေတီမှာ ပန်းနံ့သာလှူတာကို မတားမြစ်ပါဘူး။ ဒကာဒကာမတွေ လှူဒါန်းတဲ့ ပန်းတွေ၊ နံ့သာရေမွှေး စတာတွေကို မြတ်ဗုဒ္ဓလက်တော်နဲ့ အလှူခံခဲ့ မခံခဲ့ဆိုတာကိုတော့ ကျမ်းဂန်(ပါဠိတော်)နှံ့သိ ပညာရှိတို့ ဖြေကြားပါကုန်။ အေဒီ ၅ ရာစုမှာ ရေးတဲ့ အဋ္ဌကထာကျမ်းတွေမှာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် အရှင်အာနန္ဒာဟာ မြတ်ဗုဒ္ဓ ကျိန်းစက်တော်မူခဲ့တဲ့ ဂန္ဓကုဋိတိုက်ခန်းထဲက 'ခြောက်နေတဲ့ ပန်းမှိုက်တွေကို ရှင်းလင်းတယ်'လို့ ဆို တယ်။ ဒီစာအရဆိုရင် ဘုရားရှင်ဟာ ပန်းနံ့သာကို ကိုယ်ခန္ဓာမှာ အသုံးမပြုပေမဲ့ အနည်းဆုံး ပန်းကလေးမျလောက်ကိုသာ လှူဒါန်းနိုင်သူများ စိတ်ကြည်လင်ပြီး ကုသိုလ်ပွားနိုင်ဖို့ လှူဒါန်းမှုကို သည်းခံတော်မူတယ်လို့ ဆိုနိုင်အံ့ထင်ပါတယ်။ ယသော်ဓရာလောင်းလျာ သုမိတ္တာအမျိုးသမီးဟာ ဒီပင်္ကရာမြတ်စွာဘုရားကို ကြာပန်းရှစ်ခိုင် လ-ဒါန်းပါသတဲ့ (အံ-ဋ္ဌ ၁၊ ၂၆၈)။
မဇ္ဈိမပဋိပဒါအမြင်ရှစ်ပါးသီလထဲက မာလာဂန္ဓသိက္ခာပုဒ်ရဲ့ အနှစ်သာရက ပန်းတွေ ရေမွှေးနံ့သာတွေနဲ့ မိမိခန္ဓာကိုယ်ကို ခြယ်သပြုပြင် အလှဆင်တာကို ရှောင်ကြဉ်ပြီး ရိုးရှင်းတဲ့ ဘ၀တစ်ခုနဲ့ နေကြည့်ဖို့ပါ။ ဒါပေမဲ့ သီလစောင့်ရင်းနဲ့ အိမ်ရှေ့က စာပွဲပေါ်မှာ အလှပန်းအိုးတင်မိလို့ ရှစ်ပါးသီလ မကျိုးပေါက်ပါဘူး။ မိုက်ကရိုဖုန်းပေါ်မှာ တွဲလောင်းကျနေတဲ့ စပယ်ပန်းကုံးတွေကြောင့် တရားဟောပုဂ္ဂိုလ် အာပတ်မသင့်ပါဘူး။ အလှူ့ရှင်ဟာ ဘုန်းကြီးပန်းပန်ဖို့ လှူတာမှ မဟုတ်ဘဲ။ မိမိကုသိုလ်ရဖို့ လူအပေါင်း မျက်စိပသာဒဖြစ်ဖို့နဲ့ မိမိရဲ့ မေတ္တာစိတ်ထားကို ဖော်ပြဖို့ လ-တာသာဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ဖက်ကလဲ အလှူ့ရှင်ကို ချီးမြှောက်ရုံ သက်သက် ပါပဲ။ ရဟန်းဟာ ရွှေကို အလှူမခံကောင်းပေမဲ့ သံဃာပိုင် ရွှေကျောင်းကြီးပေါ်မှာ နေကောင်းပါတယ်။
ဒါနအနှစ်သာရ'ဗုဒ္ဓလောင်းလျာတွေဟာ ဗုဒ္ဓဂုဏ်ရည်နဲ့ ကြီးကျယ်ခမ်းနားမှုကို ရဖို့ ပန်းကုံး ပန်းမန်တွေကို လှူဒါန်းတယ်။ အားလုံးရဲ့ ခိုကိုးရာအနေနဲ့ လောကကို အလုပ် အကျွေးပြုဖို့ နေရာအဆောက်အအုံကို လှူဒါန်းတယ်။ မံစက္ခု၊ ဉာဏစက္ခု၊ အဘိညာဏ်စက္ခု၊ ဗုဒ္ဓစက္ခု၊ သဗ္ဗညုတဉာဏ်စက္ခုဆိုတဲ့ စက္ခု (အလင်း)ငါးမျိုးကို ရဖို့ ပဒီပ(အလင်း)ကို လ-ဒါန်းတယ်'ဆိုတဲ့ ဒါနပြုပုံနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဖွင့်ပြချက်တစ်ရပ်ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ် (စရိယာပိဋက-ဋ္ဌ၊ ၂၉၆)။ အဲဒီလို ရည်ရွယ်ချက်ကလေးတွေထားပြီး ပန်းတတ်နိုင်ရင် ပန်း၊ နံ့သာတတ်နိုင်ရင် နံ့သာ၊ ကျောက်သံပတ္တမြား တတ်နိုင်ရင် ကျောက်သံပတ္တမြားတွေနဲ့ ဓာတု၊ ဓမ္မ၊ ဥဒ္ဒိဿ၊ ပရိဘောဂဆိုတဲ့ စေတီလေးမျိုး တစ်မျိုးမျိုးမှာ ပူဇော်တာဟာ လောကုတ္တရာရတနာကို လောကီရတနာနဲ့ ပူဇော်တာဖြစ်လို့ ဗုဒ္ဓဓမ္မနဲ့ မဆန့် ကျင်ပါဘူး။

Questioned By - U Paw Tin Date:4 Dec 2007လျှောက်ထားပါရစေ ဘုရားတပည့်တော်သည်ကမ္ဘာအရပ်ရပ်သို့အလုပ်တာဝန်ဖြင့်ခရီးသွားလာရာတွင်ကမ္ဘာအရပ်ရပ်ရှိ ဘုန်းတော်ကြီးကျောင်း အများတွင် အောက်ပါ တို့ကို တွေ့ရှိရပါသည်ဘုရား။ ဆရာတော်သံဃာတော်များ အား ချုပ်ချယ်ခြင်း ဂေါပက အဖွဲ့တွင်ဆရာတော်သံဃာတော်များအား ပါဝင်ခွင့်မပြုပဲဘုန်းတော်ကြီးများအား အာဏာပြခြင်း ဆရာတော်များအား မြန်မာပြည်မဟုတ်ဘုန်းကြီး အေးအေးနေဟုပင်အချို့ဂေါပကများမှာ ပြောဆိုခြင်း အပြင်ဂေါပကလူကြီးများမှာ အလှူငွေ န၀ကာမဖြင့်ဝယ်ယူထားသော ကျောင်းသင်္ကန်းများမှ ဆရာတော်သံဃာတော် များအား မောင်းထုတ်၍ပြန်လည်ရောင်းချရန် အထိပင် ကြံစည်ခြင်းများတွေ့ရပါသည်။ ဂေါပကလူကြီးများ ဘုန်းကြီးကျောင်းကို စီးပွားရေး ပုံစံအဖြစ် ပြုလုပ်သည်ကိုတပည့်တော်ကြားသိတွေ့ရှိ ရပါသည်ဘုရား။ ဤကဲ့သို့လုပ်ရပ်များအတွက်ဂေါပကအမည်ခံပုဂ္ဂိုလ်များ မည်သို့ အကျိုးပေးခံစား ရမည်ကိုသိလိုလှပါသည်ဘုရားဦးပေါ်တင်

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 1 Feb 2008အမေရိက လူမှုနစ်အမေရိကမှာ ကျောင်းတက်လို့ ဘွဲ့ကလေးတစ်ခု ရထားရင် လုပ်အားခ တစ်နာရီကို $ ၁၅ လောက်ပေးတဲ့ အလုပ်မျိုးကို စတင်ရရှိ နိုင်ပါတယ်။ တစ်လ၀င်ငွေ (အိုဗာတိုင်းမ်နဲ့) ခန့်မှန်း ၂၅၀၀ လောက် အလုပ်ကလေးမျိုး ရပြီဆိုရင် မကြာခင်မှာ လစဉ်ပေး အကြွေးစနစ်နဲ့ ဘဏ်က ငွေချေးပြီး အိမ်ဝယ် ကားဝယ် လုပ်နိုင်ပါတယ်။ တစ်သိန်းခွဲလေက်တန်တဲ့ အိမ်ကို ၀ယ်သူဟာ ယေဘုယျ လစဉ် $ ၈၀၀ လောက် ဘဏ်ကို ပြန်ဆပ်ရတယ်။ မဖြစ်မနေသုံးရတဲ့ ရေ၊ မီး၊ တယ်လီဖုန်း၊ အမှိုက်ပုံးဖိုးတွေက လစဉ် ၄၀၀ နီးပါး၊ မဖြစ်မနေသုံးရတဲ့ ကားအကြွေး လစဉ် $ ၁၀၀ ထက်မနည်း၊ ကားအာမခံ လစဉ် $ ၅၀ ၀န်းကျင်။ စုစုပေါင်း စားစရိတ်နဲ့ အထွေထွေသုံးစိရိတ်မပါဘဲ လစဉ် ၁၄၀၀ ၀န်းကျင် သုံးရပါတယ်။ စားစရိတ်ကတော့ ချွေတာတတ်ရင် သက်သာပါတယ်။ ဒါကြောင့် တစ်နှစ်ကို ဒေါ်လာ သုံးသောင်းလောက်ရပေမဲ့ ဒေါ်လာ တစ်သောင်းလောက် စုမိဖို့ဆိုတာ မလွယ်ပါဘူး။
ဥပဒေစိုးမိုးတဲ့ တိုင်းပြည်အမေရိကဟာ လွတ်လပ်တယ်ဆိုပေမဲ့ သာမန်လူများစုအနေနဲ့ လာဘ်ထိုးပြီး ဥပဒေကို ပြောင်းပြန်လုပ်လို့ မရဘူး။ ဘာသားရေး၊ ယဉ်ကျေးမှုနဲ့ အသားရောင် မျိုးစုံလွန်းတဲ့ လူတွေကို ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ ဘဏ်တွေ၊ အကြွေချေးပေးတဲ့ အကြွေးရှင်ကုမ္ပဏီတွေဟာ အလွန် အာဏာရှိပါတယ်။ လစဉ် အကြွေးကို သတ်မှတ်ချိန် မတိုင်ခင် မပေးနိုင်ရင် အိမ်စတဲ့ ပစ္စည်းကို ပြန်သိမ်းတယ်။ ခဏဆိုင်းပါအုံး လုပ်ဖို့ အကြောင်းမရှိဘူး။ အိမ်ဝယ်ဖို့ ငွေချေးကတည်းက ပြန်ဆပ်နိုင်မဲ့ အလုပ်အကိုင်မျိုးရှိမှ ချေးသူကို ဘဏ်က ငွေချေးပေးဖို့ စဉ်းစားပါတယ်။ ပြီးတော့ အိမ်ပိုင်ဆိုင်မှု (ွှငအူန) အောက်မှာ နာမည်ရှိသူပဲ ဥပဒေအရ အိမ်ပိုင်သူဖြစ်ပါတယ်။ လင်နာမည်နဲ့ပဲ ပိုင်ထားတဲ့အိမ်ကို လင်သေလို့ မယားက အကြွေးကို ဆက်ဆပ်ပေမွဲှ့ငအူန မှာ နာမည်ကို ပြောင်းမထားရင် အဲဒီအိမ်ကို မယားမပိုင်ပါဘူး။
သဒ္ဓါတရား စစ်မှန်သူမြန်မာဗုဒ္ဓ၀ါဒီတွေ အတော်များများနေတဲ့ အမေရိကန်ပြည်နယ်တစ်ခုမှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်က စာပေပရိယတ္တိ တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဘုန်းကြီးကျောင်း တည်ထောင်တဲ့ကိစ္စမှာ ပါဝင်ကူညီခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်ကပြား လူငယ်တစ်ယောက်ကတော့ နိုင်ငံခြားမှာ ဗုဒ္ဓသာသနာပြုသူတို့ အတုယူဖွယ် ကောင်းလှပါတယ်။ အမေရိကမှာ အင်ဂျင်နီယာ မဟာဘွဲ့ရပြီး အလုပ်အကိုင်လဲ ကောင်းပါတယ်။ ဓမ္မကို နားလည်လိုက်စားပြီး သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ လူတော်လူဖြောင့်လေးပါ။ အဲဒီမြို့မှာ အဲဒီအချိန်က ဒေါ်လာ လေးသိန်းလောက်တန်တဲ့ အဆောက်အအုံ တစ်ခုရဖို့ ဘဏ်ကငွေကို ချေးကို ချေးရပါလိမ့်မယ်။ ဆရာတော့်အနေနဲ့ အလုပ်အကိုင်မရှိလို့ ဘဏ်ကငွေချေးဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်ထောင်မပြုသေးတဲ့ လူငယ်က လူငယ့်နာမည်နဲ့ ဘဏ်က ငွေချေးပေးပြီး ဆရာတော့်ကို ကူညီလိုက်ပါတယ်။ ပြောပြထားတဲ့အတိုင်း အမေရိကလူနေမှုစနစ်အရ ဒီကိစ္စဟာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ ပြဿနာတွေရဲ့ အဓိကရင်းမြစ်လဲ ဖြစ်လာတတ်ပါတယ်။ လေးနှစ်လောက် အကြာမှာ လူငယ်လဲ အိမ်ထောင်ကျပြီ။ အိမ်ဈေးကလဲ အဲဒီအချိန်က ရှစ်သိန်းကျော် တက်သွားပြီ။ ဆရာတော်အနေနဲ့ ဘဏ်ကြွေးကို လစဉ်ပေးဆပ်ပြီး ပိုင်ဆိုင်မှု(Title)အောက်မှာ ပါနိုင်ခဲ့တယ်ဆိုရင်တောင် အဓိပ္ပာယ်က ဘုန်းကြီးကျောင်း လုပ်ထားတဲ့အိမ်ဟာ လူငယ့်နာမည်လဲ ရှိနေမှာဖြစ်လို့ အနည်းဆုံး ဒီလူငယ်က ဒီအိမ်ရဲ့ တစ်ဝက် (နှစ်သိန်းလောက်) ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောပဲပေါ့။ တစ်နေ့ ညနေခင်းမှာ လူငယ် ဇနီးမောင်နှံတို့ ဘုန်းကြီးကျောင်းကိုလာပြီး ဆရာတော်ကို လျောက်တယ် - 'ဘုန်းဘုန်းရဲ့ ကျောင်းဟာ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့ တန်ဖိုး အဆမတန် ကွာသွားပြီဘုရာ့။ တပည့်တော်လဲ ပုထုဇဉ် လူသားပေမို့ လောဘကို ထိန်းနိုင်တုန်းမှာ ဘုန်းဘုန်းအနေနဲ့ ဒီကျောင်းကို တာဝန်လွှဲယူပါ။ ဘုန်းဘုန်းလဲ အခြေကျပြီဖြစ်လို့ ကျောင်းတန်ဖိုးကိုပြပြီး ဘဏ်က ငွေချေးရင် ရပါလိမ့်မယ်။ တပည့်တော်က ဘုန်းကြီးကျောင်း ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဘုန်းဘုန်းကို ကူညီခဲ့တာပါဘုရား။ တပည့်တော်တို့လဲ ကိုယ်ပိုင် အိမ်ဝယ်မလို့ စိတ်ကူးနေကြပါတယ်'။ ဒီလူငယ်ဟာ ဒေါ်လာငွေနှစ်သိန်းနဲ့ မိမိရဲ့ဂုဏ်သိက္ခာကို မလဲခဲ့ဘူး။ လူငယ်ရဲ့ မွန်မြတ်တဲ့ အများအကျိုးဆောင် စိတ်ဓာတ် ဒါမှမဟုတ် သာသနာပြု စေတနာကတော့ တကယ့်ကို ချီးကျူးစရာပါ။
အဖွဲ့အစည်းနဲ့ လုပ်ရင် အဖွဲ့အစည်းနဲ့ စုပေါင်းပြီး ဘုန်းကြီးကျောင်း လုပ်နိုင်ရင်တော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။ တတ်နိုင်သူတွေက အလှူငွေ အလုံအလောက် မတည်ပြီး ဘုန်းကြီးကျောင်း ဖြစ်အောင် လုပ်ပြီးမှ ကြည်ညိုတဲ့ ဘုန်းကြီးကို ပင့်တယ်ဆိုရင်တော့ သိပ်ကောင်းပေါ့။ ဘုန်းကြီးရဲ့ တာဝန်က တရားဟော တရားပြရုံပါပဲ။ ဒီလိုမှ မဟုတ်ခဲ့ရင် စဉ်းစားရလိမ့်မယ်။ ဘုရားကြောင့် တရားရှိ၊ ဘုရားတရားရှိလို့ သံဃာရှိတာ။ သံဃာရှိလို့လဲ တရားကိုသိပြီး ဘုရားကို ကြည်ညိုနိုင်ကြတာ။ ဘုန်းကြီးကျောင်း အလှူငွေဆိုတာဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ထောက်ပံ့ဖို့ ဖြစ်လာတာပါ။ ဘုန်းကြီးတစ်ပါးအနေနဲ့ ဘုန်းကြီးကျောင်းမှာ နေတယ်ဆိုတာ ရှိပြီးရှိဆဲ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင် စိတ်ဝင်းစားမှုတွေကို စွန့်ပြီး နေကြရတာပါ။ လူတိုင်း မလုပ်နိုင်ပါဘူး။ တစ်နေရာက တစ်နေရာကို ရွှေ့တယ်ဆိုတာလဲ အမေရိကမှာနေတဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့ မလွယ်ပါဘူး။
သုံးပွင့်ဆိုင်အမြင်နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မြန်မာဗုဒ္ဓ၀ါဒီ အတော်များများ သဒ္ဓါတရား ကောင်းကြပါတယ်။ ရေမြေခြားမှာ နေကြည့်မှ မိမိတို့ရဲ့ ဘာသာယဉ်ကျေးမှု အမွေဆိုတာကို ပိုမို နားလည်လာတာရယ်၊ ဘ၀မွမ်းကျပ်မှုအတွက် ထွက်ပေါက်ရှာတာရယ် စတာတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရုပ်ပိုင်း တိုးတက်မှုဆိုတာနောက်ကို ရေစုံလိုက်သွားသူတွေလဲ များသားပဲ။ အနေကြာလို့ အတော်အတန် အခြေကျနေသူ အချို့ကလဲ This is America. ဆိုတာကို ကိုင်ပြီး မကြိုက်ရင် ဘုန်းကြီးကိုလဲ ခသာစူငေည ရမယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒီသဘောထားက ကောင်းပါတယ်။ ဒါပေမဲ့ complain တဲ့ အထဲမှာ ကမ္မဋ္ဌာန်းထိုင်တာ မတွေ့လို့၊ ဆွမ်းစားပင့်တာ အိမ်မှာ ကြာကြာမနေလို့၊ ဖုန်းနံပါတ်တောင်းတာ ချက်ခြင်းမပေးလို့၊ အိမ်ကို ဖုန်းဆက်ပြီး နှုတ်ဆက်စကား မဆိုလို့၊ ဖုန်းခေါ်လွန်းလို့စတဲ့ အသေးအမွှားကိစ္စတွေလဲ ပါတာပါပဲ။ အဲဒီလို လူမှုအခြေအနေကို ကိုယ်တိုင် တွေ့ကြုံ သိမြင်ထားတဲ့ အမေရိကနေ ဘုန်းကြီးတစ်ပါးအနေနဲ့ အခွင့်သာရင် မိမိရဲ့ အာမခံချက်ကို စဉ်းစားတာဟာ မလွန်သာပါဘူး။ သေချာတာက ဘုန်းကြီးတိုင်းမှာ နောက်ခံဆရာသမား၊ သို့မဟုတ် ဒကာဒကာမ အသိုင်းအ၀ိုင်းဆိုတာ ရှိလို့ ဘုန်းကြီးတစ်ပါးဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားနဲ့ ရာဇ၀င်ကို မှောင်ချဖို့ ဆိုတာမျိုးဟာ အင်မတန် ရှားတယ်ဆိုတာပါပဲ။
ပဋိပက္ခရဲ့ အကြောင်းတစ်မျိုးNon-profit နဲ့ ပုဂ္ဂလိက သို့မဟုတ် သဃိက ပိုင်ဆိုင်မှု။ ပုဂ္ဂလိကဆိုတာ ဘုန်းကြီးတစ်ပါးကို လှူ သို့မဟုတ် တစ်ပါးပိုင်၊ သံဃိကဆိုတာ သံဃာပိုင် (ဘုန်းကြီးအများပိုင်)။ မြန်မာဗုဒ္ဓဘာသာ ထုံးစံအရ သံဃိကဖြစ်စေ ပုဂ္ဂလိကဖြစ်စေ ရေစက်ချ လှူဒါန်းပြီးရင် မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမှ ပိုင်ဆိုင်ခွင့် မရှိတော့ဘူး။ တရားစွဲရင်လဲ အလှူခံသူ ပုဂ္ဂိုလ် သို့မဟုတ် သံဃာကပဲ နိုင်တယ်။ လှူပြီးပစ္စည်းကို အလှူရှင်က ပြန်တောင်းလို့ မရဘူး။ အမေရိက ဂေါပအဖွဲ့ သို့မဟုတ် Non-profit ကတော့ ပုဂ္ဂလိက သို့မဟုတ် သံဃိက ဆိုတာကို ဂရုမစိုက်ပါဘူး။ ဘယ်သူ့ကိုမဆို ဘယ်လိုပဲ လှူလှူ Non-profit ကပဲ ပိုင်တယ်။ ဒီတော့ ဖော်ပြပြီး လူမှုစနစ်နဲ့ အခြေအနေအရ Non-profit မှာ ဘုန်းကြီး သြဇာသက်ရောက်မှုမရှိရင် သို့မဟုတ် ဘုန်းကြီးဖက်မှာ မဲ မရှိရင် တစ်ချိန်မှာ ပဋိပက္ခဆိုတာ ဖြစ်လာနိုင်တယ်။ သာသာနာပြုတို့ အဖြေရှာဖို့ပါ။
သုခမိန်တို့ နှိုင်းချိန်ဖို့သံဃိကပစ္စည်းဖြစ်ဖြစ် ဘုန်းကြီးပစ္စည်းဖြစ်ဖြစ် မတရား ရယူမိပြီးဆိုမှဖြင့် တွေ့ရမှာက - ၁) အတ္တာနုဝါဒဘေး (ပထမဆုံး ကိုယ့်လပ်ပြာကို ကိုယ်မယုံ၊ တစ်ကိုယ်တည်း အိပ်မရ စားမ၀င်) ၂) ပရာနုဝါဒဘေး (အဖြစ်မှန်ကိုသိတဲ့ သူတော်ကောင်းတွေရဲ့ ကဲ့ရဲ့တာကို ခံရမယ်) ၃) ဒဏ္ဍဘေး (ဆိုးရွားတဲ့ accident ဖြစ်ရပ်တွေနဲ့ ကြုံရတတ်တယ်) ၄) ဒုဂ္ဂတိဘေး (စုတိပြတ်ကြွေ သေတဲ့နောက် ဘ၀ဆိုးနဲ့ ကြုံမယ်)တို့ပါပဲ။ ဒါကြောင့် သာသနာပြု သုခမိန်တို့ အကျိုးနဲ့ အပြစ်ကို နှိုင်းချိန်ပါကုန်။

Answered By - ဆရာတော် ဦးကောဝိဒတိပိဋက ၀ိနာယဓရ ၀ိနယကောဝိဒ၊မူလအဘိဓမ္မိက သာသနဓဇ သိရီပ၀ရဓမ္မာစရိယ၊မဟာဂန္ထ၀ါစကပဏ္ဍိတ အောင်ရတနာကျောင်း Date: 10 Dec 2007

Answered By - အရှင်တေဇ၀န္တဓမ္မာစရိယ၊နယ်လှည့်သာသနာပြု ဓမ္မကထိက ကမ္မဌာနာစရိယ Date: 6 Dec 2007ဒကာတော်သာသနာနဲ့ ဒါယကာဆိုတာ ရေနဲ့ကြာလိုပါဘဲ။ကြာသည်ရေကိုအမှီပြု နေရသလို သာသနာဆိုတာလည်း ဒါယကာကို အမှီပြု နေကြ ရတာပါ။ဒါယကာချီးမြှောက် မှသာသနာထွန်းတောက်တာပါ။ချီးမြှောက်တဲ့ဒါယကာတွေကလည်းတကယ့်သာသနာ တိုးတက်လိုတဲ့ ၊ကြီးပွါးလိုတဲ့စိတ်၊အနာတပိဏ်သူဌေးတို့လိုခွင့်လွှတ်သည်းခံတတ်တဲ့ စိတ်နဲ့သာသနာပြုဘို့လိုအပ်ပါတယ်။ ငါတို့လှူထားတာ၊ ငါတို့လှူထားတဲ့၊ငါတို့ကျောင်း၊ ငါတို့ကျောင်းမှာနေရင် ငါတို့စိတ်တိုင်းကျဖြစ်ရမယ်လို့..... အဲဒီလိုသဘောထားလျင်..... ဗုဒ္ဓက---- သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ ဒိဌိံ ဂဏှာတိ.........တဲ့။ သဒ္ဒါတရားကို အကြောင်းပြုပြီး တဏှာ မာန ဒိဌိတွေကပ်ငြိပြီးနေမယ်ဆိုလျင်ညောင်ပင် လောက်လှူပြီး ညောင်စေ့လောက် ရတတ်ပါတယ်။ ကုသလောဓမ္မော အကုသလဿဓမ္မဿ ဥပနိဿယ ပစ္စယေနပစ္စယော... လို့ဗုဒ္ဓက ပဌာန်းဒေသနာတော်မှာ ဟောထားပါတယ်။ ကုသိုလ်ပြုတိုင်းလည်းကုသိုလ် ဖြစ်တာမဟုတ်ပါဘူး။ ကုသိုလ်ကြောင့် အကုသိုလ် မဖြစ်ဖို့လိုအပ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် တယောက်သော မစင်ကိုစားသော ပြိတ္တာကို အကြောင်းပြုပြီး ဟောထားတာရှိပါတယ်။ သာဝတ္ထိပြည်၏ အနီးတခုသော ရွာငယ်မှာ သူဌေးတယောက် သံဃာတော် များရည်မှန်း၍ ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ထိုကျောင်းတွင် အနယ်နယ် အရပ်ရပ်မှ သံဃာတော်များ သီတင်းသုံးနေကြပါသည်။ ကျောင်းတကာသည် သံဃာတော်များ အား အမျိုးမျိုးစိတ်ဆင်းရဲအောင် ဆူပူကြိမ်းမောင်း ဆဲရေး တိုင်းထွာ ပြုလုပ်သောကြောင့် သေလွန်သောအခါ ထိုကျောင်းအိမ်သာ၌ မစင်ကိုစားနေရသော ပြိတ္တာဖြစ်ရပါတယ်။ ထိုအချင်းအရာ တို့ကို ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ထိုပြိတ္တာကိုမြင်၍ မေးမြန်းသောအခါ.......... အရှင်ဘုရား....တပည့်တော်သည် လူ့ဘ၀နေစဉ်တုံးက သတိလွတ်ခါမာနတွေ တက်ပြီး သီလသမာဓိနှင့်ပြည့်စုံတဲ့ ရဟန်းတော်တွေကိုအနိုင်ကျင့်ပြီး ညစ်ငြမ်းစွါဆဲရေးတိုင်းထွာ နှင်ချ မောင်းထုတ်မိခဲ့တဲ့အတွက်ကြောင့် မစင်ကိုစားနေရတဲ့ပြိတ္တဖြစ်ရပါတယ် ဘုရားလို့ လျောက်ထားတဲ့စကားကို ဗုဒ္ဓဘုရားရှင် ပေတ၀တ္ထုဂူထခါဒကပေတ၀တ္ထုမှာ ဟောထားပါတယ်။ ထို့နောက်သံဃာအား ရည်မှန်းထားသောပစ္စည်း အဆောက်အအုံများသည် သာသနာအတွက်ဖြစ်သည်။ ထိုသာသနာ့ပစ္စည်း အဆောက်အအုံများကို ကျေနပ်လျင် ကျေနပ် သလို၊ မကျေနပ်လျင်မကျေနပ်သလို၊ ပျက်လိုပျက်စီး ဖျက်လိုဖျက်ဆီးလုပ်ပြန်ရင်လည်း အလွန် တရာမှကြောက်စရာ ကောင်းလှပါတယ်။ ဗုဒ္ဓဘုရားရှင် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ် စပါးကြီး မြွေပြိတ္တာကို အကြောင်းပြုပြီး ဓမ္မပဌ ပါဠိတော်မှာ ဆုံးမထားတာရှိပါတယ်။ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၊လက္ခဏမထေ နှင့်အတူတကွဂိဇ္ဈကုဋ် တောင်မှ သက်ဆင်းလာသည်ရှိသော် စပါးကြီးမြွေကြီးကိုမြင်တော်မူပါသည်။ ထိုမြွေပြိတ္တာကြီး၏ ခေါင်းမှအမြီးထိမီးလျံတို့သည် တလှပ်လှပ် တောက်လောင်နေသည်။ ထိုအချင်းအရာတို့ကို ရှင်မဟာ မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး မြင်တော်မူသောအခါ ပြုံးတော်မူ၏။ ထိုအချင်းအရာတို့ကိုလက္ခဏ မထေရ် မြင်သောအခါ ပြုံးတော်မူခြင်းအကြောင်းကို လျောက်ထားသောအခါ 'ငါ့ရှင် ဤပြဿနာကို ယခုမမေးပါနဲ့။မြတ်စွာဘုရားရှေ့တော်မှာ မေးပါ'လို့ မိန့်ပြီး၊ဗုဒ္ဓထံရောက်သောအခါ လက္ခဏမထေရ်က မေးလျောက်သောအခါ 'ငါ့ရှင်လက္ခဏ... ငါသည်ဂိဇ္ဈကုဋ်တောင်စေါင်း၌ စပါးကြီး မြွေပြိတ္တာတကောင်ကို မြင်ခဲ့ရတယ်။ ထိုပြိတ္တာ၏အတ္တဘောကိုတခါမှငါမမြင်ဘူးပါ' ဟုပြုံးရယ်ခြင်းကိုထင်ရှားပြပါမည်ဟု ပြော သောအခါ............. ဗုဒ္ဓက ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ရဲ့ စကားကိုရပ်စေတော်မူပြီးလျင်.......... 'ချစ်သားတို့.... ငါဘုရားသည်လည်း ထိုပြိတ္တာကိုဗောဓိမဏ္ဌိုင်၌ နေတော်မူစဉ်ထိုပြိတ္တာကိုမြင်၏။ ထိုသို့မြင်သော်လည်းအကြင်လူတို့သည် ငါ့စကားကို မယုံကြည်ကြပါ။ မယုံကြည်သောသူတို့အား ဟောခြင်းသည် အကျိုးမရှိ။ယခုမောဂ္ဂလာန်ကိုသက်သေပြ၍ထိုစပ်းကြီးမြွေပြိတ္တာ အကြောင်းကိုငါပြော မယ်။ နားထေါင်ပါ'ဟုဆိုကာ...........'ချစ်သားတို့....ထိုမြွေပြိတ္တာကြီးဟာ ကဿပဘုရားလက်ထက်အခါက သုမင်္ဂလ သူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ဂန္ဓကုဋီကျောင်းတော်ကြီးကို မလိုက္ကုဿာစိတ်ဖြင့်မီးရှို့ ခဲ့သည့် အတွက်ကြောင့်သေလွန်သောအခါ ရှည်မြင့်စွာ သောကာလပါတ်လုံး မဟာအ၀ီစိငရဲ၌ခံစားပြီးမှ ကြွင်း သောကံအကြိုးများကို ယခုအခါ ဂိဇ္ဈကုဋ်တောင်၌ မီးဖြင့်ကျက် လျက်ဆင်းရဲစွာ ခံစားနေရတယ်.. ချစ်သားတို့။' အထပါပါနိ ကမ္မာနိ၊ ကရံဗာလော နဗုဇ္စတိ သေဟိကမ္မေဟိဒုမ္မေဓေါ၊ အဂ္ဂိဒဎ္ဋောဝ တပ္ပတိ။ ချမ်းသာဘို့ လူမိုက်တို့သည် ယုတ်မာသောအမှု တို့ကိုပြုကြစဉ် မသိတတ်ကြကုန်။ နောင်အခါ၌ကား မိမိပြုအပ်သော ကံတို့ဖြင့် လောင်ကျွမ်းကုန်လျက် မိမိသည်ပင်လျင် မိမိတောမီးနှင့်အတူ ဖြစ်ကြကုန်၏...ဟုမိန့်တော်မူခဲ့ပါသည်။ ဒကာတော် တချို့ကြတော့လည်း လူတွေဟာတဘ၀ တနပ်စာကြည့်ပြီးတော့ ဘုရားပစ္စည်း၊ သံဃာပစ္စည်းများကို မကြောက်မရွံ့သုံးစွဲ စားသောက်နေကြ တာပါဘဲ။ ဘယ်လောက်သုံးသုံး ဘယ်လောက်စားစား စီးပွါးမဖြစ် အရောင်မပြောင်ပါဘူး။ ပြဿနာ တွေမျိုးစုံဖြစ်ပြီးဖွဲမီးလိုဘဲတငွေ့ငွေ့ အလောင်ခံရပြီးစိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့်ဇာတ်သိမ်းရတာပါဘဲ။ ရန်ကုန်မြို့နံမည်ကြီး ရိပ်သာ တခုမှာဦးစီးဆောင်ရွက် ဥက္ကဌလုပ်နေတဲ့ မိသားစုတစုတွေ့ရဘူးပါတယ်။ ရိပ်သာကြီးကိုသူတို့ဇနီးမောင်နှံ နှစ်ယောက်နဲ့ဘဲ လုပ်ကိုင် ဆောင်ရွက်နေ ပါတယ်။ စာရင်းရှင်းတယ်လို့မရှိဘူး။ စာရင်းရှင်းကြစို့ဆိုရင် သွေးတက်တယ်ဆိုပြီး ခွေအိပ်တော့တာဘဲ။ နောက်ဆုံး စီးပွါးတွေပျက် အငယ်အနှောင်း တွေထားပြီး ဇနီးသေ၊နောက်ဆုံးအိမ်တွေပါပြုတ်ပြီးဘယ်ရောက် သွားမှန်းကို မသိတော့ဘူး။ ကြောက်စရာကောင်းပါတယ်။ သံဃာပစ္စည်း၊ ဘုရားပစ္စည်း ဝေးဝေးရှောင်တာကောင်းပါတယ်။သုံးတတ်ရင် ကောင်းပါတယ်။ မသုံးတတ်ရင်ဒုက္ခတွေ့တာများပါတယ်။ သံယုတ်ပါဠိတော်မှာ သုစိလောမ၊ခရာလောမ ဘီလူးကြီးနှစ်ကောင်ရှိပါတယ်။ အတိတ်ဘ၀တုံးက လယ်သမားတွေဖြစ်ပြီး ကျောင်းအနီးမှာသူတို့လယ်ရှိတော့ စပါးရိပ်ပြီခဏအနားယူတဲ့အခါ သဃိကကျောင်းပေါ်မှာ ခန္ဓာကိုယ် ကချွေးတွေနဲ့လှဲအိပ်လေ့ရှိကြပါတယ်။အဲဒီကံကြောင့် အပ်ကဲ့သို့ ချွန်ထက်သော အမွှေးရှိတဲ့သုစိလောမဘီလူးကြီး ဖြစ်ရတယ်။ ဟိုတယောက်ကြတော့ ကြမ်းတမ်းသောအမွှေးရှိလို့ခရာလောမ ဘီလူးကြီးတွေဖြစ်ရတယ်။ဒါ သုံးတာ စားတာ မဟုတ်သေးပါဘူး။ ငွေတွေပစ္စည်းတွေသုံးခဲ့ရင်တော့လဲ တွေးကြည့်ပေါ့။ ကဿပဘုရားလက်ထက်က ကျီးတကောင်ဟာသံဃာတော်တွေဆွမ်းလောင်းရန် ရည်မှန်းထားတဲ့ဆွမ်းကို သူယူစားခဲ့တဲ့အတွက်ကြောင့် သေလွန်သောအခါ ဂိဇ္ဈဂုတ်တောင်မှာကျီးပြိတ္တာဖြစ် ခဲ့ရတယ်လို့ ဓမ္မပဒပါဠိတော် မြွေပြိတ္တာဝတ္ထုမှာဘုရားဟောတော်မူခဲ့ပါတယ်။

Questioned By - Arthor Tun Date:3 Dec 2007ဆရာတော် အရှင်သူမြတ်များ ဘုရား။ဘုရား ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက် ထိုလူသွားရောက်ရမည့် ဘ၀ကို မေးမြန်းစစ်ဆေးပြီး ဆုံးဖြတ်ပေး သည့် ယမမင်း ဆိုသည်ကို ကြားဖူးပါသည်။ ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ၊ ဘယ်မှာ နေသလဲ၊ ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့် ယမမင်းဖြစ်ရသလဲ၊ ယမမင်းဆိုတာကို ဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟော ကြားခဲ့သလား ဆိုသည်တို့ကို သိလိုပါသည်ဘုရား။ ယမမင်းနှင့် ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတ အဖြာ ဖြာကို မျက်မှောက်ခေတ် အမြင်နှင့် ရောစပ် ၍ ဖြေကြားပေးစေချင်ပါသည်ဘုရား။ရိုသေစွာဖြင့် တပည့်တော်အာသာမြင့်ထွန်း

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 4 Dec 2007ယမမင်းရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့် ငရဲသို့ ကျရောက်သော သတ္တ၀ါတို့ကို မြင်တော်မူ၏။ လူ့ဘ၀တွင် မကောင်းမှုကိုပြုသောကြောင့် ငရဲသို့ရောက်လာသူအား ငရဲထိန်းတို့က ယမမင်းထံ ခေါ်သွား၏။ ထိုအခါ ယမမင်းက သင်သည် လူ့ဘ၀မှာရှိစဉ် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်) လောကပြစ် ခံရခြင်းနှင့် သေခြင်းဟူသော နတ်တမန် ငါးယောက် ရောက်လာသည်ကို သတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။ မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည် မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။ သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူမျ အစားခံလို့မရ၊ သင်သာလျင် ခံရလိမ့်မည်ဟု ဆိုပြီး ဆိတ်ဆိတ်နေ၏။ ယင်းနောက် ငရဲထိန်းတို့သည် ထိုပုဂ္ဂိုလ် အား တံခါးလေးခုရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူသည် အကုသိုလ်ကံ၏ အကျိုးပေး မကုန်သရွေ့ ထိုငရဲ၌ ခံနေရ၏ (မ ၃၊ ၁၈၆)။ ယမမင်းဟူသည် (စတုမာရာဇ်နတ်မျိုးဝင်) ဝေမာနိကပြိတ္တာမင်းဖြစ်၏။ တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ်ခံစားရပြီး တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။ (ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီရှိ၏ (မ-ဋ္ဌ ၄၊ ၁၈၃)။ မိဿကကုသိုလ် (ဥပမာ ၀က်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့် ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရားအားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ (အံ-ဋီ ၂၊ ၁၁၄)။ သိကြားမင်း၏ ၀ရဇိန်လက်နက်၊ အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊ ဝေဿ၀ဏ်နတ်မင်း၏ သံလျက်လက်နက်၊ ယမမင်း၏ (ဒေါသဖြင့်ကြည့်လျင် ပြာကျစေနိုင်သော) မျက်လုံးလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏ (သံ-ဋ္ဌ ၁၊ ၂၉၀)။
အဓိပ္ပာယ်တစ်မျိုး'သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံ ဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော (ဓမ္မပဒ-ဋ္ဌ ၂၊ ၂၁၉) အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ဘ၀သံသရာမှ မလွတ်မြောက်သေးသမျ ယမမင်းရဲ့ အာဏာစက်ကွင်းမှ မလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို 'ဝေသာယီ'လို့လဲ ခေါ်ပါတယ် (ဇာ-ဋ္ဌ ၂၊ ၂၈၈)။
လူဖြစ်ချင်သူယမရာဇသုတ်အရ ယမမင်းဟာ အကုသိုလ်မှုကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း 'ငါသည် လူ့ဘ၀ကို ရပြီး ဗုဒ္ဓဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့ တရားထူးကိုရရင် သိပ်ကောင်းမှာပဲလို့' အကြံဖြစ်ပေါ်ဖူးပါသတဲ့။ အဲဒီလို ယမမင်းအကြံဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာ သူများပြောကြေင့် သိတာမဟုတ်ဘဲ ကိုယ်တိုင် သိမြင်ပြီး >မက်ဆိုတာဖြစ်တယ်လို့လဲ အဲဒီသုတ်မှာ မိန့်တော်မူပါတယ် (အံ ၁၊ ၁၄၀)။ (ကြုံလို့ ဆရားကြီး ဂိုအင်ဂါ စီဒီရွမ်မှာ ယမရာဇသုတ်ကို ဒေ၀ဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇာသုတ် နောက်ပိုင်းကို ဒုတိယစတုမဟာရာဇသုတ်လို့ စဉ်ထားတာတွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ ပညာရှင်တို့ ဆင်ခြင်ပါကုန်)။
ငရဲနှင့် ငရဲထိန်းငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့် နှိပ်စက်ဥှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏ (အဘိ ၄၊ ၄၃၀)။ ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီးနှိပ်စက်ကလူ မပြုနိုင် (သံ-ဋီ ၂၊ ၈၆)။ ရဲထိန်းများလည်း ယမမင်းနှင့် မျိုးဇာတ်တူ၏။ ငရဲမီးဟူသည် ကံကြောင့်ဖြစ်သော ဥတုဇရုပ်ဖြစ်၍ ငရဲခံရမည့်သူများသာပူပြီး ငရဲထိန်းများမှာမူ ပူလောင်ခြင်းမရှိ။ အကုသိုလ် နည်းနည်းဖြင့် ငရဲသို့ ရောက်လာသူများကိုသာ စစ်ဆေးခြင်းဖြစ်၏ (ကိုယ်ကျင့်အဘိဓမ္မာ၊ ၂၈၇)။ မူရင်းပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက် သက်တမ်း အပိုင်းအခြားတွေကို ဖော်ပြထားတာတွေ တော်တော် များများ ပါရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ အချို့ လူသားတို့အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာ ပထ၀ီမြေကြီးထဲမှာ၊ အချို့ အာကာသမှာ ရှိတယ်လို့ အဲဒီကျမ်းဂန် ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။ ထူးခြားတာက ဗုဒ္ဓ၀ါဒမှာ ဘယ်တော့မှ ပြန်ပေါ်မလာနိုင်တော့တဲ့ ထာဝရငရဲဆိုတာမရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်တဲ့ အကုသိုလ်ကြောင့် ယာယီဖြစ်ရတဲ့ ဘ၀တစ်ခုသာဖြစ်ပြီး ငရဲကနေ လူ့ဘ၀ နတ်ဘ၀တွေကို ပြန်ရောက်လာပြီး တရားအား ထုတ်လို့ ဗောဓိညာဏ်ကိုတောင် ရနိုင်ပါသေးတယ်။ ဒါဟာ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿနပါပဲ။
သိပ္ပံနှင့် ဒိဗ္ဗစက္ခုသိပ္ပံဆရာတွေကတောIndian Mythology (အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ ယခုရာစုနှစ်တွေမှာ သိပ္ပံဆရာတွေကပဲ အာကာသမှာ သက်ရှိလောက ရှိနိုင် တယ်လို့ ဆိုလာကြတယ်။ သိပ္ပံဆရာတို့က ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့ အရည်ရှိတယ်လို့လဲ ဆိုတယ်။ ဒီတော့ အရည်ရှိကောင်းတဲ့ နေရာမှာ သက်ရှိသတ္တ၀ါ ရှိတယ်ဆိုတဲ့ သိပ္ပံနိယာမအရ ရေဆူမှတ်နီးနီးပူနေတဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ အသက်ရှင်နေသလို အနှီမြေကြီးထဲက အရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ သက်ရှိလောကတစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။ တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ်လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဒိဗ္ဗစက္ခုညာဏ် စွမ်းအင်ကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဒိဗ္ဗစက္ခုညာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့ အသိညာဏ်နှင့် မနှိုင်းယှဉ်ရဲပါ။

Questioned By - Maung Lumin Date:29 Nov 2007ဆရာတော် အရှင်သူမြတ်များ ဘုရား။တပည့်တော် မေးလိုတာရှိ ၍ မေးခွင့်ပြုပါဘုရား။ မကြာမီက ဆရာတော်တပါး တပည့်တော်၏ မိတ်ဆွေအိမ်သို့ ကြွ ပြီး ညကျိန်းပါသည်။ ထိုဆရာတော်မှာ အသက်ကြီးမှ ဘုန်းကြီးဝတ်ပေမဲ့ ၀ိနည်း အလွန် ဆောက်တည်ပါသည်။ ညအချိန်တွင် ကုတင်ပေါ်မှာ မကျိန်းပါ။ ကုလားထိုင်ပေါ်တွင် ကျိန်းပါသည်။ ကျန်းမာရေးထိခိုက်မည်စိုရိမ် ၍ ကုတင်မှာ ကျိန်းရန် လျောက်သော်လည်း ငြင်းဆိုပါသည်။ ကုတင်ပေါ်မှာ မအိပ်တဲ့အကျင့်ကို ဘာအကျင့်လို့ခေါ်ပါသလဲ။ ထိုအကျင့်မျိုးကို ဗုဒ္ဓ ဟောတော်မူပါသလား။ သံဃာတော်တွေ ကုတင်ပေါ်မှာ မအိပ်ရဟု ဗုဒ္ဓတားမြစ်ခဲ့ပါသလား။ ထိုင်အိပ်ရင် ဘယ်လိုအကျိုးထူးတွေ ရရှိပါ သလည်း ဘုရား။ သိလိုရင်းဖြင့် မေးလျောက်ခြင်းဖြစ် ၍ ဖြေကြားပေးတော်မူပါဘုရား။ရိုသေလျက်တပည့်တော် လူမင်း

Answered By - ဆရာတော် ဦးကောဝိဒတိပိဋက ၀ိနာယဓရ ၀ိနယကောဝိဒ၊မူလအဘိဓမ္မိက သာသနဓဇ သိရီပ၀ရဓမ္မာစရိယ၊မဟာဂန္ထ၀ါစကပဏ္ဍိတ အောင်ရတနာကျောင်း Date: 4 Dec 2007

Answered By - Dr. ဦးဓမ္မပိယဓမ္မာစရိယ Ph.d(USA)(မေတ္တာနန္ဒ၀ိဟာရ ဓမ္မရိပ်သာ၊ ဖရီးမောက်မြို့) Date: 30 Nov 2007ဒကာတော်လူမင်းညအချိန်တွင် ကုတင်ပေါ်မှာ မကျိန်းစက်တဲ့အကျင့်ကို “ဓုတင်္ဂ” ဆိုတဲ့ ပါဠိဝေါဟာရမှ ဆင်းသက်လာတဲ့ “ဓူတင်”အကျင့်လို့ ခေါ်ပါတယ်။ “ဓူတင်”အကျင့် (၁၃) မျိုးရှိတဲ့အနက်က ညအချိန်တွင် ကုတင်ပေါ်မှာ မကျိန်းစက်တဲ့အကျင့်ကို “နေသဇ္ဇိဓူတင်” (သို့မဟုတ်) မြန်မာလိုတော့ “နိသဇ္ဇိဓူတင်” လို့ခေါ်ပါတယ်။ “နိသဇ္ဇိဓူတင်” ကို ဆောက်တည်ပုံကတော့ သေယျံ ပဋိက္ခိပါမိ။ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ၊ ပါဠိတော်အနက် = သေယျံ = အိပ်ခြင်းကို (၀ါ) လဲလျောင်းအိပ်ခြင်းကို၊ ပဋိက္ခိပါမိ= ပယ်ပါ၊ နေသဇ္ဇိကင်္ဂံ = နိသဇ္ဇ အင်္ဂါကို (၀ါ) ထိုင်လျက် နေလေ့ရှိသောသူ၏ အကြောင်းအင်္ဂါစေတနာကို၊ သမာဒိယာမိ = ဆောက်တည်ပါ။ “နိသဇ္ဇိ” အကျင့်ကိုကျင့်ပုံကား ၀ိသုဒ္ဓိမဂ်ကျမ်းအလိုအရ “နိသဇ္ဇိဓူတင်” ဆောင်သောရဟန်းသည် ညဥ့်သုံးယံတွင် တစ်ယံပတ်လုံးထ၍ စင်္ကြံလျောက်အပ်၏။ လဲလျောင်းအိပ်ခြင်းကို ပယ်ရမည်ဖြစ်၏။ သို့သော် ဣရိယာပုထ် ၄ပါးတွင် လဲလျောင်းအိပ်ခြင်းငှာသာ မအပ်။ ကျန် ဣရိယာပုထ် ၃ပါး (ရပ်ခြင်း။ ထိုင်ခြင်း။ စင်္ကြံလျှောက်ခြင်း) လုံးပင် အပ်ပေသည်။“နိသဇ္ဇိဓူတင်” အကျင့်ကိုကျင့်သောပုဂ္ဂိုလ် (၃)မျိုး (အမြတ် အလယ် အနိမ့်) ရှိနိုင်ပြီး။ အမြတ်ဆုံး ဥက္ကÏပုဂ္ဂိုလ်အား နောက်မှီတံကဲပျဉ်ကိုပင် သုံးဆောင်ရန် မအပ်သည်သာတည်း။ ဓူတင်အကျင့်မျုားကို ဗုဒ္ဓဟောတော်မူခဲ့ပါသည်။ သို့သော် မကျင့်မနေရဟု ပညတ်တော်ထား ဟောကြားတော်မူခဲ့သော ၀ိနည်းပညတ်တော်မျိုးတော့ မဟုတ်ပါ။ အလိုနည်းခြင်း၊ ရောင်ရဲလွယ်ခြင်း၊ကိလေသာတို့ကို ခေါင်းပါးစေခြင်းစသော ဂုဏ်တို့ကို ပြည့်စုံစေခြင်းငှာ သီလရှိသော ယောဂီရဟန်းသည် ဓူတင်ဆောက်တည်ခြင်းကို ကျင့်သင့်ဟုသာ မြတ်ဗုဒ္ဓ တိုက်တွန်းတော်မူခဲ့ပါသည်။ ထိုကြောင့် ရဟန်းတော်များ ဓူတင်အကျင့်မျုားကို ကျင့်လိုကကျင့်၊ မကျင့်လိုကလည်း အပြစ်မရှိဟု မှတ်သားနိုင်ပါသည်။ဓူတင်အကျင့်မျုားကို ကျင့်ရခြင်း၏ အကျိုးများကားအလိုနည်းခြင်း၊ ရောင်ရဲလွယ်ခြင်း၊ ကိလေသာတို့ကို ခေါင်းပါးစေခြင်း၊ ဆိတ်ငြိမ်ရာ၌ နေခြင်း၊ အားထုတ်အပ်သော ၀ီရိယရှိခြင်း၊ ဒါယကာတို့က ပြုစုမွေးမြူလွယ်ခြင်း စသော အကျိုးများကို ရရှိနိုင်ပါသည်။

Questioned By - Maung Pai Date: 9 Nov 2007ဆရာတော် အရှင်သူမြတ်များ ဘုရား။မကြာမီက အမေရိကမှာ နေထိုင်သူ တပည့်တော် မိတ်ဆွေတစ်ယောက် မြန်မာနိုင်ငံကိုပြန်စဉ် နာမည်ကြီး ဆရာတော်တစ်ပါးနှင့်တွေ့ပြီး ထိုဆရာတော် ချီးမြှင့် လိုက်သည့် ဗုဒ္ဓ ဓာတ်တော်များကို ရလာခဲ့ပါသည်။ အဆိုပါ ဆရာတော်က ထိုဗုဒ္ဓဓာတ်တော်များကို အသုံးချနည်းကိုလည်း သင်ပေးလိုက်ပါသည်။ ဓာတ်တော်များကို ဆောင်ထားလျှင် ရာထူးမြင့် စီးပွားတက်ကြောင်း။ ဓာတ်တော်များကို ရေစိမ်ပြီး နေ့တိုင်း သောက်လျှင် ကျန်းမာ အသက်ရှည်ကြောင်းနှင့် ကင်ဆာရောဂါ မဖြစ်အောင် လည်း ကာကွယ်ပေးကြောင်း မိန့်တော်မူလိုက်သည်ဟု ဆိုပါသည်။ ဗုဒ္ဓဓာတ်တော်များနှင့် ပတ်သက်သည့် တိကျသော ဗုဒ္ဓဟောကျမ်းဂန်ထွက် အဆိုအမိန့်များနှင့် ဗုဒ္ဓဓာတ်တော်များကို ရေစိမ်သောက်ကောင်း မသာက်ကောင်းလည်း သိလိုပါသည်ဘုရား။မောင်ပိုင်

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 10 Nov 2007ဗုဒ္ဓဓာတ်တော် ဆိုတာ'မြတ်ဗုဒ္ဓ၏ အလောင်းတော်ကို မီရှို့သောအခါ အရေပါး၊ အရေထူ၊ အသား၊ အကြော၊ အစေးများ ပျောက်သွားပြီး ပြာနှင့် မှိုင်းများပင် မကျန်တော့ဘဲ ''သရီရများ''သာလျင် ကျန်ရစ်၏' (ဒီ ၂၊ ၁၃၄)။ 'သရီရများ(သရီရာနိ)ဟူသည် မြတ်လေးပန်း၊ သန့်စင်သည့်ပုလဲ၊ ရွှေအဆင်းသဏ္ဌာန်ရှိသည့် ဓာတ်တော်များကို ဆိုလို၏' (ဒီ-ဋ္ဌ ၂၊ ၁၉၆)။ 'ခန္ဓာကိုယ်၏ အစိတ်အပိုင်း များဖြစ်သည့် အရိုးများ (သရီရဿ အ၀ယ၀ဘူတာနိ အဋ္ဌီနိ)ကို ''သရီရများ''ဟု ဆိုလို၏' (ဒီ-ဋီ ၂၊ ၁၈၉)။ ဒီဖော်ပြချက်တွေကို လေ့လာရင် ပါဠိတော်မှာပါတဲ့ 'သရီရာနိ'ဆိုတဲ့ ပါဠိပုဒ်ကို အဋ္ဌကထာကျမ်းက 'ဓာတ်တော်များ'လို့ ဖွင့်ဆိုတာ၊ အဋ္ဌကထာကိုထပ်ဖွင့်တဲ့ ဋီကာကျမ်းက 'အရိုးများ'လို့ ဆိုတာကို တွေ့ရတယ်။ဥရောပမှာ ဗုဒ္ဓသာသနာထွန်းကားအောင် ကြိုးပမ်းခဲ့သူ ဗုဒ္ဓ၀ါဒီ ပါဠိပညာရှင် ကြေမငခန ႊၽေူ့်န ရဲ့ ဒီဃနိကာယ် အင်္ဂလိပ်ဘာသာပြန်မှာတော့ 'သရီရာနိ (ဟူသည်) အရိုများ(ကို ဆိုလို၏)။ (ယင်းပါဠိဝေါဟာရကို) နောင်အခါ ရဟန္တာများ ကွယ်လွန်ပြီးနာက် ပြာပုံထဲတွင် ကျန်ရစ်ခဲ့ဖွယ်ရှိသည့် ဖျက်ဆီး ခွဲခြမ်း၍မရနိုင်သော ဒြပ်ဝတ္ထု (ှကဘျအညေခန)တစ်မျိုး (ဓာတ်တော်)ဟု အဓိပ္ပာယ် ကောက်ယူကြ၏' (စာ-၅၇၆၊ မှတ်ချက်-၄၆၁)လို့ မှတ်ချက်ပြုပါတယ်။ 'စွယ်တော် လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ ဥဏ္ဏလုံမွေးရှင်တော် တစ်ဆူ၊ ပေါင်း ၇-ဆူမှာ ပကတိ အတိုင်း (မီးမလောင်ကျွမ်းဘဲ) ကျန်ရစ်ပြီး ကျန်ဓာတ်တော် (သရီရ)များမှာ အငယ်ဆုံး မုန်ညင်းစေ့၊ အလတ်စား ဆန်ကျိုး၊ အကြီး ပဲနောက်စေ့ကျိုးခန့် ပမာဏ ရှိကြ၏' (ဒီ-ဋ္ဌ ၂၊ ၁၉၆)။ သဗ္ဗညုတဉာာဏ်တော်ရဲ့တည်ရာ မြတ်ဗုဒ္ဓရဲ့ အလောင်းတော်ကို မီးရှို့ပြီးတဲ့အခါ လူသာမန်တွေလို ပြာ သို့မဟုတ် ခြေရိုး လက်ရိုးစတဲ့ အရိုးတုံးကြီးတွေ မကျန်ရစ်ဘဲ ထူးဆန်း အံ့သြဖွယ် အစိုင်အခဲလေးတွေ ဖြစ်သွားတယ်။ အဲဒါကို ဓာတ်တော် ခေါ်တယ်လို့ ယနေ့ခေတ် ဗုဒ္ဓ၀ါဒီတွေ နားလည် ယုံကြည်ကြပါတယ်။
ဗုဒ္ဓဓာတ်တော် သမိုင်း'ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ္တုမင်း၊ ဝေသာလီပြည်သား လိစ္ဆ၀ီမင်းများ၊ ကပိလ၀တ္ထုပြည်သား သကျမင်းများ၊ အလ†ကပ္ပပြည်သား ဗုလိမင်းများ၊ ရာမရွာသား ကောလိယမင်းများ၊ ဝေဌဒီပတိုင်းသား ပုဏ္ဏား၊ ပါဝါမြို့သား မလ†ာမင်းများ၊ ကုသိနာရုံပြည်သား မလ†ာမင်းများသည် ဓာတ်တော်ဝေစုကို အညီအမျ ရရှိကြပြီး ဓာတ်တော်ဝေသူ ဒေါဏပုဏ္ဏားမှာ ပြည်တောင်း၊ နောက်မှ ရောက်လာသူ ပိပ္ပလိဝန အရပ်သား မောရိယမင်းများကား မီးသွေးများ ရရှိကြ၏။ ရှစ်ပြည်ထောင်မင်းတို့သည် မိမိတို့တိုင်းပြည်၌ ဓာတုစေတီများ တည်ကြ၏။ ဒေါဏနှင့် မောရိယတို့လည်း ပြည်တောင်းစေတီ နှင့် မီးသွေးစေတီ တည်ကြ၏' (ဒီ ၂၊ ၁၃၇)။'စေတီတည်ပြီးသောအခါ အရှင်မဟာကဿပ မထေရ်သည် ရာမရွာရှိ စေတီမှတစ်ပါး ကျန်ခုနစ်ပြည်ထောင်မင်းတို့၏ စေတီမှ ဓာတ်တော်အားလုံးကို ယူဆောင်ပြီး အနည်းငယ်မျသာ ချန်ထားလျက် အဇာတသတ်မင်းနှင့် တိုင်ပင်၍ ရာဇဂြိုဟ်မြို့၏ အရှေ့တောင်အရပ် (တစ်နေရာ)၌ အတောင်ရှစ်ဆယ် အနက်တူးပြီးလျင် ဓာတ်တော်အားလုံးကို တစ်ပေါင်းတည်း ဌာပနာ (ထွည့်သွင်း)ခဲ့၏။ ရာမဂါမစေတီရှိ ဓာတ်တော်များမှာမူ အန္တရာယ်မရှိနိုင်ဘဲ နောင်အခါ သီရိလင်္ကာနိုင်ငံရှိ မဟာစေတီ၌ ကိန်းဝပ်မည်ဖြစ်သောကြောင့် ထုတ်ယူခြင်း မပြုခဲ့ပေ' (ဒီ-ဋ္ဌ ၂၊ ၂၀၆)။ '(အရှင်မဟာကဿပသည်) ဓာတ်တော်များအား မကြည်ညိုသူတို့ ဖျက်ဆီးမည့် အန္တရာယ်ကို မြင်တော်မူကြောင့် (ဒီ-ဋီ ၂၊ ၁၈၇) တန်ခိုးဖြင့် (ဓာတ်တော်များကို) ရယူ၍ (ဣဒ္ဓိယာ အာဟရိတွာ၊ ၀ိသုဒ္ဓိ-ဋီ ၂၊ ၆၄) ထိုမင်းတို့၏လက်၌ အနည်းငယ်မျသာ ချန်ထားခဲ့ပြီး စေတီများတွင် ဘာမျမထားခဲ့ဘဲ (ရာဇူနံ ဟတ္ထေ ဌပေတွာ၊ န စေတိယေသု၊ ဒီ-ဋီ ၂၊ ၁၈၇) (ဓာတ်တော်များဌာပနာမည့်) မြေတိုက်ခန်း (ဘူမိဃရမဏ္ဍပ)ကို (အဇာတသတ်မင်း၏ အကူအညီဖြင့်) လျို့ဝှက် တည်ဆောက်ခဲ့ခြင်းဖြစ်၏' (၀ိသုဒ္ဓိ-ဋီ ၂၊ ၆၄)။ ရာဇဂြိုဟ် အရှေ့တောင်ဖက်က အဲဒီ ဓာတ်တော်တိုက်ဟောင်းနေရာကို ရှေးဟောင်းသုတေသနတို့ ရှာဖွေ တူဖော်သင့်ပါတယ်။'နောက်ထပ် နှစ်ပေါင်း ၂၁၈-နှစ် အကြာ (ဘီစီ ၃၂၅)တွင် အသောကမင်းကြီးသည် အဇာတသတ်မင်း ဌာပနာခဲ့သည့် ''ဓာတ်တော်တိုက်'' နေရာကိုရှာဖွေပြီး ထိုဓ ဓာတ်တော် အနည်းငယ်သာ ချန်ထားလျက် ဓာတ်တော်အားလုံးကိုယူပြီး နိုင်ငံတော်အတွင်း တည်ဆောက်နေသည့် စေတီတော်များ၌ ခွဲဝေဌာပနာထားခဲ့၏' (ဒီ-ဋ္ဌ ၂၊ အသောကခေတ် ကိုးတိုင်းကိုးဌာန သာသနာပြုပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓဓာတ်တော်အချို့ အာရှတစ်ခွင်သို့ ပြန့်နှံ့သွားဖွယ်ရှိတယ်။ ပြီးတော့ အေဒီ ၁၃ ရာစု အိန္ဒိယမြောက်ပိုင်း ပိုင်းကို မူဆလင်တွေ ၀င်စီးတဲ့အခါ စေတီတွေကို ဖျက်ဆီး၊ ဘုန်းကြီးကျောင်းတိုက်တွေ မီးရှို့၊ ဘုန်းကြီးတွေကို သတ်ဖြတ်လို့ နိုင်ငံကထွက်ပြေးတိမ်းရှောင်ကြတဲ့ သံဃာတွေနဲ့ ဓာတ်တော်အချို့ ပါသွားဖွယ်ရှိတယ်။ ခေတ်အဆက်ဆက် သာသနာပြုရဟန်းတွေနဲ့ အတူလဲ ဓာတ်တော်အချို့ အိန္ဒိယအပြင်ဘက်သို့ ရောက်သွားနိုင်ဖွယ် ရှိပါတယ်။
ဗုဒ္ဓဓာတ်တော် စစ်ရဲ့လားဗုဒ္ဓဓာတ်တော်တွေကို အမေရိကတစ်ခွင် ဦးဆောင်လှည့်လည်ပြသသူ တိဗက်ရဟန်းတော် အရှင်ပိယဒဿီကို ၀ါရှင်တန်ပို့စ် သတင်းထောက်က 'ဗုဒ္ဓရဲ့ ဓာတ်တော်တွေ စစ်မှန်တယ်လို့ အာမခံပါသလား'လို့ မေးတဲ့အခါ 'ဒီဓာတ်တော်တွေမှာ အခြားနေရာအားလုံးမှာ တွေ့ရတဲ့ ဗုဒ္ဓဓာတ်တော်တွေနဲ့ သွင်ပြင်တူညီတဲ့အတွက် သကျမုနိဗုဒ္ဓရဲ့ ဓာတ်တော် အစစ်အမှန်တွေပါပဲ' လို့ ဖြေပါတယ်။ ဒီရဟန်းတော်ဟာ မန်ချက်ချူးဆပ်စ် နည်းပညာတက္ကသိုလ် (ြ.ှု.ွှ.)က ဧည့်ပညာရှင်ဖြစ်ပြီး ဗုဒ္ဓဓာတ်တော်တွေ တည်ရှိဆဲဖြစ်တဲ့ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေက စေတီ တော်တွေကို ပြုပြင်တည်ဆောက်ရာမှာ ပါဝင်သူ ဖြစ်ပါတယ်။ ဓာတ်တော်အစစ်ကို ရနိုင်ပါတယ်။ ဒါပေမဲ့ သာမန်အနေနဲ့ ရဖို့တော့ မလွယ်ဘူးလို့ ဆိုချင်တာပါ။
မေးခွန်းရဲ့ အဖြေဓာတ်တော်ရဲ့ သဘာဝနဲ့ ပြန့်နှံ့ပုံကို အကြမ်းဖျင်း သိပြီးပါပြီး။ ဗုဒ္ဓဓာတ်တော်အစစ်ဆိုတာ အလွန်ရနိုင်ခဲတဲ့ ရှားပါးပစ္စည်းပါ။ ဓာတ်တော်ကို ပေးလိုက်တဲ့ နာမည်ကြီး ဆရာတော်ဟာ မိမိ ထံလာသူတိုင်းကို ဝေငှပေးမှာဖြစ်လို့ ဒီလောက်များပြားတဲ့ ဗုဒ္ဓဓာတ်တော်အစစ်ကို ယခုခေတ်မှာ ရနိုင်မယ်မထင်ဘူး။ ဒါကြောင့် ဓာတ်တော်ပွား (အဖြောင့်ပြောရင် ဓာတ်တော်အတု)ကို ချီးမြှင့်လိုက်တာပဲ ဖြစ်ဖို့များပါတယ်။ ဓာတ်တော်ကို ရေစိမ်သောက်တာကတော့ ကြည်ညိုအားကိုးစိတ်နဲ့ လုပ်တာဖြစ်လို့ အကုသိုလ် ဖြစ်မယ်မထင်ဘူး။ တစ်ခုတော့ ရှိတယ်၊ ဗုဒ္ဓဓာတ် တော် စစ်မစစ် သို့မဟုတ် ဓာတ်တော်ပွား ပြုလုပ်တဲ့ ဒြပ်ဝတ္ထုမှန်ကို အတိအကျမသိဘဲတော့ ရေစိမ် မသောက်သင့်ဘူးလို့ ထင်တာပဲ။

Questioned By - Soe Min Nyunt Date: 30 Oct 2007Dear sayadaw,I would like to ask a question.I often do white lies.In five precepts,it is not accepted any lies.I tries not to do white lies but I notice that without white lies ,there will not be convenience in any relationship at present life.Could you explain me the pros and cons of doing white lies at present life and in vicious cycle not only with the view of Theravada buddhism but also with the opinion of non- theravada buddhism.Paying respect,soe min

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 1 Nov 2007သစ္စာမန္တန်ဗုဒ္ဓလောင်းလျာ ငုံးငှက်မင်းဖြစ်စဉ်က 'ငါ့မှာ အတောင်တွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ မပျံနိုင်သေးပါ။ ခြောထောက်တွေလဲ ရှိပါရဲ့၊ မပြေးနိုင်သေးပါ။ မိဖနှစ်ပါးလဲ ထွက်ပြေးကြပြီ။ (ဤမှန်တဲ့ သစ္စာစကားကြောင့်) အို တောမီး၊ ရှောင်းရှားပါလော့'လို့ သစ္စာပြုလိုက်လို့ တောမီးကွင်းပြီး အသက်ချမ်းသာခဲ့ပါတယ်။ ဒါကြောင့် ပါရမီခန်းပျို့မှာ 'စကားသစ္စာ တည်သောခါလျင် သစ္စာ လေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏'လို့ စပ်ဆိုပါတယ်။ သစ္စာမန္တန်နဲ့ အသက် ချမ်းသာသူတွေ ရောဂါပျေက်ကင်းသူတွေ ဘ၀အခက်အခဲကို ကျော်လွှားနိုင်သူတွေ အကြောင်း ကျမ်းဂန်မှာ များစွာဖော်ပြပါတယ်။ 'မုသားစကား ဆိုတတ်သူဟာ ဘယ်မကောင်းမှုကိုမဆို လုပ်ဖို့ ၀န်မလေးဘူး'လို့ ဣတိဝုတ်ပါဠိတော် (စာ၊ ၂၀၇)မှာ မြတ်ဗုဒ္ဓ ဟော ထားလို့ မုသားရဲ့ ဆန့်ကျင်ဘက် သစ္စာတရားရဲ့ လေးနက်ပုံနဲ့ မုသာဝါဒမှ ရှောင်ကြဉ်မှုရဲ့ တန်ဖိုးကို နားလည်ဖို့ လိုပါလိမ့်မယ်။
သစ္စာပါရမီပါရမီဆိုတာ တစတစ ဖြည်းဖြည်းချင်း ဖြည့်ဆည်းရတာမျိုးပါ။ ထပ်ခါထပ်ခါ၊ မရပ်မစဲ၊ စိတ်ပါလက်ပါ လုပ်ရတယ်။ တွန့်ဆုတ်ခြင်း မရှိရဘူး။ သစ္စာဆိုတာ ကတိတရားရဲ့ ပြီးပြည့်စုံခြင်း၊ မိမိစကားကို မဖောက်ဖျက်ခြင်း၊ ပြောတဲ့အတိုင်း လုပ်၊ လုပ်တဲ့အတိုင်း ပြောခြင်းလို့လဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဗုဒ္ဓ လောင်းလျာတွေကျတော့ အမှန်တရားဟာ သူတို့ရဲ့ ဘ၀လမ်း ညွှန်ဖြစ်လို့ ယျဉ်ကျေးမှုကို ဖော်ပြဖို့တောင် အမှန်တရားကို ဖုံးကွယ်လေ့မရှိဘူး။ ကတိပေးပြီးရင် အသက်ကိုပင် စွန့်ရဲကြတယ်။ ဟိရီတဇာတ် (အမှတ် ၄၃)အရ ဗုဒ္ဓလောင်းလျာဟာ ဘ၀သံသရာမှာ ကျင်လည်စဉ်မှာ အခြားသီလလေးပါးကို တစ်ခါတစ်ရံ ချိုးဖောက်နိုင်ပေမဲ့ မမှန်စကားကိုတော့ လုံးဝ မ>မက်ဟဘူးတဲ့။ ဟိရိဇာတ် (အမှတ် ၃၆၃)မှာတော့ 'ကတိအတိုင်း အမှန်ပင် တည်ပါစေ၊ မလုပ်နိုင်တဲ့ ကတိကို ငြင်းဆိုပါ၊ အချည်းနှီး ၀ါကြွားသူတွေကို ပညာရှိတွေ မယုံကြည်ကြဘူး'လို့ သတိပေးထားပါတယ်။ မဟာသုတသောမဇာတ် (အမှတ် ၅၃၇) အရ 'ကောင်းကင်ယံမှ နံနက်ခင်း ကြယ်စယ်ဟာ မပြောင်းလဲတဲ့ လမ်းကြောင်းမှန်မှာ တည်နေသလို၊ ရာသီတွေ အချိန်တွေ နှစ်တွေလဲ ¤င်းတို့ရဲ့ လမ်းခရီးစဉ်မှ မသွေဖည်သလိုပဲ အလုံးစုံ အသိပညာနဲ့ ပြောဆိုသူဟာ အမှန်လမ်းစဉ်မှ လုံးဝ မယိမ်းယိုင်ပါဘူး'လို့ ဆုံးမပါတယ်။
အနှစ်သာရမပြောခင်နဲ့ ပြောဆဲမှာ မမှန်မှန်းသိလျက် ပြောဆိုတာကို မုသားလို့ဆိုပါတယ်။ မုသားပြောချင်တဲ့စိတ်ရှိနေရင်၊ အဲဒီစိတ်နဲ့ ကိုယ်နှုတ်တစ်ခုခုနဲ့ မိမိပတ်ဝန်းကျင်ကို မဟုတ်တာကို အဟုတ်၊ အဟုတ်ကို မဟုတ် ပြောမိရင် မုသားမြောက်ပါတယ်။ မုသာဝါဒ သိက္ခာပုဒ်နဲ့ လောကလူ့ဘောင်မှာ နေထိုင်ခိုက် အတွင်းစိတ်နဲ့ အပြင်ပ >မက်ဆိုမှုတွေအကြား ခြားနားချက်မရှိ အောင် လေ့ကျင့်ရပါမယ်။ မုသာဝါဒ ရှောင်ကြဉ်သူရဲ့ ကိုယ်ပိုင်ဘ၀ဟာ အများသိတဲ့ မိမိဘ၀နဲ့ တစ်ထပ်တည်း ဖြစ်ပါတယ်။ သူတစ်ပါးရဲ့  နှစ်လိုမှုကို ရယူဖို့ ကြွားဝါတာကို မလုပ်ဘူး။ သူတစ်ထူးရဲ့ ချီးမွမ်းတာကို ရယူဖို့ ကိုယ့်ဟာကိုယ် ချီးမွမ်း စကားမဆို။ အဲဒါအတွက် ကိုယ့်ရဲ့ ချွတ်ယွင်းချက်တွေကို ဖုံးကွယ်မထား။ မိမိရဲ့ကိုယ်ကျင့်တရားကို အကျိုးမဲ့စွာ ထုတ် ဖော်မပြဘူး။ ချီးမွမ်းထိုက်သူကို ချီးမွမ်း စကားဆိုပြီး ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့တယ်။ ဒါပေမဲ့ အထင်သေးလို့ မဟုတ်ဘဲ ကြင်နာလို့သာ ဖြစ်ပါတယ်။အမှန်တရားကို မြွက်ဆိုမှုဟာ အခြားသူတွေရဲ့ ကောင်းကျိုးချမ်းသာကို မဖြစ်ပေါ်စေရင် ဆိတ်ဆိတ် နေသင့်တာပေါ့။ အကယ်၍ အမှန်စကားဟာ အခြားသူတစ်ယောက်ကို အကျိုးရှိမဲ့ ပုံပေါ်ရင် ပြောလိုက်မိလို့ မိမိကိုယ်တိုင်ကို နစ်နာစေနိုင်ပေမဲ့ အဲဒီစကားကို မြွက်ဆိုသင့်တယ်။ မိမိစကားကို လေးစားသကဲ့သို့ အခြားပုဂ္ဂိုလ်တွေရဲ့ စကားကိုလဲ ထောမနာပြုပါတယ်။ ဆိုလိုတာက မုသာဝါသိက္ခာပုဒ်မှာ အဲဒီအနှစ်သာရတွေပါလို့ လူ့အသိုင်းအ၀ိုင်းမှာ အဆင်ပြေနိုင်တဲ့ နည်းနဲ့ (အဲဒီနည်းက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး) တတ်နိုင်သမျ ကြိုးစားပြီး လိုက်နာကျင့်သုံးဖို့သာ အရေးကြီးကြောင်းပါ။

Questioned By - Nay Myo Linn Date: 20 Oct 2007ဆရာတော်အရှင်မြတ်များဘုရား
ခြေတော်ဦးခိုက် လျောက်ထားအပ်ပါသည် - ရဟန်းတစ်ပါးသည် လေးမြား၊ ဓား၊ တုတ်၊ သေနတ် စသော လက်နက်ကိုင်ဆောင်ထား သူများအား လူသားတစ်ယောက်ကို သတ်ဖြတ်ရန် တိုက်တွန်း အားပေး၊ နည်းပြလမ်းညွှန် လုပ်ကောင်းပါသလား၊ အကယ်၍ လုပ်ခဲ့လျင် ထိုရဟန်းတော်သည် ၀ိနည်းအရ မည်သည့် အပြစ်ရှိပါသနည်း။ ကျမ်းဂန်နှင့်အညီ ဖြေကြားပေးစေချင်ပါသည်။နေမျိုးလင်းAustin, TX

Answered By - ဆရာတော် ဦးကောဝိဒတိပိဋက ၀ိနာယဓရ ၀ိနယကောဝိဒ၊မူလအဘိဓမ္မိက သာသနဓဇ သိရီပ၀ရဓမ္မာစရိယ၊မဟာဂန္ထ၀ါစကပဏ္ဍိတ အောင်ရတနာကျောင်း Date: 24 Oct 2007

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 23 Oct 2007ဓမ္မဂုဏ်ရည်ကို ညှိုးစေသူပိဋကတ်သုံးပုံထဲမှာ 'ဗုဒ္ဓဘုရားရှင်ဟာ မိမိကိုဖြစ်စေ၊ မိမိနှင့်ပတ်သက်သူကိုဖြစ်စေ ဆန့်ကျင်တဲ့လူတွေကို စိတ်ဆိုးပြီး အဲဒီလူတွေကို သတ်ပစ်ဖို့ လက်နက်ရှိသူတွေကို အားပေးတယ်' ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်းလောက်သာ ပါခဲ့မယ်ဆိုရင် ဗုဒ္ဓရဲ့တရားတော်မှာ 'ဧဟိ ပဿကော = လာပါ ရှုပါလို့ စမ်းသပ်ခံနိုင်'တဲ့ ဓမ္မဂုဏ်ရည် မရှိနိုင်တော့ပါဘူး။ ဗုဒ္ဓဘာသာ ဟာ ကမ္ဘာပေါ်မှာ ယုခုလောက်လဲ ထွန်းပြောင်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဗုဒ္ဓတရားတော်အရ သက်ရှိသတ္တ၀ါတစ်ယောက်ကို သတ်ဖို့ မည်သည့် ဗြဟ္မာဘုရား နတ်သိကြားမှာမှ အထူးအခွင့်အရေး မရှိပါဘူး။ သင့်လက်ပေါ်မှာ တွားသွားနေတဲ့ ပုရွက်ဆိတ်ကလေးကိုတောင် စိတ်ထင်တိုင်း သတ်ပစ်ဖို့ အခွင့်အရေး သင့်မှာ မရှိဘူး။ ဗုဒ္ဓတရားတော်အစစ်က အဲဒီလို ဖြစ်လို့ ဗုဒ္ဓရဲ့သားတော်ဖြစ်တဲ့ ရဟန်းအစစ်တွေက လူတစ်ယောက်ကို သတ်ဖို့ လက်နက်ကိုင်လူသတ်သမားကို ဘယ်လိုလုပ်ပြီး တိုက်တွန်း အားပေးကောင်းပါ့မလဲ။ အားပေးတိုက်တွန်း ခဲ့ရင်လဲ အဲဒီရဟန်းဟာ ကိုယ်တိုင် ရဟန်းအဖြစ်က လူ့အဖြစ်ကို လျောကျသွားရုံမက ဓမ္မဂုဏ်ရည်ကိုလဲ ညှိုးမှိန်အောင် လုပ်ရာကျပါတယ်။
လူသတ်အင်္ဂါငါးပါးရဟန်းတစ်ပါးဟာ ကိုယ်တိုင် လူကိုသတ်ရင်၊ အနည်းဆုံး ကိုယ်ဝန်ဆောင်မိန်းမကို ပဋိသန္ဓေဖျက်ဆေး ပေးမိရင်၊ ဒါမှမဟုတ် အခြားတစ်ယောက်ကို လူသတ်ဖို့ စေခိုင်း အားပေး တိုက် တွန်းရင်၊ သေချင်နေတဲ့လူကို သေတာကောင်းတယ်လို့ မြှောက်ပေးရင်၊ သေချင်နေသူရဲ့ အနီးအနားမှာ လူသတ်ပစ္စည်းတွေကို ချထားပေးရင် အဲဒီရဟန်းဟာ သင်္ကန်းဝတ်ထားပေမဲ့ ရဟန်းဆိုတဲ့ အရေအတွက်ထဲ မပါတော့ဘူး။ လူသတ်မှု ထမြောက်ဖို့အတွက် - ၁) သတ်မဲ့လူဟာ လူသားစင်စစ်ဖြစ်ခြင်း၊ ၂) အဲဒီလူ အသက်ရှိနေတယ်လို့ သိခြင်း၊ ၃) သတ် (သေစေ) လိုတဲ့ စေတနာ ရှိခြင်း၊ ၄) ကိုယ်တိုင် လုံ့လပြု၍ သတ်ခြင်း ၅) အသတ် ခံရသူ သေဆုံးခြင်းလို့ အင်္ဂါငါးချက် ရှိပါတယ်။
စေခိုင်းပုံ ၆ မျိုးအခြားလူကို စေခိုင်းရာမှာ သတ်မှတ်ချက် လွဲခဲ့ရင်တော့ အာပတ်မသင့်ဘူး။ ဥပမာ 'ဦးဒတ္တကို (၀တ္ထု)၊ မွန်းလွဲ ၁ နာရီအချိန် (ကာလ)၊ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်မှာ (သြကာသ)၊ လှံစွပ်နဲ့ (အာဝုဓ)၊ (ဦးဒတ္တ) လမ်းလျောက်နေတုန်း (ဣရိယာပထ)၊ ရှေးတည့်တည့်ကနေ ဗိုက်ကို ထိုးပြီး (ကြိယာဝိသေသ) သတ်ပါ'လို့ ဆရာတော် ဦးတိဿက အကြံပေးခဲ့ပေမဲ့ လူသတ်သမားက ဦးဒတ္တကို မသတ်ဘဲ ဦးဇောတကို သတ်မိရင် ဆရာတော် ဦးတိဿ ပါရာဇိကမကျဘူး။ အဲဒီ ခြောက်ချက်နဲ့ အတိအကျ ခိုင်းရင် အတိအကျ ညီñွတ်မှ ခိုင်းသူ ရဟန်းအဖြစ် ဆုံးရှုံးပါတယ်။ ဒါပေမဲ့ သာမန် ခိုင်းရင်တော့ အပြစ်လွတ်လမ်း မရှိနိုင်ဘူး။ ဥပမာ လူသတ်သမားကို ဆရာတော် ဦးတိဿက 'ဟေ့ ဒကာ၊ ဦးဒတ္တကို သတ်ပစ်'လို့ပြောလို့ လူသတ်သမားအနေနဲ့ ဦးဒတ္တကို သတ်ရင် ဦးဒတ္တသေတဲ့အချိန်မှာ ဆရာတော် ဦးတိဿ ဘုန်းကြီး မဟုတ်တော့ဘူး။
သတ်မှတ်ချက် မရှိလိုဆရာတော် ဦးတိဿက လက်နက်ကိုင်တွေကို 'ခင်ဗျားတို့ကို ဆန့်ကျင်သူဟာ ခင်ဗျားတို့ရဲ့ ရန်သူပဲ၊ ရန်သူဆိုတာကို အကြွင်းအကျန် မထားနဲ့၊ အပြတ်ရှင်းပစ်'လို့ သာမန်ပဲ တိုက်တွန်း အားပေးပြီးတဲ့နောက် လက်နက်ကိုင်တွေဟာ ၄င်းတို့အား ဆန့်ကျင်သူမှန်သမျကို 'ဘယ်သူ့ကို မဆို၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လက်နက်၊ ဘယ်လိုနေတုန်း၊ ဘယ်နည်းနဲ့ပဲ သတ်သတ်' လူတစ်ယောက်သေတာနဲ့ စေခိုင်းသူ ဆရာတော် ဦးတိဿ ရဟန်းမဟုတ်တော့ဘဲ သင်္ကန်းဝတ်ကြီး ဖြစ်သွားပါတယ်။ အလယ်က ပြတ်ကျိုးသွားတဲ့ ထန်းပင်ကို ပြန်ရှင် အောင် လုပ်လို့ မရသလို တစ်သက်လုံး ဘုန်းကြီး ပြန်ဝတ်ခွင့်လဲ မရှိတော့ဘူး။

ဗုဒ္ဓတရားတော် အမေးအဖြေများ .......(၁)

Questioned By - Warren Aung Date: 18 Sep 2007ဆရာတော်အရှင်မြတ်များဘုရား
တပည့်တော်သိချင်တာတစ်ခုရှိပါသည်။ယင်းမှာ- စုတေစိတ်မကျမှီ မျက်စိ၊ နား၊ နှခေါင်း၊ လျှာ၊ တစ်ခုပြီးတစ်ခု ချုပ်သည်ဟုကြားဘူးပါသည်။ စုတေစိတ်မကျမှီမည်သည်ကစ၍ချုပ်ပြီးနောက်ဆုံးမည်သည်ချုပ်သည်ကို ဖြေကြားပေးပါ။ရိုသေစွာဖြင့်,Warren AungNew Zealand
Questioned By - Daw May Kyin Date: 25 Jun 2008ဆရာတော် အရှင်မြတ်များ ဘုရားတပည့်တော်မ မေကြင်ပါဘုရား။ Vancouver မှာ နေထိုင်ပါသည်။ အိမ်မက် မက်တဲ့အတိုင်း အပြင်မှာ တကယ် ဖြစ်တတ်ပါသလား။ အိမ်မက်နှင့် ပတ်သက်ပြီး ဗုဒ္ဓက ဘယ်လို ဟောကြားတော်မူပါသနည်း။ တပည့်တော်ကတော့ အိမ်မက် မက်ခဲပါသည်။ အိမ်မက် မက်လျင်လည်း အပြင်မှာ တကယ် ဖြစ်လာလေ့ ရှိပါသည်။ အိမ်မက်နှင့် ပတ်သက်ပြီး ဆရာတော်တို့၏ ဗဟုသုတကို မျဝေပေး စေလိုပါသည် ဘုရား။ နောက်ပြီး မဖတ် မနာရသည်မှာ ကြာပြီဖြစ်သည့် ကောသလအိပ်မက် ၁၆ ချက်ကိုလည်း ထပ်မံပြီး မှတ်သားလိုပါသည် ဘုရား။မေကြင်Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 01 Jul 2008
Questioned By - Khin Hninthet Date: 24 Jun 2008ဘုန်းဘုန်း ဘုရား၊ တပည့်တော်၏ ဖခင် မကွယ်လွန်မီ ဒုလဘ ပဉ္စင်းခံတုန်းက ၀တ်ခဲ့တဲ့ သင်္ကန်းကို အဖေ့အမှတ်တရ ခေါက်ပြီး ဘုရား ကျောင်းပေါ်မှာ တင်ထားလိုပါသည်။ မိတ်ဆွေ တစ်ယောက် က အ၀တ်ဟောင်း ဖြစ်သည့်အတွက် မတင်ကောင်းဟု အကြံ ပေးပါသည်။ တပည့်တော် မည်သို့ ပြုရမည်ကို မိန့်ကြား ပေစေချင်ပါတယ် အရှင်ဘုရား။ခင်နှင်းသက် (Ohio)Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 28 Jun 2008
Questioned By - Ma Mya Myinzu Date: 20 Jun 2008ဆရာတော် အရှင်မြတ်ဘုရားသမီးက ဗဟန်းမှာ နေပါသည်ရှင့်။ မနီးမဝေးမှာ အရှင်ဥပဂုတ္တ ကျောင်းဆောင် ရှိပါတယ်။ ဆိုင်ကလုန် မုန်တိုင်းကြီးတိုက်လို့ ကျောင်းဆောင် အနည်းငယ် ပျက်စီးသွားတာကို ပြုပြင်ဖို့ ယခုအခါ ဂေါပကတွေက အလှူခံနေကြပါတယ်။ သမီးတို့ အိမ်နားက ဘကြီးတစ်ယောက်က ဥပဂုတ်ဟာ ဘုရားဟော မဟုတ်ဘူး၊ ဟုတ်တယ်ဆိုရင် ခုလိုမျိုး လေဘေးဆိုးကြီးနှင့် မကြုံအောင် ဘာပြုလို့ တားဆီးမပေးတာလဲ၊ မိုးရွာအောင်တောင် လုပ်ပေးနိုင်သေးတဲ့ ဥစ္စာပဲ လို့ သမီးတို့ ဖေဖေကို ပြောနေတာကို ကြားလိုက်ရပါတယ်။ အဲဒီ ဘကြီးပြောတာ ဟုတ်ပါသလားရှင့်။ အရှင်ဥပဂုတ္တမထေရ် အကြောင်းကို သိလိုပါသည့်ရှင့်။ရိုသေစွာဖြင့်မြမဉ္ဖူ၊ ဗဟန်း
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 22 Jun 2008
Questioned By - Lwin Myint Oo Date: 15 Jun 2008ဆရာတော် အရှင်မြတ်ဘုရား..တပည့်တော် တစ်ခု မရှင်းလင်းသောကြောင့် လျှောက်တင်ခွင့်ပြုပါဘုရား။ မိဘဘိုးဘွားများက ကလေးများကို ဘုန်းကြီးများ၏ အရိပ်ကို မနင်းကောင်းဟု ဆုံးမကြပါသည် ဘုရား။ ထိုသို့ဆိုလျှင် တပည့်တော်တို့စေတီပုထိုးများကို သွားရောက်သည့် အခါများတွင် အချိန်အခါပေါ်လိုက်ပြီး နေရောင်၏ အရိပ်ကြောင့် ထို စေတီပုထိုး များ၏ အရိပ်ကိုနင်းမိကြမည်မှာ မလွဲဧကန် ဖြစ်ပါသည် ဘုရား။ ဘုန်းတော်ကြီး များ၏ အရိပ်ထက်မြတ်စွာဘုရားရှင်၏ ဓါတ်တော်မွေတော်များ ဌာပနာထားသော ထိုစေတီပုထိုးများ၏ အရိပ်ကို ပို၍မနင်းသင့်သလိုဖြစ်နေပါသည်။ မနင်းသင့်ဟူသော စကားရပ်နှင့် ပတ်သက်၍မှန်မမှန်ရှင်းပြပေးပါရန် လျှောက် ထားအပ်ပါသည် ဘုရားရိုသေစွာဖြင့်လွင်မြင့်ဦး(စင်ကာပူ)
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 20 Jun 2008စိတ်ထားတူနေဆင်းတုဟာ ဆင်းတုပါပဲ။ ဒါပေမဲ့ အဲဒီ ဆင်းတုကိုပဲ သက်ရှိဗုဒ္ဓလို စိတ်ထားနိုင်ရင် “သမေ စိတ္တေ သမံ ဖလံ = စိတ်ထားတူနေ ကျိုးနေမျှ၏” ဆိုတဲ့ ဒေသနာတော် (၀ိမာန၊ ၆၆)အရ ဗုဒ္ဓဆင်းတု၊ ဗုဒ္ဓဓာတ်တော်တွေ ကိန်းဝပ်တဲ့ စေတီတော်တွေကို သက်တော်ထင်ရှား ဗုဒ္ဓအလား ရိုသေကြတာ ဖြစ်ပါတယ်။ အဲဒီတော့ စေတီတွေရဲ့ အရိပ်ကိုလဲ သက်တော်ထင်ရှား ဗုဒ္ဓရဲ့ အရိပ်လို သဘောထားနိုင်ရင် ပိုလေးနက်တာမို့ ကောင်းတဲ့ အလုပ်ပါ။ ဒါပေမဲ့ ပညာနဲ့ ချင့်ချိန်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဗုဒ္ဓ၀ါဒမှာ စိတ် (စေတနာ) နဲ့ ပညာ ပြဋ္ဌာန်းပါတယ်။ရွှေတိဂုံပေါ်မှာနံနက်ဖြစ်စေ ညနေခင်းဖြစ်စေ ရွှေတိဂုံဘုရာပေါ်ကို တက်ရင် အနောက် သို့မဟုတ် အရှေ့ဖက် ခြမ်းတွေမှာ ဘုရားရိပ်ကို ဘယ်နည်းနဲ့မှ မရှောင်နိုင်လို့ ကောင်းမှုပြုသူတွေ အပြစ်မရှိနိုင်ပါဘူး။ ဘုရားရိပ်ခိုပြီး မတော်တာ လုပ်ရင်ဖြစ်စေ၊ ငရဲကို မကြောက်ဘူး ဆိုပြီး ရော့ဟလို့ တမင်သက်သက် ဘုရားရိပ်ကို ဖနောင့်နဲ့ ဆောင့်တာဖြစ်စေ လုပ်ရင်တော့ အပြစ်ရှိမှာပဲ။ စိတ်ထား ကွာလို့ပါ။ အမှန်တော့ အရိပ်ကို မတော်လို့ နင်းမိရုံနဲ့လဲ အပြစ်မရှိတန်ရာပါဘူး။ ဘုရားနောက်က လိုက်သွားတဲ့ သားတော် ရာဟုလာက “ခမည်းတော်ရဲ့ အရိပ်ဟာ သိပ်အေးတာပဲ”လို့ ဆိုတယ်။ အဲဒီ အရိပ်ဟာ ဗုဒ္ဓရဲ့ ကိုယ်ကထွက်တဲ့ တကယ့်အရိပ်လဲ ဖြစ်နိုင်ပါတယ် (သုခါ တေ သမဏ ဆာယာ။ ဇာ-ဋ္ဌ ၁၊ ၁၀၇)။ ဗုဒ္ဓရှင်တော်မြတ်ဟာ မိမိအရိပ်ကို နင်းမိလို့ အပြစ်ရှိမယ်ဆိုရင် သားတော် ရာဟုလာကို အရိပ် မနင်းမိအောင် ဆုံးမတော်မူမှာပါ။ သီလ၀န္တ ရဟန်း သံဃာတော်တွေရဲ့ အရိပ်နဲ့ ပတ်သက်လို့လဲ အဲဒီလိုပဲ နားလည်ပါ။ဟန်ဆောင်မှုကံမကောင်းလို့ မျက်လုံးကို မပွင့်တပွင့်မှေးပြီး ငါးသလောက်ပြုံးနဲ့ လူတွေကို ယုံအောင် အချိုသာဆုံး ပြောတတ်တဲ့ လူတစ်ယောက်နဲ့ ဆုံဖူးပါတယ်။ လူရှေ့မှာတော့ ဘုန်းကြီးရဲ့ အရိပ်ကိုတောင် မနင်းရဲဘူး။ ဒါပေမဲ့ အဲဒီလူက ဘုန်းကြီးရဲ့ ပရိက္ခရာ (ရဟန်းသုံး ပစ္စည်း) တွေကို မတရား လိမ်ယူသွား တယ်။ အဲဒါမျိုးဆိုရင် ဘုန်းကြီးအရိပ်ကို မနင်းရင်လဲ ဘာအကျိုးမှ မရှိနိုင်ပါဘူး။ စိတ်ထဲကမှ မပါဘဲ။ ကြည်ညို ရိုသေစိတ် တကယ်ရှိပေမဲ့ မလွဲသာ မရှောင်သာလို့ နင်းမိရင်လဲ အရိပ်ဟာ အရိပ်ပါပဲ။ ရှောင်နိုင်တဲ့ နေရာမှာ ဘုန်းကြီးကို ရိုသေလွန်းလို့ အရိပ်ကိုတောင် မနင်းမိအောင် ရှောင်တယ်ဆိုရင်လဲ မလုပ်နဲ့လို့ တားမြစ်စရာ အကြောင်းမရှိပါဘူး။ ရဟန်းသံဃာကို မြင်လို့ ကြည်ညိုတဲ့စိတ် ဖြစ်နိုင်ရင် ရိုသေမှုကို ပြနိုင်ရင် အဲဒါဟာ ကုသိုလ် တိုးပွားကြောင်း မင်္ဂလာ ဖြစ်ပါတယ်။ အတွင်းစိတ်ထားနဲ့ အပြင်သဘော တစ်ထပ်တည်း ရှိဖို့ အရေးကြီးပါတယ်။ သဒ္ဓါ နဲ့ ပညာ တူမျှပါစေ။
Questioned By - Maung Winkyu Date: 11 Jun 2008ဆရာတော် အရှင်မြတ်များ ဘုရားမြန်မာနိုင်ငံက နာမည်ကျော် တရားဟော ဆရာတော်တစ်ပါးရဲ့ စာအုပ်ငယ်မှာ ဖော်ပြထားတဲ့ အတွေး အမြင်လေး တစ်ခုနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေလို့ပါဘုရား။ ဆရာတော်ဟာ ပဲရစ်မြို့ (ပြင်သစ်နိုင်ငံ) က ဟိုတယ်တစ်ခုမှာ တည်းနေခိုက် ဟိုတယ်လုပ်သား သီဟိုဠ်လူမျိုး ဗုဒ္ဓဘာသာ ဒကာတယောက်နဲ့ တွေ့ပါသတဲ့။ ဒကာက နောက်တကြိမ် ပြင်သစ်ကို ကြွလာရင် သီရိလင်္ကာကျောင်းမှာ တည်းခိုနိုင်အောင် စီစဉ်ပေးမယ်လို့ ဖိတ်ကြားပြီး ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာတွေ ပေးပါသတဲ့။ အဲဒီတော့ ဆရာတော် ပြောပုံက "အေး၊ ပြောပါ့မယ် ပြောပါ့မယ်လို့တော့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ ပြောလိုက်တာပါ။ နှုတ်က အဲဒီလို ပြောလိုက်ရပေမဲ့ စိတ်ထဲကတော့ သီဟိုဠ်ကျောင်းမှာ ဘယ်တော့မှ မတည်းဘူးကွ၊ ပဲရစ်မှာ မြန်မာကျောင်းဖြစ်အောင် လုပ်ပေးမယ်၊ နောက်တစ်ခေါက်ကျရင် မြန်မာကျောင်းမှာပဲ တည်းမယ်လို့ သန္နိဋ္ဌာန်ချလိုက်တယ်"တဲ့။ တပည့်တော်ရဲ့ မေးခွန်းက စံပြ တရားဟော ရဟန်းတစ်ပါးအနေနဲ့ အဲဒီလို အတွင်းတစ်မျိုး အပြင်တစ်မျိုးနဲ့ မရိုးသားမှုကို ပေါ်လွင်စေတဲ့ ဟောပြောမှုမျိုး လုပ်သင့်ပါသလား၊ ရိုသေလို့ သဒ္ဓါတရားနဲ့ ဖိတ်ကြားတာကို ငြင်းရင်လဲ ရိုးရိုးသားသား ခံသာတဲ့ နည်းနဲ့ မပြောကြားသင့်ဘူးလားလို့ ဖြစ်ပါတယ်။ ဆရာတော်တို့ အမြင်ကို သိပါရစေ။မောင်းဝင်းကြူ၊ ထိုင်ဝမ်
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 13 Jun 2008နှုတ်လွန်ရင်ကြမ်းပေါက်ကျွံလို့ ဒဏ်ရာရရင် ခံရမှ တစ်ပတ်ပေါ့။ နှုတ်လွန်ရင်တော့ တစ်သက်လုံး ပြင်ရ ခက်တတ်တယ်။ တစ်ခါတုန်းက အသံလွှင့်ဌာန တစ်ခုနဲ့ မေး ဖြေခန်းမှာ ဘုန်းကြီးတစ်ပါးက “နိဗ္ဗာန်အရသာဟာ အလွန့်အလွန် ချိုမြိန် ချမ်းသာတယ်။ ဘာအရသာနဲ့မှ မတူဘူး။ လက်တွေ့ ခံစားကြည့်မှ သိတယ်”လို့ ပြောလိုက်တော့ မေးသူက “အရှင်ဘုရား ကိုယ်တိုင် နိဗ္ဗာန်အရသာကို ခံစားဖူးပါသလား”လို့ မေးတော့ သူ့အဖြေရဲ့ လေသံက ပြောင်းသွားတယ်။ သတိ ထားရမှာက ဘုန်းကြီးတစ်ပါးဟာ လူတွေကို “ကျုပ်ကတော့ ဆိတ်ငြိမ်ပြီး လူသူ ကင်းဆိတ်ရာမှာပဲ ပျော်မွေ့တယ်”လို့ ပြောမိလို့ အဲဒီလူက မိမိကို ဈာန်မဂ်ဖိုလ်ကို ရသူလို့ အထင်ကြီးသွားရင် အဲဒီဘုန်းကြီးဟာ အပြစ်ကြီးတဲ့ သိက္ခာပုဒ်နဲ့ ငြိစွန်းနိုင်တယ် ဆိုတာပါပဲ။သူတော်ကောင်းသူတော်ကောင်းဆိုတာ အတွေးအကြံ၊ အပြောအဆိုနဲ့ အပြုအမူတွေကို တစ်ထပ်တည်း ဖြစ်အောင် ကြိုးစားပါတယ်။ စိတ်ထဲမှာ ရှိတာကိုပဲ အပြင်ကို ထုတ်ဖော် ပြောဆိုတတ်အောင် လေ့ကျင့်တယ်။ အဲဒီလို ဖြူစင် ရိုးသားတဲ့အတွက်လဲ သူတော်ကောင်းကို လူအများက ယုံကြည် လေးစားတာ ဖြစ်ပါ တယ်။ ပါဠိစကားလုံး ယထာဝါဒီ တထာကာရီ (နှုတ်မြွက်အတိုင်း လုပ်ဆောင်သူ)ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ သူတော်ကောင်း စစ်မှန်ရင် အတွင်းစိတ်နဲ့ အပြင် သဘောထား တစ်ထပ်တည်း ဖြစ်သင့်ပါတယ်။ ဘုန်းကြီးတွေ နေ့စဉ် ရွတ်ဖတ်တဲ့ မေတ္တာသုတ်ထဲက ဥဇူ စ (ဖြောင့်မတ်ခြင်း) သုဟုဇူ စ (ကောင်းစွာ ဖြောင့်မတ် ခြင်း) ဆိုတဲ့ အရည်အချင်းဟာ အဲဒီလို ဖြစ်ဖို့ ညွှန်ကြားတာပါ။ဒီဖက်က အမြင်လူတိုင်း ကိုယ်ပိုင် အတွေးအယူ ရှိတတ်တာမို့ အဲဒီဆရာတော်ရဲ့ အယူအဆကို အမှားအမှန် မဆုံးဖြတ်လိုပါဘူး။ ဒါပေမဲ့ အတွင်းတစ်မျိုး အပြင်တစ်မျိုး သဘောထားကို စံပြဘုန်းကြီး တစ်ပါးအနေနဲ့ ပရိသတ်ရှေ့မှာ လှစ်မပြသင့်ဘူးဆိုတာကို ဘုန်းကြီး ထောက်ခံပါတယ်။ သီဟိုဠ်သား ဥပါသကာဟာ ဘုန်းကြီးကို ကြည်ညိုတဲ့ စိတ်ရင်း စေတနာမှန်နဲ့ ဖိတ်ကြားတာဖြစ်လို့ မဆိုင်တဲ့နေရာမှာ အဲဒီလို အတွေးမျိုးနဲ့ အမျိုးမာန် ဆိုတာကို မပြသင့်ပါဘူးလို့လဲ ယုံကြည်ပါတယ်။ ဘုန်းကြီးသာ ပဲရစ်ခရီးသည် တရားဟောပုဂ္ဂိုလ် ဖြစ်ခဲ့ရင် “အင်း၊ သူကတော့ သီဟိုဠ်သားတွေ တည်ထောင်ထားတဲ့ ဘုန်းကြီးကျောင်း ရှိလို့ ဧည့်သည် ဆရာတော်ကို ဖိတ်ကြားနိုင်ဝံ့ပေတယ်။ ဒို့မြန်မာတွေလဲ ဘုန်းကြီးကျောင်းတစ်ခု ရှိသင့်တာပဲလို့ စဉ်းစားပြီး ပဲရစ်မှာ မြန်မာ ဘုန်းကြီး ကျောင်းတစ်ခု ရှိအောင် ကြိုးပမ်းမယ်လို့ သန္နိဋ္ဌာန်ချခဲ့တယ်”လို့ပဲ ပရိသတ်ကို အသိပေးမှာပါ။ ဒါဆိုရင် အတွင်းအပြင် သဘောလဲ ဆန့်ကျင်နိုင်ပေမဲ့ ဓမ္မနည်းကို မလွန်ဘူး။ ပရိသတ်လဲ ခံသာနိုင်အံ့ ထင်ပါတယ်။
Questioned By - Kumm Htam Date: 11 Jun 2008အိန္ဒိယကို ဘုရားဖူးသွားစဉ်က မြန်မာဘုန်းကြီးကျောင်းတစ်ခုမှာ မြန်မာ ဟိန္ဒီ အင်္ဂလိပ် ဘာသာများဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလမ်ဘာသာဟူသော ကမ္ဘာ့ဘာသာတရားများမှာ နာမည်သာ ကွဲပြားပြီး ဟောကြားသည့် တရားမှာ အတူတူဖြစ်သည်ဟု နံရံမှာ စာလုံးကြီးဖြင့် ရေးထားတာကို တွေ့ခဲ့ရ၍ အံ့သြမိပါသည်။ ထိုအယူအဆနှင့် ပတ်သက်ပြီး ဗုဒ္ဓ မြတ်စွာက မည်သို့ ဟောကြားသည်ကို သိလိုပါသည်ဘုရား။ကွန်းထန်၊ ကနေဒါ
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 20 Jun 2008၀ါဒပုံစံနှစ်မျိုးဘာသာတရားတွေ အားလုံးကို ခြုံကြည့်ရင် တွေ့ကြုံသိဝါဒ နဲ့ စိတ်ကူးပုံဖော်ဝါဒလို့ နှစ်မျိုးတွေ့ရတယ်။ ဗုဒ္ဓဟာ ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး တရား ထူးကို သိခဲ့တယ်၊ အဲဒီအသိကို သူတစ်ပါးတို့ကို သင်ပေးတယ်၊ လိုက်နာသူ အားလုံးလဲ ဗုဒ္ဓသိတဲ့ အသိကို သိပြီး ချမ်းသာသွားကြတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ ပထမအမျိုးအစားမှာ ပါတယ်။ ဒီအမျိုးအစားမှာ နားလည်မှုဟာ ယုံကြည်မှုရဲ့ အခြေခံ ဖြစ်တယ်။ ဒုတိယ အမျိုးအစားက ရှေးဦး ဟောပြော သူတို့ရဲ့ စိတ်ကူးစိတ်သန်း (conception) ကို ဗဟိုပြုတဲ့အတွက် တည်ရှိပြီး ယုံကြည်မှုနဲ့ လူမျိုးမတူလို့ ဖြစ်ရတဲ့ ခြားနားမှုတွေကို လက်တွေ့ (ကိုယ် ကာယနဲ့) ဆန့်ကျင်ဖို့၊ တော်လှန် တိုက်ခိုက်ဖို့ တိုက်တွန်းတာတွေကို တွေ့ရတယ်။ နာကျည်းစိတ် အခြေခံကြောင့် ဣဿာ (မနာလိုမှု)၊ ဝေရပ္ပဋိကာရ (လက်စားချေမှု)နဲ့ အာဃာတ (အငြိုး)တွေကို ဖြစ်ပေါ်စေတဲ့ လမ်းညွှန်ချက်တွေကို ကျမ်းမြတ်တွေမှာ အတိအကျ မှတ်တမ်း တင်ထားပါတယ်။ကျမ်းဂန်ညှိခြင်း (၁)ထွက် ၂၀း၃။ ငါမှတစ်ပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။ ၄။ အထက်မိုးကောင်းကင်၌ လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဘို့ မလုပ်နှင့်။ ၅။ ဦး မချ ၀တ်မပြုနှင့်။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား (ဖြစ်သတည်း)၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သော ဘုရားဖြစ်သတည်း။ ။ စက္က၀တ္တိသုတ်၊ ပိုဒ် ၈၀။ ရဟန်းတို့၊ သင်တို့သည် မိမိကိုသာလျှင် ဓမ္မကိုသာလျှင် ကျွန်းသဖွယ် မှီခိုရာပြု၍၊ မိမိကိုသာလျှင် ဓမ္မကိုသာလျှင် ကိုးကွယ်ရာ ပြု၍၊ မိမိမှတစ်ပါး ဓမ္မမှတစ်ပါး အခြားအရာများကို အားမကိုးဘဲ နေကြလော့။ (အဘယ်သို့နည်းဟူမူ) ဤသာသနာတော်၌ ရဟန်းသည် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့၌ သတိဖြင့် အဖန်ဖန်ရှု၍ နေမူ မိမိကိုသာလျှင် ဓမ္မကိုသာလျှင် မှီခိုရာပြု၍ ကိုးကွယ်ရာ ပြု၍ အခြားကို အားမကိုးဘဲ နေသည်မည်၏ (ဒီ ၃၊ ၄၃)။ကျမ်းဂန်ညှိခြင်း (၂)၀တ်ပြု ၂၄း၁၉။ လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင် သူ့ကို ပြုသည်အတိုင်း ကိုယ်ခံရမည်။ ၂၀။ အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကိုလည်း ကောင်း၊ မျက်စိကိုဖျက်သည်အတွက် မျက်စိဖျက်ခြင်းကိုလည်းကောင်း၊ သွားကိုချိုးသည်အတွက် သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကို နာကျင်စွာပြုသည် အတိုင်း ကိုယ်တိုင် နာကျင်စွာ ခံရမည်။ ၂၁။ လူအသက်ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ ထာဝရဘုရားသခင်ဖြစ် ၏ဟု မောရှေအား မိန့်တော်မူ၏။ ။ ကုရ်အာန် ၉း၃၉။ အကယ်၍ အသင်တို့သည် (အလ္လာအရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်) မထွက်ကြပါလျှင်၊ ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတပါးလည်း ထိုအရှင်မြတ်သည် အသင်တို့အစား အခြားလူမျိုး တမျိုးကို လဲလှယ် (ဖန်ဆင်း) တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ် စိုးစဉ်းမျှလည်း အကျိုးယုတ်အောင် ပြုနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။ ကုရ်အာန် ၄း၇၄။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်အံ့။ ထို့သို့ တိုက်ခိုက်ရာတွင် ထိုသူသည် အသတ်ခံရသည်ဖြစ်စေ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူအား မကြာမြင့်မီအတွင်း ကြီးကျယ် မြင့်မြတ်သော အကျိုးကို ပေးသနားတော်မူအံ့။ ။ ဥပက္ကိလေသသုတ်၊ ပိုဒ် ၂၃၇။ ရန်ကို ရန်တုံ့မူ၍ ရန် မငြိမ်းနိုင်။ ရန်မတုံ့ပြန်ခြင်းဖြင့်သာ ရန် ငြိမ်းနိုင်၏။ ဤသည်မှာ ဘုရားရှင်တို့၏ အဆုံးအမဖြစ်၏ (မ ၃၊ ၁၉၂)။အမှားနဲ့ အမှန်ဗုဒ္ဓ ပရိနိဗ္ဗာန် စံခါနီးမှာ သုဘဒ္ဒ ပရိဗိုဇ်က “အယူဝါဒ တီထွင်သူတွေဟာ မိမိဝါဒသာ မှန်တယ်လို့ ဟောပြောကြပါတယ်။ အမှန်တရားကို ဘယ်လို သိနိုင်မလဲ”လို့ ဗုဒ္ဓကို မေးပါတယ်။ ဗုဒ္ဓရဲ့ အဖြေက “အကြင်သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသော ဓမ္မ မရှိ၊ ထိုသာသနာ၌ စိတ်ပိုင်းဘ၀ ရင့် ကျက် တိုးတက်မှု ဖြစ်စဉ် မရှိ။ ငါ(ဗုဒ္ဓ)၏ သာသနာ၌မူ ဓမ္မ ရှိသောကြောင့် စိတ်ပိုင်းဘ၀ တိုးတက်မှုဖြစ်စဉ် အဆင့်ဆင့် ရှိ၏”လို့ ဖြေကြားခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒအလို အမှားနဲ့ အမှန်ကို မဂ္ဂင်ရှစ်ပါး ပေတံနဲ့ တိုင်းပါတယ်။မတူပါဘူးဘုန်းကြီးရဲ့ အမြင်အရ ဘာသာဝါဒတိုင်းမှာ ဦးတည်ချက် ပန်းတိုင် ကိုယ်စီ ရှိကြလို့ ဘာသာရေး မှန်ရင် အတူတူပါလို့ “ရောကြော်” မလုပ်ပစ်နိုင်ပါဘူး။ မေးခွန်းမှာ ပါတဲ့ ဘာသာတရားတွေက စကြ၀ဠာကို စိုးပိုင်တဲ့ ဖန်ဆင်းရှင် (ဣဿရ နိမ္မာန) ပုဂ္ဂိုလ်ကို ယုံတယ်။ ဗုဒ္ဓ၀ါဒီတွေက လုံးဝ မယုံဘူး။ အဲဒါ အဓိက ခြားနားချက်ပဲ။ အဲဒီလို အခြေခံယုံကြည်ချက် မတူရင် ဟောကြားတဲ့ တရားဓမ္မလဲ မတူနိုင်ပါဘူး။ ဘကြောင့်ဆို စိုးပိုင် ဖန်ဆင်းရှင်ဝါဒက ထာဝရ တည်မြဲတဲ့ ဘုရား ရှိတယ်ဆိုတာကို ယုံဖို့ မဖြစ်မနေ တောင်းဆိုသလို မယုံတဲ့ ဗုဒ္ဓ၀ါဒက ကိုယ့်အားကို ကိုယ်ကိုးဖို့ အဓိကညွှန်ပြတဲ့ အတွက်ကြောင့်လို့ အတိုချုပ် မှတ်နိုင်ပါတယ်။
Questioned By - Thukha Yate Date: 28 May 2008ဆရာတော် အရှင်မြတ်ဘုရားတပည့်တော်ရိုသေစွာ လျောက်ထားအပ်ပါသည်။ တပည့် ဒါယကာ၊ ဒါယကာမများသည် ရဟန်းသံဃာများအား ရှိခိုးခြင်းမပြုရမည့် နေရာ၊ ဌာန (၁၀)ခုရှိတယ်လို့ကြားဘူးပါသည်။ တစ်ကယ်ရှိတယ်ဆိုရင် ဘယ်လိုနေရာတွေ ဆိုတာကို အမိန့်ရှိတော်မူပါဘုရား။ နောက်ပြီး လယ်တီ ဆရာတော်ဘုရားကြီး၏ ဗျာဓိဒုက္ခအကြောင်း လင်္ကာကို ကြားဘူးရုံသာရှိပါသဖြင့် ဖော်ပြပေးပါရန်လျောက်ထားအပ်ပါသည် ဘုရား။ကျော်လေး။ ခေတ္တရုရှားAnswered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 6 Jun 2008ရှိခိုးခံခြင်းဗုဒ္ဓဘာသာမှာ လူ့အဆင့်အတန်းကို အသက်ကြီးတာနဲ့ မဆုံးဖြတ်ပါဘူး။ အကျင့်သီလနဲ့ ဆုံးဖြတ်ပါတယ်။ ရဟန်းဆိုတာ စောင့်ထိန်းတဲ့ သီလ လူတွေထက် များပြားလို့ လူတွေက ရဟန်းတို့ကို ရှိခိုးကြတာ။ ရဟန်းတွေ အချင်းချင်းလဲ ကိုယ့်ထက် ရဟန်းဖြစ်ချိန် အနည်းဆုံး မိနစ်ပိုင်းလောက်ပင် ကြီးစေ၊ ငယ်သူက ကြီးသူကို ရှိခိုးအရိုအသေ ပေးရပါတယ်။ ဒါပေမဲ့ ကိုယ့်ထက် ကြီးပေမဲ့ ရှိမခိုးကောင်းတဲ့ ရဟန်းမျိုးရှိတယ်။ အဲဒီလို ရဟန်းမျိုး အပါအ၀င် ရှိမခိုးကောင်းသူ ဆယ်မျိုးကို ၀ိနည်းစူဠ၀ါ ပါဠိတော် (၀ိ ၄၊ ၃၁၁)မှာ ဖော်ပြပါတယ်။ အဲဒီဆယ်မျိုးကို အကျဉ်းလောက် ဖော်ပြရရင် -ရဟန်းတို့ ရှိမခိုးကောင်းသူ ဆယ်မျိုး၁၊ မိမိထက် သိက္ခာငယ်တဲ့ ရဟန်း (မိမိ နောက်မှ ရဟန်းပြုလာသူ) ၂၊ အနုပသမ္ပန္န (လူ သာမဏေ)။ ရဟန်းဟာ အဖိုးအဖွားအရွယ် လူနဲ့ သိက္ခာမတင် (သိမ်ထဲဝင်ပြီး ရဟန်းမခံရ) သေးတဲ့ သာမဏေတွေကို ရှိမခိုးကောင်းဘူး ၃၊ မိမိထက် သိက္ခာကြီးပေမဲ့ အဓမ္မ၀ါဒီ နာနာသံဝါသ (အဓမ္မကို ဓမ္မလို့ ဆိုပြီး ယင်းဝါဒကို မစွန့်သရွေ့ ပေါင်းသင်းဆက်ဆံမှု မပြုကောင်းတဲ့ သို့မဟုတ် အယူမှားကို မစွန့်လို့ နှင်ထုတ်ထားတဲ့ အပယ်ခံ) ပုဂ္ဂိုလ်။ ဥပမာ ဆွမ်းစားတာလဲ ကာမဂုဏ်၊ မေထုန်မှီဝဲတာလဲ ကာမဂုဏ် ဖြစ်လို့ ကာမဂုဏ်ချင်းအတူတူ ရဟန်းဟာ ဆွမ်းစားကို စားကောင်းသလို မေထုန်ကိုလဲ မှီဝဲကောင်းတယ်လို့ ဆိုခဲ့တဲ့ အရိဋ္ဌရဟန်းလို အယူမှားနေတဲ့ ရဟန်းကို အဲဒီအယူကို မစွန့်သရွေ့ ရဟန်းငယ်က ရှိမခိုးကောင်းဘူး ၄၊ မာတုဂါမ (မိမိထက် သိက္ခာဝါ ကြီးတဲ့ ဘိက္ခုနီမလို့ဆိုတဲ့ ရဟန်းမိန်းမတွေလဲ ပါဝင်တယ်) ၅၊ ပဏ္ဍုက်ငါးမျိုး (ဥသူယ = သူတစ်ပါး မေထုန်မှုကို ကြည့်ပြီး အာသာပြေသူ။ ပက္ခ = လခွဲတစ်ကြိမ် လိင်ပြောင်းသူ။ အာသိတ္တ = သူတစ်ပါးရဲ့ သုက်သွေးကို ခံတွင်းဖြင့် စုပ်ယူသူ။ သြပက္ကမိက = ဝှေးစေ့ သင်းထားသူ။ နပုံသက = မွေးရာပါ ကျားမလိင်အင်္ဂါ မကွဲပြားသူ။ အဲဒီလို ပုဂ္ဂိုလ်တွေ ရဟန်းအဖြစ်နဲ့ ရှိနေခဲ့ရင် သိက္ခာကြီးပေမဲ့ ရှိခိုးစရာမလိုဘူး။ ၀ိ-ဋ္ဌ ၃၊ ၂၉၇) ၆၊ သံဃာဒိသေသ် အာပတ်သင့်လို့ မကုစားဘဲ နေခဲ့တဲ့ ရက်အတိုင်းအတာထိ ပရိဝတ်ကျင့်နေတဲ့ ရဟန်း ၇၊ အဲဒီလို ကျင့်နေတုန်း အကြောင်းတစ်ခုကြောင့် တစ်ရက် ပျက်သွားလို့ အစက ပြန်ကျင့်နေရတဲ့ ရဟန်း ၈၊ အဲဒီအာပတ်သင့်လို့ မာနတ်ကျင့်ထိုက်တဲ့ ရဟန်း ၉၊ အဲဒီအာပတ်သင့်လို့ သံဃာနှစ်သက်အောင် အပို ခြောက်ရက် မာနတ်ကျင့်နေတဲ့ ရဟန်း ၁၀၊ သံဃာဒိသေသ် အာပတ်ကို ကုစားဖို့ သိမ်ထဲမှာ သဃာ အပါး ၂၀ နဲ့ အဗ္ဘာနကံ ဆောင်နေတဲ့ ရဟန်းဗျာဓိဒုက္ခဘွဲ့လယ်တီဆရာတော်ရေးတဲ့ လေးချိုးတွေ တေးထပ်တွေ မေတ္တာစာတွေနဲ့ ဆုံးမစာတွေထဲမှာ ဗျာဓိဒုက္ခအကြောင်း အထူးဖော်ကျူးတာတွေ ရှိပါလိမ့်မယ်။ အဲဒီကဗျာရဲ့ စာပိုဒ်တိုလေး တစ်ခုလောက်ကို ဖော်ပြပေးနိုင်ရင် မေးလိုတဲ့ ကဗျာကို အတိအကျ ရှာဖွေပေးနိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပာယ် အင်မတန်ကောင်းတဲ့ အလွတ်ရမိနေသေးတဲ့ ဆိုပိမ့်မညှာ ဆုံးမစာထဲက (လို့ယူဆတဲ့) စာပိုဒ်ကလေးကို ရေးပေးလိုက်ပါတယ်။ ဒီကဗျာပိုဒ်ကလေးကို “အထုပ်ပြင်ကဗျာ”လို့ ခေါင်းစဉ်ပေးရင် ဆီလျော်မလားပါဘဲ။အထုပ်ပြင်ကဗျာ“သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏၊ နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင်ညဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ၊ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ၊ ရီးတီးရားတား သေ၍သွားလည်း တရားမကြွယ် အထုပ်ငယ်လျက် အပါယ်စခန်း သွားမြဲလမ်း၌ တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြိုငြို ဆင်းရဲပိုလျက် ထိုထိုဘ၀ အနန္တလျှင် အစမဆုံး အများထုံးတည့်"။ အထုပ်ဆိုတာ ကိုယ်တိုင် ပြုလုပ် ဆည်းပူးထားတဲ့ ကုသိုလ်ကို ဆိုလိုတာပါ။ အထုပ်ကြီးလေ မငြင်မငြို ချမ်းသာပိုလို့ ကောင်းလေပဲပေါ့။
Questioned By - U Myint Theim Date: 21 May 2008ဆရာတော် အရှင်မြတ်များဘုရားဒီကမ္ဘာပေါ်မှာ အရိမေတ္တေယျဆိုတဲ့ အမည်နှင့် နောက်ထပ် ဘုရားတစ်ဆူ ပွင့်ဦးမည်ဟု ကြားဘူးပါသည်။ အရိမေတ္တေယျ ဘုရားလောင်းဟာ ယခုအခါ ဘယ်ဘုံဌာနမှာ ရောက်နေပါသနည်း။ လူ့ပြည်မှာလော နတ်ပြည်မှာလော ဆိုသည်ကို သိလို ပါသည်။ အရိမေတ္တေဘုရားအကြောင်းကို ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်မှာ ဘယ်လို ပြဆိုပါသနည်း။ သို့မဟုတ် မဟာယာန အယူအဆလော ဆိုသည်ကိုလည်း သိလိုပါ သည်ဘုရား။ရိုသေစွာဖြင့် မြင့်သိမ်းကြူ၊ ဟောင်ကောင်
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 26 May 2008ထေရ၀ါဒကျမ်းဂန် အဆို“ရဟန်းတို့၊ (ဤဘဒ္ဒကမ္ဘာတွင်) အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ (အရဟံအစ ဘဂ၀ါအဆုံး ဂုဏ်တော်ကိုးပါနှင့် ပြည့်စုံသော) မေတ္တေယျ မည်သော ဘုရားရှင် ပွင့်တော်မူလတ္တံ့ (ဒီ ၃၊ ၈၃။ ဗုဒ္ဓ၀ံသ၊ ၃၈၂)”။ အဲဒီ မူရင်းပါဠိတ်ာတွေအရ ဒီကမ္ဘာမှာ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပနဲ့ ဂေါတာမလို့ ဘုရားလေးဆူ ပွင့်တော်မူပြီး ဖြစ်ကြောင်းနဲ့ နောက်ဆုံး မေတ္တေယျဘုရားရှင် ပွင့်တော်မူအုံးမယ် ဆိုတာကို သိရပါတယ်။ မေတ္တေယျ ဘုရားလောင်းဟာ ယခု အခါမှာ တုသိတာနတ်ပြည်မှာ နတ်အပေါင်း ခြံရံပြီး စံနေပါသတဲ့ ( မဟာဝံသ ၅၀း၄၇)။ ထေရ၀ါဒ အစဉ်အလာမှာ လက်ခံဖော်ပြတဲ့ မေတ္တေယျ ဘုရားလောင်းရဲ့ အကြောင်းအရာကတော့ ဒီမျှပဲ ဖြစ်ပါတယ်။လလိတ၀ိတ္ထာရ (မြောက်ပိုင်း ဗုဒ္ဓ၀င်) အဆဂေါတမဗုဒ္ဓလောင်းလျာ (သေတကေတု) နတ်သားသည် လူ့ပြည်သို့ သက်ဆင်း၍ ပဋိသန္ဓေယူခါနီး၌ တုသိတာနတ်အပေါင်းတို့သည် ငိုကြွေးလျက် အလောင်း မြတ်အား “အရှင်နတ်သား၊ တုသိတာ နတ်ဘုံသည် အရှင်နတ်သား မရှိလျှင် တောက်ပမည် မဟုတ်ပါ”ဟု ဆိုကြ၏။ ထိုစဉ်အခါ အလောင်းတော်က “ငါမရှိသည် နောက် သင်နတ်အပေါင်းတို့အား ဗုဒ္ဓလောင်းလျာ အရိမေတ္တေယျ နတ်သားက တရား ဟောတော်မူပါလိမ့်မည်”ဟု နှစ်သိမ့်စကားဆို၏။ ယင်းနောက် မိမိ၏ဦး ခေါင်းမှ ပိုးသားခေါင်းဆောင်းကို ချွတ်ပြီး မေတ္တေယျ ဘုရားလောင်း၏ ဦးခေါင်းပေါ်၌ ၀တ်ဆင်ပေးလျက် “အရှင်နတ်သား၊ သင်သည်ကား ငါ၏နောက်၌ ဗောဓိ ညဏ်ကို ရမည့်သူပါတည်း”ဟု မိန့်ဆို၏ (Lalitavistrara, Trans. by Bijoya Goswami, p. 46)အရှင်မဟာကဿပနဲ့ မေတ္တေယျအသောက၀ါဒနနဲ့ ဒိဗျာဝဒါန သက္ကတမှတ်တမ်းတွေအရ အရှင်မဟာကဿပထေရ်ဟာ ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ ဂယာမြို့အနီးက ကုက္ကုဋပါဒဂိရိတောင်ကို တစ်ပါးတည်း ကြွတော်မူပြီး ဂူတစ်ခုအတွင်း တင်ပလ္လင်ခွေထိုင်လျက် ဒီခန္ဓာကိုယ်သည် မေတ္တေယျဘုရားရှင် ပွင့်တော်မူသည်အထိ မပျက်မစီး တည်နေပါစေလို့ အဓိဋ္ဌာန်ပြုပြီး နိရောဓသမာပတ်ကို ၀င်စားတယ်လို့ ဆိုတယ်။ အဲဒါကြောင့် အရှင်မဟာကဿပရဲ့ ကိုယ်ခန္ဓာဟာ အဲဒီဂူထဲမှာ မေတ္တေယျဘုရားရှင် ပွင့်တဲ့အထိ မပျက်မစီး တည်ရှိနေပါလိမ့်မယ်။ ဂေါတမဗုဒ္ဓဟာ အသက်ထင်ရှားရှိစဉ်က မိမိရဲ့ နှစ်ထပ်သင်္ကန်းကို အရှင်မဟာကဿပရဲ့ နှစ်ထပ်သင်္ကန်းနဲ့ လဲလှယ်ခဲ့တယ်။ အဲဒီ ဗုဒ္ဓဂေါတမရဲ့ နှစ်ထပ်သင်္ကန်းဟာ အရှင်မဟာကဿပနဲ့အတူ ရှိနေမှာဖြစ်ပြီး မေတ္တေယျဘုရား ပွင့်ချိန်မှာ မေတ္တေယျဘုရားရှင်ကို အဲဒီနှစ်ထပ်သင်္ကန်းကို လွှဲပြောင်း ပေးအပ်မယ်လို့လဲ ဆိုတယ်။ (Hellmuth Hecker, Great Disciples of the Buddha, p. 132)မေတ္တေယျ သြဇာလွှမ်းမိုးမှုအရိမေတ္တေယျဘုရားလောင်း အကြောင်းကို ထေရ၀ါဒကျမ်းဂန်တွေမှာ သာမန်သာဆိုပေမဲ့ သဒ္ဓမ္မပုဏ္ဍရိကသုတ်နဲ့ ၀ဇိရစ္ဆေဒိကာသုတ်လို မဟာယာနသုတ္တန် အများစုမှာတော့ အရိမေတ္တေယျဘုရားလောင်းကို အဆင့်မြင့် အ၀လောကိတေသွာရ၊ မဉ္ဇူသိရိနဲ့ အမိတာဘာဘုရားလောင်းတွေနဲ့ တန်းတူထားတယ်။ ဒါပေမဲ့ ထေရ၀ါဒ အစဉ်အလာမှာလဲ မေတ္တေယျဘုရားလောင်းနဲ့ ပတ်သက်တဲ့ အယူအဆ အင်မတန် သြဇာလွှမ်းမိုးခဲ့ပြီး အရှင်မဟာဗုဒ္ဓဃောသခေတ် အေဒီငါးရာစု အချိန်မှာ မေတ္တေယျဘုရားလောင်း သြဇာလွှမ်းမိုးမှု အထွတ်အထိပ်သို့ ရောက်ခဲ့တယ် (John C. Holt, Anagatavamsa Desna, Trans. Intro. p. 2)အသောက၊ ဒုဋ္ဌဂါမဏိ၊ အရှင်မဟာဗုဒ္ဓဃောသအနာဂတ၀ံဒေသနာကျမ်း (Trans. p. 47) အရ အိန္ဒိယဧရာဇ် အသောကမင်းကြီးဟာ မေတ္တေယျဘုရားရှင်ရဲ့ အဂ္ဂသာဝက တစ်ဆူဖြစ်လာမယ်လို့ ဆိုတယ်။ မဟာဝံသကျမ်း (၃၂း၈၃)အရ ဧဠာရကျေးမင်းကို အောင်နိုင်ပြီး သီဟိုဠ်တစ်ကျွန်းလုံးကို စည်းရုံးနိုင်ခဲ့တဲ့ သူရဲကောင်းဘုရင် ဒုဋ္ဌဂါမဏိမင်းကြီးဟာ နောက်ဆုံး ဘ၀မှာ အရိမေတ္တေယျဘုရားလောင်းရဲ့ မိသားစုမှာ ပြန်လည်မွေးဖွားမယ်။ ထေရ၀ါဒ အဋ္ဌကထာကျမ်းပြု ဆရာကြီး အရှင်ဟမာဗုဒ္ဓဃောသဟာ ၀ိသုဒ္ဓိမဂ်ကျမ်း ကို ရေးစဉ်က ပထမစာမူနှစ်စောင်ကို နတ်ဒေ၀တာတို့ ၀ှက်ထားပြီး တတိယအကြိမ်စာမူရေးပြီးမှ သုံးစောင်လုံးကို ပြန်ပေးလို့ တိုက်ဆိုင်ကြည့်ရာမှာ တစ်လုံးတစ် ပါဒမျှ ကွဲလွဲမှုမရှိလို့ သံဃာတွေက အရှင်မြတ်ရဲ့ မှတ်ညဏ်ကြီးကျယ်မှုကို အံ့သြပြီး “ဤပုဂ္ဂိုလ်ကား မေတ္တေယျ ဗုဒ္ဓလောင်းလျာ ဧကန်ဖြစ်ပေ၏”လို့ ချီးမွမ်းကြ တယ် (မဟာဝံသ ၃၇း၂၄၂)။မေတ္တေယျ ဗုဒ္ဓကို ဖူးလိုသူမဟာသံဃရက္ခိတ မထေရ်ဟာ အသက်ရှစ်ဆယ်အရွယ် ပျံလွန်ခါနီး သေရာညောင်စောင်းပေါ် လဲလျောင်းနေစဉ် လူနာသတင်း လာမေးကြတဲ့ ရဟန်းတွေက အရှင်မြတ် ရဟန္တာဖြစ်ပါပြီလားလို့ မေးလျှောက်ကြရာမှာ “မဖြစ်သေးပါ”လို့ ရိုးသားစွာ ဖြေတယ်။ ဒီတော့ အလုပ်အကျွေးပြုနေတဲ့ ရဟန်းငယ်က “အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပြီဆိုပြီး လူတွေ ရပ်နီးရပ်ဝေးမှ လာရောက် ဖူးမြော်နေကြပတယ်။ သူတို့တွေ အရှင်ဘုရား ရဟန္တာမဖြစ်သေးဘူးလို့ သိသွားရင် စိတ်မချမ်းသာ ဖြစ်ကြမှာပဲဘုရား”လို့ လျှောက်လိုက်တယ်။ ဒီတော့ မထေရ်ကြီးက “ငါက မေတ္တေယျဘုရားကို ဖူးဦးမယ်လို့ ကြံပြီး ၀ိပဿနာ မတင်ရှုဘဲ နေခဲ့တာ။ ကဲလေ၊ ဒါဖြင့် ငါကို ထူပေးစမ်းကွဲ့”လို့ ဆိုတယ်။ ပြီး နာမကျန်းဖြစ်ရင်းက ၀ိပဿနာတင်ရှုလို့ ရဟန်းငယ် ထွက်သွားပြီးလို့ မကြာခင်မှာ ရဟန္တာဖြစ်သွားတယ်။ အဲဒီနောက် လက်ဖျက်တီးပြီး ရဟန္တာဖြစ်ကြောင်း မိန့်ကြားတဲ့အခါ ရဟန်းပရိသတ်က မထေရ်ကြီးကို ချီးမွမ်းအံ့သြကြတယ် (၀ိသုဒ္ဓိ ၁၊ ၄၄)။ဆုတောင်းအထူးအေဒီ ၁၂ ရာစု သီဟိုဠ်မှာ သာသနာတော် သန့်ရှင်းရေးဆောင်ရွက်ခဲ့တဲ့ ၀ိနယသင်္ဂဟအဋ္ဌကထာ၊ သာရတ္ထဒီပနီဋီကာ၊ အင်္ဂုတ္တရဋီကာကျမ်းတွေကို ပြုစုသွားတဲ့ အရှင်သာရိပုတ္တရာက “ကျမ်းပြုကုသိုလ်ကြောင့် ဒုတိယဘ၀မှာ တာဝတိံသာနတ်ပြည်မှာ သူတော်ကောင်းနတ်ဖြစ်လျက် နတ်အဖြစ်နှင့်ပင် သောတပတ္တိဖိုလ်ကိုရ ပြီး အရိမေတ္တေယျဘုရားရှင် ပွင့်ချိန်မှာ ထိုဘုရားရှင်၏ တရားကိုနာပြီး အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရပါလို၏”လို့ ဆုတောင်းပါတယ်။ ဒါပေမဲ့ အဲဒီဆုတောင်း နဲ့ ပတ်သက်ပြီး အရှင်မြတ်ရေးတဲ့ ၀ိနယသင်္ဂဟအဋ္ဌကထာရဲ့ အဖွင့်ဋီကာကို ပါဠိဘာသာနဲ့ ရေးခဲ့သူ မြန်မာနိုင်ငံသား တောင်ဖီလာဆရာတော်က ဘ၀င်ကျဟန် မတူဘူး။ “သောတာပန်တို့မည်သည် ကာမဘုံမှာ ခုနစ်ဘ၀သာ နေရခြင်း၊ တာသတိံသာနတ်တို့၏ အသက်နှင့် ဘ၀ပေါင်း အထောင်မက နေပြီးမှသာ မေတ္တေယျ ဘုရားရှင် ပွင့်နိုင်ခြင်းတို့ကြောင့် မသင့်မြတ်ဘူး”လို့ ဆရာတော်က မှတ်ချက်ပြုခဲ့ပါတယ် (၀ိနယာလင်္ကာရဋီကာနိဂုံး)။နှစ်ဂိုဏ်းလုံး တူညီမှုမဟာယာနတွေ အထွတ်အထိပ်ထားတဲ့ အ၀လောကိတေသွာရ၊ မဉ္ဇူသိရိ၊ အမိတာဘာ၊ ၀ဇိရပါဏိစတဲ့ ဘုရားလောင်းတွေ အကြောင်းကို ထေရ၀ါဒကျမ်းဂန် တွေမှာ အစအန ရှာမတွေ့ရဘူး။ (စကားမစပ်၊ မဉ္ဇူသိရိဆိုတဲ့ နာမည်ကိုတော့ မူလဋီကာ ၂၊ ၄၂ မှာ negative အနေနဲ့ တွေ့ဖူးပါတယ်)။ မေတ္တေယျ ကျတော့ ထေရ၀ါဒရော မဟာယာနပါ လက်ခံတဲ့ တစ်ဆူတည်းသော ဘုရားလောင်း ဖြစ်ဖွယ်ရှိပါတယ်။
Questioned By - Naing Than Tun Date: 16 May 2008ဆရာတော် အရှင်မြတ်များဘုရားတပည့်တော်တို့ မိတ်ဆွေတစ်သိုက် ဗုဒ္ဓဓမ္မရေးရာတွေကို ဆွေးနွေးကြတုန်း ကြားဖြတ် အကြောင်းအရာ တစ်ခု ၀င်ရောက်ပါသည်။ အဲဒီအကြောင်းအရာက ဗုဒ္ဓအသုံးပြုခဲ့တဲ့ သပိတ်တော်အကြောင်းပါ။ အဲဒီသပိတ်တော်က ယခု သီဟိုဠ်မှာ ရှိသလိုလို အိန္ဒိယ တောင်ပိုင်း မှာလိုလို သိရပါသည်။ မသေချာပါ။ ဆရာတော်တို့မှာ ဗုဒ္ဓ သပိတ်တော်နှင့် ပတ်သက်သည့် ဗဟုသုတ ရှိထားလျင် တပည့်တော်တို့ကို မျှဝေ စေချင်ပါသည်။မောင်သစ်လွင်၊ ကျိုတို
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 20 May 2008ဃဋိကာရရဲ့သပိတ်ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ် ထီးနန်းကို စွန့်၊ တောထွက်ခဲ့ပြီးနောက် အနောမာ ဖြစ်ကမ်းကို ရောက်လာတယ်။ အဲဒီအခါမှာ မိတ်ဆွေဖြစ်ဖူးတဲ့ ဃဋိကာရ ဗြဟ္မာကြီး ရောက်လာပြီး မင်းသိဒ္ဓတ် ရဟန်းဘ၀နဲ့ အသုံးပြုဖို့ ပရိက္ခရာရှစ်ပါး (သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်၊ သပိတ်၊ ခေါင်းရိတ်ဓား၊ ခါးပန်းကြိုး၊ ရေစစ်၊ ချုပ်အပ်) ကို လှူဒါန်းတယ် (ဗုဒ္ဓ၀ံသ-ဋ္ဌ၊ ၂၁၂)။ ဒီအဋ္ဌကထာ မှတ်တမ်းအရ ဃဋိကာရလှူတဲ့ သပိတ်ကို ဗုဒ္ဓလောင်းလျာဟာ ဒုက္ကစရိယာ ကျင့်စဉ်အတွင်း ခြောက်နှစ်လောက် အသုံးပြုခဲ့ဖွယ်ရှိတယ်။နတ်မင်းများရဲ့သပိတ်ဗုဒ္ဓဖြစ်ပြီးနောက် ခုနစ်ခုမြောက် သတ္တာဟ လင်းလွန်းပင်အောက်မှာ သီတင်းသုံးခိုက် အရပ်လေးမျက်နှာက နတ်မင်းကြီး လေးယောက် လာရောက်ပြီး “ကျောက်ညိုဖြင့်ပြီးသော သပိတ်လေးလုံး”ကို တစ်ပြိုင်နက် လှူဒါန်းကြတယ် (၀ိ ၃၊ ၃)။ ဒါက အစောဆုံး ပါဠိတော်မှတ်တမ်းမှာ ဗုဒ္ဓသပိတ်တော်နဲ့ ပတ်သက်တဲ့ သဲလွန်စ ဖြစ်ပါတယ်။ ဒုက္ကရစရိယာ ကျင့်စဉ်က ဗုဒ္ဓအသုံးပြုခဲ့တဲ့ သပိတ်တော် (ဃဋိကာရဗြဟ္မာလှူတဲ့ ပရိက္ခရာရှစ်ပါးထဲက သပိတ်တော် ဖြစ်နိုင်တယ်)မှာ သုဇာတာ သူဌေးသမီးရဲ့  နို့ဃနာဆွမ်းကို အလှူခံတဲ့ အချိန်ကစပြီး ပျောက်ကွယ်သွားခဲ့လို့ တပုဿနဲ့ ဘလ္လိကတို့ မုန့်လှူတဲ့အချိန်မှာ ဗုဒ္ဓမှာ ထည့်စရာ သပိတ်မရှိခဲ့ဘူး (၀ိ- ဋ္ဌ ၃၊ ၂၃၉)လို့ ဆိုပါတယ်။လှူဒါန်းကြပုံ“နတ်မင်း လေးယောက်သည် ပထမတွင် ဣန္ဒနီပတ္တမြားဖြင့် ပြီးသော သပိတ်ကို လှူဒါန်းကြသော်လည်း ဗုဒ္ဓ လက်ခံတော်မမူ။ ကျောက်ညိုဖြင့်ပြီးသော သပိတ်ကို လှူဒါန်းမှသာ ဗုဒ္ဓသည် သပိတ်လေးလုံးစလုံးကို လက်ခံတော်မူ၏။ အလိုဆန္ဒကြီးသောကြောင့် မဟုတ်ဘဲ အလှူရှင်တို့၏ သဒ္ဓါတရားကို စောင့်ရှောင့်ရန်သာ သပိတ်လေးလုံးစလုံးကို အလှူခံခြင်းဖြစ်၏။ အလှူခံပြီးနောက် သပိတ်လေးလုံးကို တစ်လုံးတည်း ဖြစ်သွားအောင် အဓိဋ္ဌာန်ပြုလိုက်၏ (၀ိ- ဋ္ဌ ၃၊ ၂၃၉)”။ “အဖိုးများစွာ ထိုက်တန်သော၊ သို့မဟုတ် အသစ်ဖြစ်သော ကျောက်ညိုဖြင့်ပြီးသော သပိတ်”လို့ အဋ္ဌကထာမှာ နှစ်မျိုး ဖွင့်ပါတယ်။ ဒါပေမဲ့ သုတ္တန်ဋီကာကျမ်းပြု အရှင်ဓမ္မပါလကတော့ “အသစ်ဖြစ်သော ကျောက်ညိုသပိတ်”ဆိုတဲ့ အဋ္ဌကထာ ဒုတိယနည်းကိုပဲ နှစ်သက်ပါတယ်။ ဘာကြောင့်ဆို “ဗုဒ္ဓဘုရားရှင်တို့မည်သည် အဖိုးတန်ပစ္စည်းကို ခံလည်း မခံယူ သုံးလည်း မသုံးဆောင်သောကြောင့်ပါ ( မ-ဋီ ၂၊ ၁၃၈)”တဲ့။ ဗုဒ္ဓဟာ ဒီသပိတ်တော်ကိုပဲ ဘ၀တစ်သက်တာ အသုံးပြုသွားဖွယ် ရှိပါတယ်။ဗုဒ္ဓသပိတ်တော် သွားလေရာအစဉ်အလာအရ ဗုဒ္ဓရှင်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအနေနဲ့ ဝေသာလီမြို့က ထွက်ခွာတဲ့အခါ ငိုယိုပြီး လိုက်နေကြတဲ့ လိစ္ဆ၀ီမျိုး ဗုဒ္ဓ၀ါဒီ တွေကို ချီးမြှောက်တဲ့အနေနဲ့ ကိုတော်မြတ်ရဲ့ ဆွမ်းခံသပိတ်တော်ကို ပေးခဲ့တယ်လို့ ဆိုတယ်။ ဗုဒ္ဒပရိနိဗ္ဗာန်စံပြီးနောက် နှစ်ငါးရာလောက် ကြာတဲ့အထိ ဝေသာလီမြို့မှာ အဲဒီသပိတ်တော်ကို ကြီးကျယ်ခမ်းနားတဲ့ စေတီတော်မှာ ထည့်သွင်း (ဌပနာ)ထားတယ်။ အေဒီ ၂ ရာစုမှာ ဗုဒ္ဓ၀ါဒီ ကနိသျှကဘုရင် ဝေသာလီကို တိုက်ခိုက်အောင်နိုင်ပြီး ဗုဒ္ဓသပိတ်တော်ကို မိမိ၏မြို့တော် ပက်ရှဝါသို့ ယူသွားတယ်။ နောက် နှစ်ပေါင်း နှစ်ရာလောက်အကြာ အေဒီလေးရာစုမှာ တရုတ်ရဟန်းတော် ဖာဟီယန် ပက်ရှဝါကို ရောက်တဲ့အခါ အဲဒီ သပိတ်တော်ကို ဖူးတွေ့ရသေးတယ်။ နောက်ထပ် နှစ်ပေါင်း ရှစ်ရာကျော်ထိ အဲဒီဒေသကို ဘုရားဖူးရောက်လာကြတဲ့ ခရီးသည်တွေက အဲဒီသပိတ်တော်အကြောင်းကို ဖော်ပြကြတယ်။ ဗုဒ္ဓသပိတ်တော်ကို ဌာပနထားတဲ့ စေတီတော်ဟာ အိန္ဒိယမြောက်ပိုင်းကို မူဆလင်တို့ ကျူးကျော် ၀င်ရောက်စဉ်က ဖျက်ဆီးခံခဲ့ရတယ်။ ဒါပေမဲ့ သပိတ်တော်ကတော့ မပျက်မစီး ကျန်ရစ်ခဲ့ပြီး ယနေ့ခေတ် အာဖဂန်နစ္စတန်နိုင်ငံ ကန္ဓာရ (Kandhara)မြို့က မူဆလင် ဗလီ တစ်ခုအတွင်းမှာ ဖူးတွေ့နိုင်ပါသတဲ့။ သပိတ်တော်ရဲ့ အပြင်မျက်နှာပြင်မှာ အာရဗီအက္ခရာတွေ ရေးခြစ်ထားပါသတဲ့ (Middle Land Middle Way, p. 135)။သေချာအောင်သီဟိုဠ်ဘုရင် ဒေ၀ါနံပိယတိဿမင်းလက်ထက် (ဘီစီ ၃ ရာစု)မှာ ဗုဒ္ဓသပိတ်တော် တစ်ဆူကို သီဟိုဠ်သို့ ပင့်ဆောင်ခဲ့ကြောင်းလဲ သိရတယ် (မဟာဝံသ ၃း၁၃)။ ဒါကြောင့် မည်သည်က ဗုဒ္ဓအသုံးပြုခဲ့တဲ့ သပိတ်တော်အစစ် ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်လို့ နှောင်းခေတ် မှတ်တမ်းတွေနဲ့ သုတေသီတို့ရဲ့ အဆိုကိုတော့ သေချာအောင် ဆက်လက် လေ့လာဦးမဲ့ သဘောရှိပါတယ်။
Questioned By - Aye Chan Date: 7 May 2008Dear Sayadaws,I have a question about Emptiness. I am really confused about what does Emptiness really mean in Buddhism? What does it mean to have an Emptiness? Does Emptiness mean things are lack of inherent characters? Could you explain me more about Emptiness?Aye Chan
Answered By - ဆရာတော် ဦးသဇ္ဇနဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ ၊ ဓမ္မာစရိယ ၊ ပါဠိပါရဂူ ၊Date: 15 May 2008Emptiness does not mean being devoid of inherent chracteristics of things.In addition,it does not negate the inherent pleasures and pains of life or any existence. The emptiness,in Buddha's own words,means being devoid of Atta(me) and Attaniya (mine). Let me explain a little further so that one can understand what it really means.Buddha has always emphasized to realize the truth in terms of ultimate truth so that one can set oneself free from entanglements and subsequent suffering caused by ignorance and clinging.The truth has to be realized on both conventional level and ultimate level.On conventional level,we used to say and view things such as I,me,mine, man,woman,tree,flowers and so on.There is nothing wrong in accepting and using these words such as me and mine because it is conventionally accepted truth in everyday life.However,as we are under a constant state of illusion,we used to assume that we are going to live forever without being affected by old-age,sickness and death.There is always a sense of self- deception that everything,including our body and mind,is under our countrol and manipulation.The emptiness means that there is no real me or mine in terms of a perpetual entity which has absolute control except corresponding interactive physical and mental forces which are in a state of constant flux governed by ever on-going process of arising and passing.The teaching of emptiness,which forms one of core teachings of Buddha,aims at removing this notion and leading an individual to higher spiritual awakening.The emptiness,therefore,is not merely an advanced teaching,but also a very profound discovery of Buddha for the highly intellectual mind and is an integral path to spiritual progress.If you would like to know more about this,you can refer to major Buddhist texts.
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 20 May 2008EmptinessThe word Emptiness is a translation of Pali word Suññata (Skrt. Shunyata). Emptiness here means non-substantiality, void, latency, and relativity. This idea belongs to Madhyamika (The Middle Way) School of Mahayana Buddhism. This concept of emptiness was systematized by Nagarjuna who founded the mentioned School in the 2nd century. It is said that Nagarjuna received the doctrine of Emptiness (Shunyata) from dragon's king beneath the ocean. Sahharma Pundarika Sutra and the Prajnaparamita Sutras are the texts of this school. In his small book Madhyamika-Karika, Nagarjuna proved that everything is void. According to him, a living entity, being not more than a temporary union of the five aggregates, cannot be said to have an absolute self which is unchanged, and that because the dharmas or elements of existence arise through dependent origination, they have no unchanging self-nature too. The practical implications lie in the rejection of attachments to transient phenomena and to the egocentricity of one who envisions himself as being absolute and independent of all other existences.The Heart SutraThere are forty Sutras that constitute the Prajnaparamita group of Sutras. One of the most important sutras is Heart (Hridaya) Sutra. Here you can taste the original idea of Emptiness as stated in this Sutra: iha sariputra rupam sunyata sunyataiva rupam, rupan na prithak sunyata sunyataya na prithag rupam, yad rupam sa sunyata ya sunyata tad rupam; evam eva vedana-samjna-samskara-vijnanam. Here, O Sariputra, bodily-form is voidness; verily, voidness is bodily-form. Apart from bodily-form there is no voidness; so apart from voidness there is no bodily-form. That which is voidness is bodily-form; that which is bodily-form is voidness. Likewise (the four aggregates) feeling, perception, mental imaging, and consciousness (are devoid of substance). iha sariputra sarva-dharmah sunyata-laksala, anutpanna aniruddha, amala avimala, anuna aparipurnah. Here, O Sariputra, all phenomena of existence are characterized by voidness: neither born nor annihilated, neither blemished nor immaculate, neither deficient nor overfilled. (Sutra Translations, p. 34)Empty World (Suññaloka) SuttaIn Theravada tradition, there is a Sutta called Sunnaloka (San 2, p. 279). According to this Sutta, once Ananda asked the Buddha, "Venerable Sir, it is said, 'Empty is the world, empty is the world.' In what way, Sir, is it said, Empty is the world?" Then the Buddha answered, "It is, Ananda, because it is empty of self and of what belongs to self that it is said, ' Empty is the world'. And what is empty of self and of what belongs it self? The eye, Ananda, is empty of self and of what belongs to self. Forms are empty of self and of what belongs to self. ... Whatever feeling arises with mind-contact as condition --- weather pleasant or painful or neither-painful-nor-pleasant --- that too is empty of self and of what belongs to self. It means that there is no self, nor anything pertaining to self in this world. Therefore, the world is empty (suñño loko).AnalysisFrom the carefully study of the two original Suttas, the Emptiness doctrine given by Nagarjuna is closely linked to the Suññaloka Sutta of Samyutta nikaya and to that of Dependent Origination (Paticcasamuppada). It is said that the Madyamika-vadins extended their doctrine into Māyā (opposite of essential absolute which is the Dharmakāya) and Tantaric idea (which later becomes Tibetan Buddhism), and they have developed it into a deep psychology and philosophy. It should be noticed that Madhyamika (the Middle Way) here means the concept which is free from the two extremes of neither existence nor non-existence, neither soul nor no-soul, and so forth while the Theravada's Middle Way means the two extremes of self-mortification and self-indulgent. The difference between the two is that the former deals with the concept and the latter with the practice.
Questioned By - Chug David Date: 2 May 2008Dear Sayadaws,I have one question. Last night I thought about about video games, after watching my brother-in-law playing one. As Sayadaws might be aware of, some video games are violent. Each year, they become more and more realistic. Now some look almost life-like, and involve the player using realistic weapons and realistic means to shoot at these human-like objects. My question is this: is playing a game like this against the ideas of Buddhism? Although nothing is really being killed, does the intention to "kill" things in the video game world affect one's mind the same way that trying to another living being does? Be well and happy.David Chug
Answered By - ဆရာတော် ဦးသဇ္ဇနဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ ၊ ဓမ္မာစရိယ ၊ ပါဠိပါရဂူ ၊Date: 15 May 2008Gaming for the sake of pleasure and as a pastime is OK although there are some unnecessary side-effects.In this case,playing a game with violent contents is indeed very harmful to mental wellbeing of the player.Moreover,there is a greater chance of unwholesome thoughts (Akusala Manokamma) being frequently occured during the process of playing.Though it is not directly against Buddha's teaching,it can negatively affect one's mental wellbeing and physical behavior in the long term.
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 15 May 2008Five Parts of KillingThere are five parts to say killing living beings: 1) knowing that is a living being (pāna sannitā) 2) intention to kill a living being (volitional activity to kill) (vadhaka cetanā) 3) effort to kill (vāyāmo) 4) killing (māreti) 5) victim's death by that effort (tena maranam). In accordance with all these five parts, if you kill a living being, then you violate the first of five precepts. If you miss one of the five, you keep the precept. This idea is based on the Theravada Buddhist commentaries.The Video GameThe video game is only in the computer program though these human-like objects are realistic and violent, and nothing is a real living being. So typically we cannot say that he violates the first precept when he plays that kind of game.However, there are a lot of mental draining that occurs while playing that kind of game. If you do it repeatedly, it can become a habit and damage your mind, causing your behavior to be bad. Then it may be easier for you to become a violent person. It means that you may be adopted by these human-like objects and may become the very object-like person. According to religious point of view, you do nothing good for yourself and for others as well playing game. So it is a kind of wasting your precious time. A wise should live his life to obtain one of three things: merit, knowledge and spiritual or material wealth.One's DownfallBuddha taught us the cause of one's downfall: the man who is a debauchee who is a sexually addicted person (itthi-dhutto or purisa-dhutto); a drunkard (suraa-dhutto); a gambler (akkha-dhutto); and who squanders whatever he possesses – this is the cause of one's downfall. That kind of person may be accompanied by fools, being away from the wise, and can never attain mental development. According to me, depending on the Parabhava sutta, any kind of gambling including at least playing cards with one's friends at home for fun or so is against the principal ideas of Buddhism.
Questioned By - Naychi Letlet Date:28 Apr 2008ဆရာတော် အရှင်မြတ်များဘုရားအချို့ဗုဒ္ဓဘာသာဝင်များသည် အိမ်မှာ ကိုးကွယ်ထားသည့် ဒက္ခိဏသာခါ ဆင်းတုတော်က မီးကွင်းတယ်၊ သူခိုးမ၀င်ရဲအောင် ကာကွယ်ပေးတယ်ဟု ယုံကြည်ကြပါသည်။ အဲဒီ ယုံကြည် ချက် မှန်ကန်ပါသလားဘုရား။ ဗုဒ္ဓဘာသာကောင်း တစ် ယောက် ဖြစ်ရေးမှာ ဗုဒ္ဓဆင်းတုကို ကိုးကွယ် ပူဇော်မှုသည် အရေးကြီးပါသလားဘုရား။ ရုပ်တုဆင်းတု ကိုးကွယ်မှုကို ဗုဒ္ဓ ကိုယ်တိုင် ခွင့်ပြုခဲ့ပါသလား။ မည်သည့် အချိန်ကစတင်ပြီး ရုပ်တုဆင်းတု ကိုးကွယ်မှု စတင်ခဲ့ပါသနည်း။ သနားသော အားဖြင့် ရှင်းလင်း ပေးစေလိုပါတယ်အရှင်ဘုရား။မေ၀သန်ဦး၊ခေတ္တ မလေးရှား
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 13 May 2008ရုပ်တုကိုးကွယ်မှုဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့ အတွေးအမြင်ဟုတ် မဟုတ်ဆိုတာ အတိအကျဆိုဖို့ ခဲယဉ်းပါတယ်။ ထေရ၀ါဒ ပိဋကတ်မှာ မြတ်ဗုဒ္ဓက မိမိရဲ့ ဆင်းတုကို ထုလုပ်ကိုးကွယ်ရမယ်လို့ တိုက်ရိုက် မြွက်ဟထားတာာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည် ထား ကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ ၂၊ ၁၁၀)။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းတို့ရဲ့ သင်္ဂြိုဟ်ကြွင်းကို စေတီတည် ကိုး ကွယ်တဲ့ အဲဒီခေတ်အချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို တားလဲ မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လိုတဲ့ အတွေးအမြင်ဟာ မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ဗုဒ္ဓရဲ့တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ် ခွန်အားကို ရရှိလိုတာကနေ စတင်ခဲ့တာဖြစ်နိုင်ပြီး ထေရ၀ါဒပိဋကတ်မှာရော သမိုင်းအရပါ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။ခြေတော်ရာစေတီဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာပုံကိုဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြတယ်။ ဗုဒ္ဓ၀ါဒ အစောပိုင်းကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓ၀ါဒီအချို့ နှစ်သက်ကြဟန် မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ ထူးခြားတင့်တယ်တဲ့ ရုပ်သွင်တော် ပျက်ယွင်းသွားနိုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။ ဂရိနဲ့ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်မှု ပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြ ပါတယ်။ ဗုဒ္ဓဆင်းတု တည်ဆောက်မှု အနုပညာနဲ့ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က ကူညီအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အခြား နိုင်ငံတွေမှာလဲ ရုပ်ပွားဆင်းတု ကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံ လူမျိုးအသီးသီးရဲ့ ရုပ်သွင်ပုံဟန်တွေနဲ့ ဆင်းတုတွေ ထုလုပ်ခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာ တစ်နိုင်ငံတည်းမှာပင် သမိုင်းခေတ် တစ်ခုနဲ့တစ်ခု မတူဘဲ သွင်ပြင်ဟန်ပန် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဒက္ခိဏသာခါဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားက “တောင်ဖက်ကိုင်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဗောဓိပင်ရဲ့ တောင်ဖက်ကိုင်းကို ထုလုပ်တဲ့ ဆင်းတုလို့ ဆိုဖွယ်ရှိပါတယ်။ ဒက္ခိဏသာခါ ဆင်းတုအကြောင်းကို ပိုမို နားလည်ဖို့ဆိုရင် ဆက်လက်သုတေသန ပြုရဦးမှာပါ။ ဆင်းတုတော်ရဲ့ ပုံစံကလဲ တစ်မူထူးခြားနေပါတယ်။ ဘယ်ခေတ်က ဘယ်လိုအဓိပ္ပာယ်နဲ့ အဲဒီပုံစံမျိုး ထုလုပ်ခဲ့တယ်ဆိုတာကို ပညာရှင်တို့ တင်ပြပါကုန်။ ရုပ်ပွားဆင်းတု ကိုးကွယ်ရာမှာ ကိုးကွယ်ခံဆင်းတုက မီးကွင်းအောင် လေကွယ်အောင်လုပ်ပေးတယ်လို့ မယူဆသင့်ပါဘူး။ ဘာကြောင့်ဆို သက်တော်ထင်ရှား ဗုဒ္ဓဘုရားကိုယ်တိုင် အဲဒီလို လုပ်မပေးလို့ပါဘဲ။ ဗုဒ္ဓဆင်းတု ကိုးကွယ်တဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်နိုင်ဖို့ပါ။ မြတ်ဗုဒ္ဓရဲ့ တည်ငြိမ်တဲ့ သွင်ပြင်၊ မေတ္တာတရား၊ သန့်ရှင်စင်ကြယ်မှုနဲ့ ပြီးပြည့်စုံ မှုတွေကို ထင်ဟပ်စေတဲ့ သင်္ကေတဟာ ကိစ္စမြားမြောင် လူ့ဘောင်ထဲက နေ့စဉ်လူမှုဘ၀ လှုပ်ရှားမှုတွေမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေ၊ စိုးရိမ် ပူပန်မှုတွေကို ကျော်လွှားဖို့ စိတ်ဓာတ်အင်အားကို ရရှိစေပါတယ်။ စိတ်သက်ရာရမှု၊ စိတ်ဓာတ် ပြန်လည် လန်းကြွလာမှုတို့အတွက်လဲ ကြီးစွာ အထောက် အပံ့ပြုပါတယ်။ ဗုဒ္ဓဆင်းတုကို ပူဇော်ကန်တော့ဆဲမှာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရည်တွေအပေါ်မှာ တစ်ခဏလောက် မိမိ စိတ်ကို တည်ကြည်စွာ ထားလိုက်နိုင်ရင် အဲဒီကြည်လင်တဲ့စိတ်ဟာ အမှန်ပင် ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။မီးကွင်း ဆင်းတုတစ်ခါတစ်ရံ လူအများ ပူဇော်ခံ စေတီတော်နဲ့ ဆင်းတုတော်တွေမှာ ထူးခြားတဲ့ စွမ်းအင် သို့မဟုတ် တန်ခိုးတစ်မျိုး ရှိနေတတ်ပါတယ်။ ဗုဒ္ဓ၀ါဒဟာ ပရ လောကကို လက်ခံယုံကြည်ပါတယ်။ သူတော်စင် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ဟာ မိမိတို့ ပြုလုပ်တဲ့ ကုသိုလ်ထူးအတွက် ကွယ်လွန်ပြီးနောက်မှာ မိမိတို့ အထူးကြည်ညိုတဲ့ စေတီ သို့မဟုတ် ဗုဒ္ဓဆင်းတုတော်တွေကို စောင့်ရှောင့်လိုကြောင်း ဆုတောင်းကြတာတွေ ရှိပါတယ်။ အဲဒီလို အစောင့်အရှောင့်တွေ ရှိ ရင်၊ အနည်းဆုံး အဲဒီဗုဒ္ဓဆင်းတုကို ကြည်ညိုတဲ့ ပရလောကသားတွေ ရှိခဲ့ရင်၊ ကိုယ်တိုင်ကလဲ ဗုဒ္ဓါနုဿတိ (ဗုဒ္ဓကိုအာရုံပြုမှု)နဲ့ ကြည်ညိုစိတ်တွေ အားကောင်းနေရင် အဲဒီဗုဒ္ဓဆင်းတုတွေရဲ့ ထူးခြားအံ့သြဖွယ်ကို ရံဖန်ရံခါ တွေ့မြင်ရဖွယ်ရှိပါတယ်။ အဲဒီအခါမျိုးမှာ အဲဒီဗုဒ္ဓဆင်းတုက မီးကွင်း လေကွယ် ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဘုန်းကြီးအနေနဲ့ ယုံကြည်ပါတယ်။ ဆင်းတုဟာ ဆင်းတုပါပဲ။ အထဲမှာ ဗုဒ္ဓဓာတ်တော်မှ မရှိဘဲ။ ဒါကြောင့် ဗုဒ္ဓဆင်းတုက တိုက်ရိုက်ကြီးတော့ တန်ခိုးမပြတန်ရာပါဘူး။မရှိ မဖြစ်လားဗုဒ္ဓ၀ါဒီတွေဟာ ဗုဒ္ဓဆင်းတော်ကို ဖူးမြော်ရခိုက် နှလုံးသားထဲမှာ ဗုဒ္ဓရုပ်သွင် ထင်မြင်လာပြီး ကြည်ညိုသဒ္ဓါ တိုးပွားပါတယ်။ အဲဒီကြည်လင်တဲ့ စိတ်ဟာ ကြည်ညိုသူ ဗုဒ္ဓ၀ါဒီကို အတွေးအကြံကောင်းတွေ ရစေပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ညစ်ညူးမှုတွေနဲ့ နေ့စဉ်ဘ၀ပြဿနာ အထွေထွေကို တဒင်္ဂမေ့ပျောက် ထားနိုင်ပြီး စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အထောက်အပံ့ပြုပါတယ်။ ဒါကြောင့် ဗုဒ္ဓဆင်းတုကို ကိုးကွယ်ကြတာလို့ နားလည်သင့်ပါတယ်။ ဗုဒ္ဓ၀ါဒမှာ ဓမ္မကို ကျင့်သုံးဖို့ ဗုဒ္ဓဆင်းတုကို ကိုးကွယ်ရမယ်လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။ ဗုဒ္ဓဆင်းတုတော် မရှိဘဲလဲ ဓမ္မကို ကျင့်သုံးနိုင်ပါတယ်။ ဗုဒ္ဓဆိုတာ လမ်းညွှန်သူသာဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်ဖို့ဆိုရင် မိမိကိုယ်တိုင်ပဲ အားထုတ်ရပါတယ်။ ဒါပေမဲ့ ယဉ်ကျေးပြီး ကမ္ဘာတစ်လွှားက မျိုးဆက်တစ်ခုပြီး တစ်ခု လူသန်းပေါင်းများစွာရဲ့ စိတ်ဓာတ်အင်းအားကို ပေးစွမ်းနိုင်ခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင်မေ့နိုင်ဖို့ ဗုဒ္ဓဆင်းတုတော် လိုအပ်ပါတယ်။ ဗုဒ္ဓ၀ါဒီ တစ်ယောက်အနေနဲ့ မိမိအိမ်မှာ ဗုဒ္ဓဆင်းတု သို့မဟုတ် ဗုဒ္ဓရုပ်ပုံပန်းချီကားချပ် ထားရှိကောင်းပါတယ်။ ရှိပြီးဖြစ်ရင်လဲ အိမ်အလှပြဖို့ မဟုတ်ဘဲ ချီးမွမ်း ထောမနာပြုမဲ့ အရာ၊ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးမဲ့အရာ၊ ရိုသေပူဇော်မဲ့ အရာအနေနဲ့ အမြတ်တနိုး သိမ်းဆည်းထားပါလေ။သူတို့အမြင်တည်ကြည်တဲ့ ဗုဒ္ဒဆင်းတုတော်ပုံဟာ စံဝင်လှပပြီး အာရှယဉ်ကျေးမှုရဲ့ အဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒဿန (တွေးခေါ်)ပညာရှင် တွေ၊ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်တိုင် မြင့်မြတ်ထက်မြက်တဲ့ အတွေးအကြံတွေနဲ့ စိတ်ဓာတ်အင်အားကို ရရှိဖို့ ၎င်းတို့ရဲ့ စာဖတ်ခန်းထဲက စာပွဲပေါ် မှာ ဗုဒ္ဓဆင်းတုတော်ကို သိမ်းဆည်းထားလေ့ရှိကြပါတယ်။ သူတို့ အများစုဟာ ဗုဒ္ဓ၀ါဒီတွေ မဟုတ်ပါဘူး။ ဗုဒ္ဓဆင်းတုနဲ့ ပတ်သက်လို့ အိန္ဒိယ၀န်ကြီးချုပ် ဟောင်း ပဏ္ဍိတ် နေရူး ဆိုပုံက “မှိတ်ထားသော မျက်လုံးအစုံအတွင်းမှ စိတ်ပိုင်းစွမ်းရည်အချို့ကို အထင်းသား တွေ့ရပြီး ကိုယ်အမူအရာတွင် အသက် ၀ိညာဉ်ရှိသည့်အလား စွမ်းအင်များ ပြည့်လျှံနေ၏။ ခေတ်ကာလို့ ပြောင်းရွေ့သွားသော်လည်း ဗုဒ္ဓရှင်တော်မြတ်မှာမူ ဝေးကွာ၍ မသွားသေး။ ဗုဒ္ဓ၏အသံ သည် ကျွန်ုပ်၏ နားတွင်းသို့ တိုးညှင်းစွာ ကြားယောင်လာပါ၏။ လွတ်လပ်ရေး လှုပ်ရှားမှုမှ နောက်ဆုတ်မသွားရန် တည်ငြိမ်သော စိတ်ထားဖြင့် အန္တရာယ်ကို ရင်ဆိုင်ရန် ပြောပြနေသည့်အလားပင် ဖြစ်တော့၏။ ကျွန်ုပ် ထောင်ကျနေစဉ် ဤဆင်းတုတော်မြတ်အား ဖူးမြင်နေရခြင်းမှာ ကျွန်ုပ်အား ပြင်း ပြသည့် စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေခဲ့ပါသည်”တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက ဗိုလ်ချုပ် ဟန်မီလ်တန်ဟာ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းပျက် တစ်ခု က ဗုဒ္ဓဆင်းတုတစ်ဆူကို ရရှိသွားပါတယ်။ အဲဒီဆင်းတုတော်ကို အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီထံ ပေးပို့ပြီး စာတိုလေး ရေးပေးလိုက်ပုံ က “ခင်းဗျား စိုးရိမ်ပူပန်သောကရောက်နေစဉ်မှာ ဟောဒီ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဆင်းတုတော်ရဲ့ ရုပ်သွင်ကို တစ်ချက် ကြည့်လိုက်ပါ။ ပြီးတော့ ခင်းဗျားရဲ့ စိုးရိမ်ပူပန်မှုအပေါ် ပြုံးပစ်လိုက်စမ်းပါ” တဲ့။ အာရှအလင်းရောင်ကဗျာမှာ ဖော်ပြပုံက "This is that bloosom on our human tree Which opens once in many myriad years. But opened, fills the world with Wisdom's scent And Love's dropped honey. နှစ်ပေါင်း အသင်္ချေမှာ တစ်ခါသာ ပွင့်တဲ့ ပွင့်ပြီးရင် ကမ္ဘာကို ပညာရနံ့ မေတ္တာ ပျားရည်တွေ ပြည့်လျှံစေတဲ့ လူသားသစ်ပင်က ပန်းပွင့်” တဲ့။
Questioned By - Tin Zaw Latt Date:19 Apr 2008ဆရာတော် အရှင်မြတ်များဘုရားမွေးနေ့ပါတီတစ်ခုမှာ မိတ်ဆွေတစ်ယောက်နှင့် တွေ့ရင်း စပ်မိစပ်ရာ ပြောဆိုကြရာမှာ ထိုမိတ်ဆွေက ပရိတ်ရွတ်တာဟာ ဗုဒ္ဓ၀ါဒ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ တပည့်တော် ဘာမှ ပြန်မပြောခဲ့ပေမဲ့ သူပြောတဲ့ စကားက တပည့်တော်ရဲ့ ရင်ထဲမှာ စူးဝင်ကျန်နေခဲ့ပါတယ်။ ပရိတ်ရွတ်ဆိုရန် ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့ပါသလား ဘုရား။ ထိုမိတ်ဆွေပြောသလို ပရိတ်ရွတ်တာဟာ မန္တန်ရွတ်ဖတ်သလိုမျိုး ဖြစ်နေပါသလားဘုရား။ ပရိတ်ရွတ်တဲ့အတွက်ကြောင့် နာယူသူမှာ ဘာကြောင့် ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ အကျိုးတရားတွေ ရရှိပါသလည်းဘုရား။ သနားကရုဏာ ရှေ့ထား၍ ဖြေကြားပေးစေ ချင်ပါတယ်ဘုရား။ဦးသန်းစိန်New Delhi, IndiaAnswered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 1 May 2008စိတ်ကဦးစီးပုံ'၀ါးခြမ်းနှစ်ခုကို ထပ်ခါထပ်ခါ ပွတ်တိုက်ရင် မီးထွက်တာ၊ ဘီးရဲ့ လည်ပတ် ပွတ်တိုက်မှုကြောင့် စွမ်းအင်ကိုရပြီး စက်ဘီးရှေ့က မီးလုံး လင်းလာတာတွေကို တွေ့နိုင်တယ်။ နီဗားဒါးပြည်နယ်က ကမ္ဘာ့အံ့ဖွယ် ဧရာမ ဟူးဗားဒမ် ရေအားလျှပ်စစ်စက်ရုံက ဘီးကြီးတွေရဲ့ လည်ပတ်မှုနဲ့ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ကာလီဖိုးနီးယား မြောက်ပိုင်း၊ နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်တွေမှာ လျှပ်စစ်မီးကို အလျှံပယ်သုံးနိုင်ပါတယ်။ မြန်မာ နိုင်ငံလို သုံးနိုင်ငံနီးပါးလောက် သုံးနိုင်တဲ့ စွမ်းအင်ပါ။ အဲဒီလောက် ကြီးမားတဲ့ ရုပ်စွမ်းအင်ဆိုတာ အမှန်တော့ နာမ်စွမ်းအင်က ထုတ်လုပ်ချက်မျှသာ ဖြစ်ပါတယ်။ ရုပ်တရားမှာ အဲဒီလို သဘာဝ စွမ်းအင်မျိုးရှိသလို ပရိတ်တော်တွေကို ကြိမ်ဖန်မျာစွာ ရွတ်ဖတ်သူမှာလဲ မြင့်မားတဲ့ နာမ်စွမ်းအင်တွေ ရှိလာနိုင်ပါတယ်။ စကားလုံးတွေကို ထပ်ခါထပ်ခါ ရွတ်ဆိုပွားများရင် အဲဒီစကားလုံးတွေက ထူးခြားတဲ့ စွမ်းအင်တစ်ခုကို ထုတ်ပေးတဲ့ သဘာဝ နိယာမရှိပါတယ်။ ဆရာတော်ကြီးတစ်ပါး အပြောအရ ရွတ်ပါများလို့ အဲဒီလို စွမ်းအင်တွေ မိမိမှာ ရှိနေတာကို တစ်ခါတလေ မိမိကိုယ်တိုင်တောင် မသိလိုက်မိပါဘူးတဲ့။
စွမ်းအင်ရရှိပုံပရိတ်တော်တွေကို ရွတ်ဆိုဆဲမှာ ဖြစ်ပေါ်လာတဲ့ စေတနာ မေတ္တာ သစ္စာစတဲ့ နာမ်တရားတွေရဲ့ အစွမ်းသတ္တိဟာ ရုပ်စွမ်းအင်ထက် ကြီးမားတဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင်လဲ နာမ် စွမ်းအင်ကို အသုံးပြုတော်မူခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံခါနီး မကြွလှမ်းနိုင်လောက်အောင် ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ဖလသမာပတ်သမာဓိနဲ့ ထောက်ကန်ပြီး ဆယ်လလောက် မရပ်နားဘဲ ခြေလျင်ခရီး ကြွချီတော်မူနိုင်ခဲ့ပါတယ်။ “အာနန္ဒာ၊ ငါ့အသက် ရှစ်ဆယ်ရှိနေပြီ။ လှည်းအိုသည် (ကြိုးဖြင့်) တုပ်နှောင်၍ တည်တံ့သကဲ့သို့ မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် အရဟတ္တဖိုလ်သမာဓိဖြင့် ဖွဲ့ချည်၍ တည်တံ့ နေ၏ (ဒီ ၂၊ ၈၅)”။ ဆန္ဒ (လုပ်လိုတဲ့ ဆန္ဒ)၊ စိတ္တ (စွဲမြဲတဲ့စိတ်)၊ ၀ီရိယ (မပျင်းမရိ လုပ်ဆောင်မှု)၊ ပညာ (ချင့်ချိန်တတ်သည့် အသိ) တရားလေးမျိုးဟာ ဣဒ္ဓိပါဒ (စွမ်းအင်ရဲ့ အခြေခံ) တွေ ဖြစ်ပါတယ်။ “အဲဒီ (ဣဒ္ဓိပါဒ)တရားလေး မျိုးကို ကြိမ်ဖန်များစွာ ပွားများသူသည် သက်တမ်းဆုံးအောင် သက်တမ်းကျော်အောင် အသက်ရှည်နိုင်၏ (ဒီ ၂၊ ၈၅)”။ မြတ်ဗုဒ္ဓဟာ နာမ်တရားတွေ အစွမ်းသတ္တိ ကြီးမားပုံကို အခါများစွာ ဟောကြားတော်မူ လေ့ရှိပါ တယ်။ ပရိတ်ရွတ်တာဟာ သမထ သို့မဟုတ် ၀ိပဿနာ ဘာဝနာအဆင့် မရောက်သေပေမဲ့ ကြိမ်ဖန်များစွာ ပွားများရင် ထူးခြားတဲ့ စွမ်းရည်ရှိတာ ထင်ရှားပါတယ်။
ပရိတ်ရွတ်ခြင်း“ရဟန်းတို့၊ အာဋာနာဋိယမည်သော အရံအတား (ရက္ခံ)ကို သင်ယူကြလော့၊ အဖန်ဖန် လေ့လာကြလော့၊ ယင်းသည် လူအများ၏ အကာကွယ် အစောင့်အရှောင့်ဖြစ်၏ (ဒီ ၃၊ ၁၇၄)”။ “ရဟန်းတို့၊ လေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်းမအား အာပတ်မှ လွတ်၏ (၀ိ ၂၊ ၄၀၂)။ ပရိတ်ဟူရာ၌ တစ္ဆေသရဲနိုင်မန္တန်၊ မြွေနိုင်မန္တန်စသည့် မန္တန်အမျိုးမျိုးလည်း အပ်၏ (၀ိ-ဋ္ဌ ၃၊ ၂၀၅)”။ ပထမ ကျမ်းကိုးအရ မြတ်ဗုဒ္ဓက ရဟန်းတော်တွေကို အာဋာနာဋိယ ပရိတ်ကို သင်ယူဖို့ တိုက်တွန်းတာကို တွေ့နိုင်ပါတယ်။ ဒုတိယကျမ်းကိုးမှာပါတဲ့ မန္တန်မျိုးကိုတောင် ရဟန်းမိန်းမ (ရဟန်းယောက်ျားလဲ ပါတယ်)တွေ သင် ယူကောင်း လုပ်ကောင်းရင် ပါဠိတော်တွေမှာ တိုက်ရိုက်လာတဲ့ ပရိတ်တော်တွေဆိုရင် ပြေစရာမလိုဘူးပေါ့။ ပရိတ်ကြီး ၁၁ သုတ်ဆိုတာက ထိုထိုသုတ္တန်တွေက ဆွဲထုတ်ထားတဲ့ ပါဠိတော်အပိုင်းအစတွေပါ။ တစ် သုတ်စီကို စစ်ကြည့်ရင် သစ္စာပြုတာ၊ တ္တောပို့တာ၊ ဂုဏ်တော် စီးဖြန်းတာတွေပါပဲ။ ဒါကြောင့် ပရိတ်ဆိုတာ ဘုရားဟော၊ ပရိတ်ရွတ်ဖို့ ဘုရားခွင့်ပြုခဲ့တယ်လို့ အခိုင်အမာ မှတ်ယူသင့်ပါတယ်။ ပရိတ်ရွတ်တာဟာ ဗုဒ္ဓ၀ါဒမဟုတ်ဘူးလို့ ဆိုရန် ခိုင်လုံတဲ့ အကြောင်းတရား မရှိပါဘူး။
တားဆီးပုံပရိတ်တရားတွေဟာ စေတနာ သဒ္ဓါ သစ္စာ မေတ္တာဆိုတဲ့ နာမ်တရားတွေဖြစ်လို့ အဲဒီနာမ်တရားတွေကို ခန္ဓာကိုယ်ထဲမှာ စိမ့်ထုံသွားအောင် စူးစူးစိုက်စိုက် ရွတ်ပွားနေရင် ဆန္ဒ စိတ္တ ၀ီရိယ ၀ီမံသဆိုတဲ့ ဣဒ္ဓိပါဒ် ဖြစ်သွားပြီးအကျိုးပြီးမြောက်နိုင်ပါတယ်။ နာမကျန်းဖြစ်တဲ့အခါ ပျောက်လိုတဲ့ ဆန္ဒလဲ ပြင်းပြမယ်၊ ပျောက်ဖို့လဲ စိတ်ထက်သန်နေမယ်၊ ပျောက်အောင်လဲ ကြိုးစားကုသမယ်၊ သင့်မသင့် ချင့်ချိန်တဲ့ ညဏ်ကလဲ ဦးစီး နေမယ်ဆိုရင်၊ အဲဒီအတွင်းစိတ်ဟာ ဗောဇ္ဈင် တရားတွေကို ကြားနာရွတ်တဲ့ သဒ္ဓါ စေတနာ တိုးပွားမှုအရှိန်နဲ့ ထိတွေ့တဲ့အခါ အဲဒီအရှိန်ဓာတ် စွမ်းအင်ရဲ့ ရိုက်ခတ်မှုကြောင့် ပူလောင်နာကျင်မှုတွေ လျော့ပါးသွား ပါတယ်။ အဲဒီလိုနဲ့ မိမိကိုယ်မှာ ရောဂါပျောက်၊ အပြင်မှာ အန္တရာယ်ကင်းတဲ့ အကျိုးကို ရရှိတာပါ။ အရှင်မဟာကဿပနဲ့ အရှင်မဟာမောဂ္ဂလ္လာန်တို့ နာမကျန်းဖြစ်လို့ အဲဒီ မထေရ်ကြီးတွေကို မြတ်ဗုဒ္ဓကိုယ်တိုင် ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောကြားလို့ ရောဂါပျောက်ကင်းသွားပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် ကိုယ်လက်မအီမသာ နာမကျန်းဖြစ်လို့ အရှင်စုန္ဒမထေရ်က အဲဒီ ဗောဇ္ဈင်ခုနစ်ပါးတရားကို ရွတ်ပြတဲ့အခါ မြတ်ဗုဒ္ဓလဲ ကျန်းမာသွားပါတယ် (သံ ၃၊ ၇၁)။ ဂိရိမာနန္ဒ (အံ ၃၊ ၃၄၂)၊ နကုလပိတာသူကြွယ် (အံ ၂၊ ၂၆၁)တို့လဲ ဗုဒ္ဓဟောတဲ့ သုတ္တန်တွေကို နာယူပြီး ကျန်းမာသွားကြဖူးပါတယ်။အင်္ဂါရပ်များပရိတ်နာယူသူမှာ ၁) ပဉ္စာနန္တရိယကံကို ကျူးလွန်ထားရင် ၂) နိယတမိစ္ဆာဒိဋ္ဌိ (စွဲမြဲ ပြင်းထန်တဲ့ အယူမှား) ရှိနေရင် ၃) ပရိတ်စွမ်းအင်ကို မယုံကြည်ရင် ပရိတ် အကျိုးမရှိနိုင်ဘူး (မိလိန္ဒ၊ ၁၅၅)။ ဒကာဒကာမ တို့အတွက် အထူးရည်ရွယ်ပြီး ရွတ်ပွားသူအနေနဲ့ ၁) အနက်အဓိပ္ပာယ်ကို နားလည်အောင် သင်ယူထားရမယ် ၂) ပုဒ်ဗျည်းတို့ကို မကျပေါက်စေဘဲ ပြည့်စုံအောင် လေ့လာ ကျက်မှတ်ထားရမယ် ၃) ရမဲ့ လာဘ်လာဘ ကို မငဲ့ဘဲ မေတ္တာရှေ့ထား၍ ရွတ်ဖတ်ရမယ် (ဒီ-ဋ္ဌ ၃၊ ၁၄၉)။ အဲဒီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံရင် အထက်မှာ ပြောပြထားတဲ့အတိုင်း အကျိုးပြီးမြောက်နိုင်ပါတယ်။ပိယင်္ကရသုတ်အရှင်အနုရုဒ္ဓမထေရ်ဟာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးခိုက် တစ်ခုသော မိုးသောက်ယံမှာ သုတ္တန်တွေကို ရွတ်အံနေပါတယ်။ ဘီလူးမတစ်ယောက် သားငယ်နှင့်အတူ ရောက်ပြီး အရှင်မြတ်ရဲ့ ရွတ်ဖတ်သံကို နာယူပါတယ်။ သားငယ်က အသံပြုတဲံအတွက် “သားရေ၊ အသံအပြုပါနဲ့။ ရဟန်းရွတ်တဲ့ တရားကို သိပြီး လိုက်နာကျင့်ကြံနိုင်ရင် တို့တွေ ဘီလူးဘ၀က လွတ်မြောက်နိုင်လိမ့်မယ်”လို့ တားမြစ်တယ်။ တရားတော် (သုတ္တန်) အဆုံးမှာ ဘီလူးမ သောတာပန် တည်သွားပါသတဲ့ (သံ ၁၊ ၂၁၁)။ ဗုဒ္ဓကို ရွတ်ဖတ်မှုဟာ အဲဒီလိုလဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ပရိတ် မရွတ်ခင်မှာ “သမန္တာ စက္က၀ါဠေသု၊ အတြာဂစ္ဆန္တု ဒေ၀တာ = စကြ၀ဠာ ၀န်းကျင်က နတ်ဗြဟ္မာအပေါင်းတို့၊ ဤပရိတ်တရားကို ဟောကြားသည့် နေရာသို့ လာေ၇ာက်ကြပါ”လို့ ဖိတ်ကြားတာ ဖြစ်ပါတယ်။ ယုံကြည်သဒ္ဓါနဲ့ ပြည့်စုံတဲ့ နတ်ဗြဟ္မာတွေ တရားနာရရင် ကောင်းကျိုးရနိုင်ဖို့ ဖြစ်ပါတယ်။ “သုတ္တန်တွေရဲ့ အဓိပ္ပာယ်မှန်ကို နားမလည်ဘဲ စွပ်စွဲပြောဆိုရင် ဘုရားကိုလဲ စွပ်စွဲရာရောက်တယ်၊ ကိုယ့်ကိုယ်ကိုလဲ တူးဖြိုရာရောက်တယ်၊ အကုသိုလ်လဲ တိုးပွားပါတယ် (မ ၁၊ ၂၃၆)။ အဓိပ္ပာယ်မှန်ကို သိလိုရင် ဆရာကောင်းကို ဆည်းကပ်ဖို့ ပညာရှိကို ဆရာတင်ဖို့ စိတ်ညွတ်သင့်ပါတယ်။

Questioned By - Maung Kyawzeya Date:17 Apr 2008ဆရာတော် အရှင်မြတ်တို့ဘုရား'ဤခုနစ်ဆူကုန်သော ဘုရားရှင်'ဟု ကြားဘူးပါသည်။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်ဟုလည်း ကြားဘူးပါ သည်။ ခုနစ်ဆူသောဘုရားရှင်သည် နှစ်ကျိပ်ရှစ်ဆူဘုရားထဲမှာ ပါဝင်ပါသလား။ မပါဝင်ဘူးဆိုလျင် ဘုရားရှင် သုံးဆယ့်ငါးဆူဟု ဆိုလိုပါသလားဘုရား။ အဆိုပါဘုရားရှင်တို့၏ အမည်များကိုလည်း သိလိုပါတယ်ဘုရား။ ခုနစ်ဆူဘုရား သို့မဟုတ် နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရှိလျင် ဓမ္မဗဟုသု မျဝေစေလိုပါတယ်။ကျော်ဇေယျ

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 27 Apr 2008ရှေးဖြစ်ကို သိတဲ့ဥာဏ်'မဟာပါဒနသုတ် ပါဠိတော် (ဒီ ၂၊ ၄၉) မှာ “၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ”လို့ ဗုဒ္ဓ ခုနစ်ဆူရဲ့ ဘွဲ့အမည်တွေကို ဟောပါတယ်။ ဗုဒ္ဓ၀ံသပါဠိတော် (စာ ၃၂၁-၃၇၅)မှာ “ဒီပင်္ကရ၊ ကောဏ္ဍည၊ မင်္ဂလ၊ သုမန၊ ရေ၀တ၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ နာရဒ၊ ပဒုမုတ္တရ၊ သုမေဓ၊ သုဇာတ၊ ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ၊ သိဒ္ဓတ္ထ၊ တိဿ၊ ဖုဿ ဆိုတဲ့ ဗုဒ္ဓဆယ့်ရှစ်ဆူနဲ့ ဖော်ပြပြီး ဗုဒ္ဓခုနစ်ဆူ”လို့ ဗုဒ္ဓ နှစ်ဆယ့်ငါးဆူတို့ရဲ့ ဗုဒ္ဓ၀င်ကို ဟောတော်မူပါတယ်။ အဲဒီ ဗုဒ္ဓ၀င်တွေကို ဗုဒ္ဓဂေါတမ ရှင်တော်မြတ်ဟာ ပုဗ္ဗေနိဝါသာနုဿတိ (ရှေးဘ၀တွေကို မြင်နိုင်တဲ့ ၀ိပဿနာ အားထုတ်မှုကြောင့် ရရှိတဲ့) ညာဏ်တော်နဲ့ ဟောတော်မူတာ ဖြစ်ပါတယ် (ဒီ-ဋီ ၂၊ ၁၄)။
ဤခုနစ်ဆူမဟာပဒါနသုတ်တော်မှာ ကိုယ်တော်မြတ်နဲ့တကွ ဗုဒ္ဓ ခုနစ်ဆူကိုသာ ဟောတော်မူရတာက “လူဖြစ်စဉ် တစ်ချိန်က ဖော်ပြပါ ဗုဒ္ဓခုနစ်ဆူထံမှာ တပည့်ခံလျက် တရားကျင့်ကြံခဲ့ကြပြီး ယခုအခါ ဗြဟ္မာ့ဘုံသို့ ရောက်နေကြသည့် ဗြဟ္မာများကို ချီးမြှောက်လိုခြင်း၊ တရားနာ ပရိသတ်တို့၏ အလိုဆန္ဒအရ နှစ်ဆယ့်ငါးဆူလုံး ဟောကြားရန် မလိုအပ်ခြင်းတို့ကြောင့် (ဒီ-ဋီ ၂၊ ၁၄)” ဖြစ်ပါတယ်။ ဗုဒ္ဓ၀ံသပါဠိတော်မှာတော့ ကိုယ်တော်မြတ် နိယတဗျာဒိတ် (ဘုရား ဧကန်ဖြစ်မယ်လို့ ဗုဒ္ဓတစ်ဆူဆူက မိန့်ကြားခြင်း) ကို ခံယူခဲ့တဲ့ ဘုရားရှင် ၂၄ ဆူနဲ့ ကိုယ်တော်မြတ်ကိုယ်တိုင်ပါ ပေါင်း ၂၅ ဆူကို ဟောတော်မူပါတယ်။
နှစ်ကျိပ်ရှစ်ဆူအပဒါန်ပါဠိတော်မှာတော့ ဂေါတမဗုဒ္ဓ နိယတဗျာဒိတ်ကို ခံယူခဲ့တဲ့ ဗုဒ္ဓ ၂၄ ဆူအပြင် ပထမဆုံး နိယတဗျာဒိတ်ကို ခံယူခဲ့တဲ့ ဒီပင်္ကရဗုဒ္ဓ မတိုင်ခင်ရှေ့က အဲဒီကမ္ဘာတစ်ခုတည်းမှာပဲ ပွင့်တော်မူပြီးဖြစ်တဲ့ တဏှင်္ကရ၊ မေဓင်္ကရ၊ သရဏင်္ကရ ဆိုတဲ့ ဗုဒ္ဓသုံးဆူကိုပါ ဟောတော်မူလို့ ဗုဒ္ဓဂေါတမအပါအ၀င် ဗုဒ္ဓပေါင်း နှစ်ကျိပ်ရှစ်ဆူ ဖြစ်သွားပါတယ်။ အပဒါန်ပါဠိတော်မှာပဲ “သုမင်္ဂလ (အပဒါန ၁၊ ၂၂၄)၊ ကကုဓ (ယင်း ၁၊ ၂၅၄)၊ အာနန္ဒ (ယင်း ၁၊ ၂၅၆)၊ ရောမသ (ယင်း ၁၊ ၂၆၈)၊ သုဒဿန (ယင်း ၁၊ ၃၂၁)၊ သမ္ဘ၀ (ယင်း ၁၊ ၃၂၂)၊ ဥပတိဿ (ယင်း ၁၊ ၃၂၂)၊ အနောမ (ယင်း ၁၊ ၃၃၂)၊ သတရံသီ (ယင်း ၁၊ ၃၄၁)၊ အဇ္ဇုန (ယင်း ၁၊ ၃၄၅)၊ သုမန (ယင်း ၁၊ ၃၇၇)၊ အနုရုဒ္ဓ (ယင်း ၁၊ ၄၁၀)၊ သတရံသီ (ယင်း ၂၊ ၄၁)၊ ရောသိတ (ယင်း ၂၊ ၄၈)၊ သုမန (ယင်း ၂၊ ၅၃)၊ သုစိန္တိတ (ယင်း ၂၊ ၇၇)၊ အဇ္ဇုန (ယင်း ၂၊ ၉၀)၊ ကကုဓ (ယင်း ၂၊ ၉၄)၊ သမ္ဘ၀ (ယင်း ၂၊ ၁၀၀)”လို့ ဗုဒ္ဓ ၁၉ ဆူ (ဘွဲ့အမည်တူပေမဲ့ ပွင့်တော်မူတဲ့ ကာလချင်း မတူလို့ သီးခြား ရေတွက်ပါတယ်) တို့ရဲ့ ဘွဲ့အမည်တွေကိုလဲ တွေ့ရပါတယ်။ အဲဒီ ဘွဲ့အမည်တွေကတော့ “အဇ္ဇုနော နာမ သမ္ဗုဒ္ဓေါ၊ ဟိမ၀န္တေ ၀သိ တဒါ (အဇ္ဇုန ဘွဲ့အမည်ရှိ ဘုရားရှင်သည် ထိုစဉ်အခါ ဟိမ၀န္တာတော၌ သီတင်းသုံးတော်မူ၏” (အပဒါန ၁၊ ၃၄၅) စတဲ့ စကားရိပ်တွေအရ သမ္မာသမ္ဗုဒ္ဓတို့ရဲ့ ဘွဲ့အမည်တွေ မဟုတ်ဘဲ ပစ္စေကဗုဒ္ဓတို့ရဲ့ ဘွဲ့အ မည်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓတွေဟာ တောမှာပဲ သီတင်းသုံးလေ့ရှိပါတယ်။
အဖြေအထက်က ဖော်ပြခဲ့တာတွေကို ဖတ်ပြီးတဲ့အခါ ၂၈ ဆူထဲမှာ ၇ ဆူ ပါဝင်ပြီး ဖြစ်တာ၊ သီးခြား မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ “၇ ဆူဆိုရင် တပည့်ဖြစ်ဖူးတဲ့ ဗြဟ္မာတွေကို ဟောကြားတာကို ညွှန်း၊ ၂၄ ဆူဆိုရင် ဗျာဒိတ်ခံ ဗုဒ္ဓတွေကို ညွှန်း၊ အပို ၃ ဆူက ပထမဆုံး ဗျာဒိတ်ခံ ဗုဒ္ဓရဲ့ နောင်တော် ဗုဒ္ဓတွေကို ညွှန်း၊ ဂေါတဗုဒ္ဓပါ စုစုပေါင်းရင် ၂၈ ဆူ”လို့ အချုပ်မှတ်ပါ။ သုံးဆယ့်ငါးဆူလို့ မမှတ်ပါနဲ့။ အပဒါန်ပါဠိတော် မြန်မာပြန်ကို လေ့လာလို့ ဘုရားဘွဲ့အမည်တွေ တိုးလာရင်လဲ အဲဒါတွေက ပစ္စေကဗုဒ္ဓတွေရဲ့ အမည်တွေဖြစ်တယ်လို့ မှတ်သားနိုင် ပါတယ်။

Questioned By - Man Ponnya Date:15 Apr 2008Dear Sayadaws,'Please let me know the reasons why we should send love (loving kindness) to follish people who treat badly others including us. I do not think future Buddha (King Wei Thanthara) should make donation of his own children to a brutal man (Ponnar) who treat his son and daughter badly. By making that donation, the children's lives can not be improved. If I were the King, I won't donate. Please give me a good analysis for why the King should do so. Thanks. May you be happy and healthy.Ponnya

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 24 Apr 2008Limitless Metta'The love of the noble ones (ariyas) on the world is limitless, not limiting people only to the fool or to the wise, and to the rich or to the poor and so. In this limitless Metta, there is also no enemy or friend. It can embrace both Metta tetween lovers, which is confined to the loved one and family Metta being within the bounds of only the members of each family. According to the nature of worldilings (puthujjana), everybody can have all these three kinds of Metta. But the first one is the weakest in them. The second one, involving only the well being of one's lover, may be an extreme Metta as it does. If one wishes only for the good of one's family, the third kind also becomes an extreme. All kinds of the extreme Metta are dangerous to the world. It is lovely to notice this note: "That love is false which clings to love for selfish sweeets of love (The Light of Asia, p. 88)".
Others First'As it is the nature of a worlding to love himself most, unless a person is a noble man, he will think of his own welfare first. A noble person thinks others first though. It is difficult, but is not impossible. Only the strong desire to become one is necessary. Still we can see some people devoting their lives to others as a worldling. We need much practice and experience of this kind of Metta to experience it. Not to put one's welfare first, a person must have love for others more than he loves himself, otherwise it will be impossible for him not to think of only his welfare and also to work for the welfare of the others. If Metta is directed only at the loved ones, there arises a conflict between the loved and the others. This kind of Metta cannot bring the world happiness and peace.
VessantaraPrince Vessantara is a Bodhisatta, Buddha-to-be, but not an ordinary one like us. His kaya (body and mind) is Parami-kaya. He had fulfilled 10 Paramis for many eons, so he is of the embodiment of Paramis, the deeds of noble ones. This is why Prince Vessantara, as a child of only eight years, can think "If one should need my heart, I would cut open my breast, tear it out and give it (Cariyapitaka, 1:79)." Prince Siddhattha said to his beloved princessYasodhara before his great renounciation, "If sorrow falls, take comfort still in deeming if there may be a way to peace on earth by woes of ours (The Light of Asia, p. 60)".A Bodhisatta is not concerned as to whether the recipient is truly in need or not, for his one object in practising Dana (giving) is to eliminate craving that lies dormant within himself. But it is sure that, if he were convinced that a drunkard would misuse his gift, he would have no hesitation to refuse it, for such misplaced donation would not constitute a Parami.
AnalysisThe highest metta is alike to moonlight which illuminates all without differrentiation. Though the moonlight may be the smuggler's enemy, there is no reason to blame it, because it is its reality. The presonals in this story are worldlings who were not yet completely free from defiliments (kilesa). But they all fulfilled and expericened Paramis and were of one mind in everything though they were separate individuals. Therefore, Maddi, wife of the prince and faithful partaner in the fulfillment of Paramis, experessed her joy affirming that he had made a noble gift for the sake of omniscience (Jataka II, p. 352).Differences in view may depend on the points from which it is looked at. When it is looked at through the Boddhisatta's point, it is reasonable to do so while others are critizeing him. How do you commed if there is a person who gives up all his or her possessions including children and companion staying in jail many years for the sake of majority's freedom?

Questioned By - Hla Myo Maung Date:11 Apr 2008ဆရာတော် အရှင်မြတ်များဘုရားတပည့်တော်သည် ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်အဖြစ် သက်မွေး ၀မ်းကျောင်းပြုပြီး နေခဲ့ရာမှာ အတော်အသင့် အောင်မြင်ပြီး အတော်အတန်လည်း ဓနကြေးငွေ စုဆောင်းမိခဲ့ပါသည်။ မမျှော်လင့်ဘဲ ရုတ်တရက် ရရှိခဲ့သည့် သေလောက်သော ရောဂါတစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ယခုအခါ တပည့်တော်ရဲ့ စိတ်ထဲမှာ လူ့ဘောင်ကို စွန့်ပြီး ရဟန်းပြုလိုစိတ် ပြင်းပြလျက်ရှိပါသည်။ ယခုတပည့်တော်၏ အသက် ၄၉ နှစ်ပါ။ သားကြီး အရွယ်ရောက်ပြီးဖြစ်၍ ဇနီးဖြစ်သူကလည်း ကြည်ဖြူစွာ သဘောတူပါသည်။ တပည့်တော်၏ ဆုံးဖြတ်ချက် မှန်ကန်ပါသလား။ ရဟန်းပြုနိုင်ရန်အတွက် တပည့်တော်မည်သို့ ပြင်ဆင်သင့်ပါသနည်း။ သင်ယူလေ့လာ ဖတ်ရှုရမည့် စာအုပ်စာတမ်းများကိုလည်း ညွှန်ကြားပေးစေလိုပါသည် အရှင်မြတ်များဘုရား။ရိုသေလေးစားလျက်မောင်လှမျိုး

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 22 Apr 2008ရဟန်းဘ၀ ရခဲလှ'“ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော” ဆိုတဲ့အတိုင်း ရဟန်းပြုတယ်ဆိုတာ ရခဲတဲ့အပြင် ခက်လဲ ခက်တဲ့အလုပ်ပါ။ သတိသံဝေဂ ရလို့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတာ ကို မွန်မြတ်တယ်လို့ အကောင်းမြင်သဘောနဲ့ ဆိုနိုင်ပါတယ်။ တွယ်တာစရာတွေကို ဖြတ်နိုင်တဲ့ စိတ်ဓာတ်က လေးစားစရာပါ။ ဘုန်းကြီးတို့ ခပ်ငယ်ငယ် ကျောင်း သားဘ၀တုန်းက ရွယ်တူ ကိုရင်လေးတွေ၊ ဦးပဉ္စင်းငယ်တွေကို အားကျပြီး ဘုန်းကြီးဝတ်ချင်ခဲ့တယ်။ သူတို့ဘ၀ လွတ်လပ်ပြီး သိပ်ပျော်စရာကောင်းမှာပဲလို့ ထင် တယ်။ မိဘတွေအပါအ၀င် ပတ်ဝန်းကျင်က သူတို့တွေကို ကြည်ညိုစွာ ဆက်ဆံတာ လေးစားတာ အရေးပေးတာတွေကို အားကျတဲ့ လူ့သဘာဝလဲ ပါခဲ့တာပဲ။ ဘာပဲ ဖြစ်ဖြစ် ဖန်ဝါရောင်အဆင်းကိုက (အဲဒီနိုင်ငံ အဲဒီယဉ်ကျေးမှု အဲဒီအသိုင်းအ၀ိုင်းမှာ) ချစ်ခင် လေးစားစရာ သွင်ပြင် ဖြစ်နေတာလဲ တစ်ကြောင်းပေါ့။ အင်း၊ ကိုယ်တိုင် ကိုရင်ဖြစ်လာတော့ ထင်သလောက် မလွယ်ဘူးဆိုတာကို တဖြည်းဖြည်း သိလာတယ်။ နေ့အချိန် ဘုန်းကြီးဆီမှာ တစ်နေကုန် စာသင်ရတယ်။ ဥပုသ်နေ့က လွဲရင် ညတိုင်း ဘုရားဝတ်တက်၊ ပြီးရင် စာအံရတယ်။ ဝေယျာဝစ္စ အလုပ်တွေလဲ ပြည့်လို့။ မနက်က မိုးချုပ်ထိ အားတယ်ကို မရှိဘူး။
လေ့ကျင့်မှု ထုထည်ုံ'ဆယ်ကျော်သက် အရွယ်မှာ နံနက် ၅ နာရီ အိပ်ယာက ထရတာကိုက ကိုယ့်အိမ်က ကလေးတွေနဲ့ နှိုင်းကြည့်ပါ။ ပရိတ်ကြီး ၁၁ သုတ်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ လောကနီတိ၊ ရှင်ကျင့်ဝတ်တွေကို ကိုရင်စည်းပြီးတာနဲ့ ကုန်အောင် သင်ရတယ်။ ပညာလဲသင်၊ စိတ်ပိုင်းဘ၀ကိုလဲ လေ့ကျင့်ရ တယ်။ ငယ်ငယ်တုန်းကတော့ သင်္ကန်းစည်းချင်တာ၊ စာပေးပွဲ အောင်ချင်တာ၊ အရေးပေး ခံရချင်တာ လောက်ပါပဲ။ စာသင်တိုက်ကြီးတွေကို ရောက်တော့ သီလ သိက္ခာပုဒ် ထိန်းသိမ်းမှုနဲ့ စည်းကမ်း လိုက်နာရမှုတွေက ပိုကျပ်တယ်။ စာသင်တော့လဲ အပြိုင်အဆိုင် အားကြိုးမာန်တက် လုပ်ရတယ်။ အခက်အခဲတွေကို ကျော်လွှားပြီး အနည်းဆုံး ဓမ္မာစရိယဘွဲ့လောက် ရတဲ့အဆင့်ကိုရောက်ဖို့ တော်ရုံ ဇွဲဝီရိယနဲ့ မလွယ်ဘူး။ အဲဒါလောက် အောင်ပြီးမှလဲ ပါဠိတော် အဋ္ဌကထာ တွေကို အတော်အသင့် ဖတ်တတ် လေ့လာတတ်တဲ့ သဘောရှိပါတယ်။ အရည်အချင်း ပြည့်မီတဲ့ ရဟန်းတစ်ပါးဖြစ်လာဖို့ စိတ်ပိုင်းဘ၀ လေ့ကျင့်ပျိုးထောင်မှု Traning ဟာ ထုထည် ကြီးမားပါတယ်။ ငယ်ငယ်ကတော့ ကိုယ့်ကိုယ်ကို Training လုပ်လို့ လုပ်နေမှန်းတောင် မသိခဲ့ပါဘူး။ စည်းကမ်းကို လိုက်နာမယ်၊ စာမေးပွဲ အောင်အောင် ကြိုးစားမယ်၊ ခလုတ်ဆူးငြောင့် မထိအောင် ရှောင်မယ်။ ဒါလောက်ပဲ သိခဲ့တယ်။ ကြီလာမှပဲ မိမိမှာရှိခဲ့တဲ့ Training ဘ၀ကို အလေး အနက် စဉ်းစားရင်း ကိုယ့်ကိုယ်ကို နှမြောပြီး တန်ဖိုးထားရကနေ သာသနာ့ဘောင်မှာ နေဖြစ်သွားခဲ့တာပါ။
ကိုယ့်ကို နှိမ့်ချအဲဒီလို လေ့ကျင့်မှုအောက်မှာ နှစ်ပေါင်း နှစ်ဆယ် အစိတ်လောက်နေပြီးမှ လူထွက်ရင် အများစုဟာ ရုတ်တရက် လူ့လောကနဲ့ အံဝင်ဂွင်ကျ မဖြစ်ဘဲ “ဂွရိုးကြီး” ဖြစ်နေတတ်တယ်။ ဘုန်းကြီးလူထွက်ဟာ လူ့ဘ၀မှာ အံမ၀င်ဖြစ်တတ်သလို “တောထွက်”အများစုဟာလဲ ဘုန်းကြီးဘ၀နဲ့ သံဃာ့အသိုင်းအ၀ိုင်းမှာ အံဝင်လေ့ မရှိတတ်ဘူး။ အသက်လေးဆယ်နီးမှ ဘုန်းကြီးဝတ်ရင်တော့ အိမ်ထောင်ကျကျ မကျကျ အများက “တောထွက်”လို့ပဲ နားလည်ကြမှာပဲ။ “တောထွက်”လို့ ခေါ်ခံ ရတာကိုက နားခါးစရာ ခံစားရတယ်။ ဒါပေမဲ့ မိမိဘ၀မှန်ကို သိရင်တော့ သည်းခံနိုင်ပါတယ်။ ဘာကြောင့်ဆို ဗုဒ္ခရှင်တော်မြတ်တောင် “မဟာဘိနိက္ခမန” ကြီးမြတ်တဲ့ တောထွက်မှု” ကို ပြုခဲ့ပြီးမှ ဘုရားဖြစ်လာတာပါ။ ကိုယ်က ၀ါတော်လေးငါးဆယ်ရတဲ့ ဆရာတော်ကြီးပုံစံ ပေါက်နေပေမဲ့ ရဟန်းသိက္ခာကြီးတဲ့ ကိုယ့် သားလောက် ရဟန်းငယ်တွေကို ရှိခိုးရတယ်။ အချို့တောထွက်တွေဟာ အတော်အသင့် သိက္ခာဝါရပြီး အသိုင်းအ၀ိုင်းလေးတစ်ခု ရှိလာရင် ကိုယ့်ကိုယ်ကို အထင်ကြီးသွားပြီး ပဉ္စင်းငယ်တွေကို ရှိမခိုးချင်တော့ဘူး။ တစ်ခါတစ်ရံ ရဟန်းငယ်က မှားပြီး ရှိခိုး ဦးညွတ်ရင်တောင် သိလျက်နဲ့ ငြိမ်ပြီး သာယာနေတတ်တယ်။ ဘုရင့်သားပဲဖြစ်ဖြစ် မီလျံနာပဲဖြစ်ဖြစ် ဒေါက်တာပဲဖြစ်ဖြစ် ရဟန်းဘ၀မှာ သိက္ခာဝါ ငယ်သူဟာ ကြီးသူကို ရှိခိုးရမယ် ဦးစားပေးရမယ်ဆိုတာကို သိမ်ထဲမှာ ရဟန်းခံတုန်းကပင် ညွှန်ကြားထားပြီးသား။ ဗုဒ္ဓရဲ့ ညီတော် မင်းညီမင်းသားတွေဟာ မိမိတို့ကို ဆံပင်ညှပ် အလုပ်သမား ဥပါလိလုလင်ကို အရင်ဆုံး ပဉ္စင်းခံခိုင်း တာဟာ မင်းသားတွေအနေနဲ့ မိမိတို့ရဲ့ မာန်မာနကို နှိပ့်ချတဲ့အနေနဲ့ ဥပါလိကို ရှိခိုးချင်လို့ပါ။
ရိုးရိုးကျင့်ပါမိမိအနေနဲ့ သူဌေးဘ၀က ရှိတဲ့ပစ္စည်းနဲ့ ရာထူးဂုဏ်သိန်ကို စွန့်ပြီး ဘုန်းကြီးဝတ်လာတယ်ဆိုတာကို လူတွေကို ကြွားလေ့ရှိတယ်။ အဲဒီလိုပြောတဲ့ ရည်ရွယ်ချက် က လူတွေက မိမိကို အထင်ကြီးလေးစားပြီး အရိုအသေခံချင်တာ၊ အဲဒီကတစ်ဆင့် ဘုန်းကြီး လာဘ်ရွှင်မှုကို မျှော်လင့်တာတွေပေါ့။ စွန့်ပြီးသား ဥစ္စာနဲ့ ရာထူးကို ဘာလို့ ခဏခဏ စမြုံ့ပြန်အုံးမှာလဲ။ ဒါတွေကို မမက်မောလို့ ဘုန်းကြီးဝတ်ခဲ့တာပဲ မဟုတ်လား။ တစ်ချို့ဆိုရင် လူ့လောကဖွား (လူ့လောကကလာသူ) ဖြစ် တဲ့အတိုင်း လူအများစုရဲ့ အထာကို ကျွမ်းလို့ လူရှေ့မှာ လူတွေအကြိုက် ဟန်ဆောင်ပြတယ်။ လူအိမ်တွေကို အလည်သွား ညအိပ်ပြီး ခုတင်ပေါ်မှာ ကျောချ မအိပ်ပါဘူးဆိုပြီး ကုထားထိုင်ကိုပါ ယူသွားပြီး တစ်ညလုံး ထိုင်ပြတတ်တဲ့ တောထွက်တွေ (လူအိမ်မှာ သွားအိပ်ပါတယ် ဆိုမှ အဲဒီ ထိုင်အိပ်တဲ့ ဓုတင်အကျင့် ကော စင်ကြယ်ပါ့မလား)၊ လူတွေဆုံတဲ့ ပွဲညကျမှ ဖျော်ရည် လာကပ်သူတွေက အကြာကြီး စောင့်နေရတဲ့အထိ ကမ္မဋ္ဌာန်းထိုင်ပြတဲ့ တောထွက်တွေကို တွေ့ဖူးပါရဲ့။ ဂရုက(အပြစ်လေး) အာပတ်နဲ့ လဟုက(အပြစ်ပေါ့) အာပတ်ကို ခွဲခြားမသိဘဲ ကိုယ်ကမှ ၀ိနည်းစည်းကမ်းကို တကယ့် လိုက်နာသယောင် ပြုပြီး ၀ိနယဂရုက (၀ိနည်းအလွန်လေးစားသူ)ကြီး ပုံစံနဲ့ အထူးသဖြင့် မသိတဲ့ လူတွေရှေ့မှာ အထင်ကြီးအောင် ဟန်ဆောင်တယ်။ အဲဒီလောက် ၀ိနည်းကို လေးစား ပြပြီးမှ သမီးနဲ့ သမက်တွေ ကြိုက်အောင်လို့ အမေအဖွားကြီးရဲ့ ခြေသလုံးကို နှိပ်ပေးတဲ့ တောထွက်ကိုတောင် ကံဆိုးစွာ တွေ့ခဲ့ဖူးပါရဲ့။
မပြည့်အိုးမပြည့်တဲ့ အိုးလိုလဲ မဖြစ်သင့်ဘူး။ အလှူအိမ်မှာ ဘုန်းကြီးတွေစုပြီး ပရိတ်ရွတ်ပြီဆိုရင် လူကြားအောင်လို့ မိမိအသံကို အစွမ်းကုန် မြှင့်တတ်တဲ့ တောထွက် တွေလဲ ရှိတယ်။ သဘောက မိမိဟာ ဒီဘုန်းကြီးတွေနဲ့ တန်းတူ ရွတ်ဖတ်နိုင်တယ်ဆိုတာကို သူ့လူတွေကို ပြချင်လို့။ ဒါပေမဲ့ ကျန်တဲ့ ဘုန်းကြီးတွေက စိတ်ထဲက ပြုံးတော်မူကြမှာပေါ့။ ရွတ်ပုံကို ကြည့်ပါအုံး “ဥပ၀ - ဒေးယျုံ”တဲ့။ “စတ္တာရော တေ မဟာဗာလာ”တဲ့။ မပြည့်တော့ ဒီသဘောမျိုး ဖြစ်တတ်တယ်။ ကိုယ့်အခြေ အနေနဲ့ ကိုယ့်ပမာဏကို နားလည်တာဟာ လိမ္မာတာပဲ။ ပိဋကတ်သုံးပုံကို ကြေအောင် ဖတ်ဖူးပါတယ်လို့ လူတွေကို ကြွားလုံးထုတ်တဲ့ နာမည်ကြီး တောထွက် တစ်ပါးကိုလဲ သိဖူးတာပဲ။ နှုတ်ကောင်းလို့ အပြောသွက်ပေမဲ့ နာယူသူတွေမှာ အန္တရာယ်ဖြစ်မဲ့ဟာမျိုးကို ရှောင်သင့်တယ်။ ပိဋကတ်သုံးပုံဆိုတဲ့ စကားလုံးဟာ ကျယ်ပြောသလောက် နက်နဲပါတယ်။ တစ်သက်လုံး စာပေနဲ့ မပြတ်တဲ့ ဆရာတော်တွေတောင် ပိဋကတ်သုံးပုံကို ကြေတယ်ဆိုတာမျိုး မပြောရဲကြပါဘူး။ ပါဠိ တော်ကို ဖတ်ဖူးရုံ သိရုံနဲ့လဲ မလုံလောက်သေးပါဘူး။ အဋ္ဌကထာ ဋီကာတွေကို ကျကျနန ဖတ်တတ်မှ ပါဠိတော်ရဲ့ အာဘော်ကို အမှန်အတိုင်း ဖမ်းမိနိုင်ပါတယ်။
ုကြည်ညိုတတ်ပါတစ်ချို့တောထွက်တွေဟာ ပရိယတ္တိရှိတဲ့ သံဃာငယ်တွေကို မကြည်ညိုတတ်ဘူး။ အကောင်း မမြင်နိုင်ဘူး။ တစ်နည်းနည်းနဲ့ အပြစ်ရှာ ပြောတတ်တယ်။ မိမိတို့မှာ ပိဋကတ်ဗဟုသုတ ခေါင်းပါးတာကို ဖုံးကွယ်လိုတဲ့အတွက် သူတို့ပြောပုံက ဒီကိုယ်တော်က ဓမ္မစရိယလေးတော့ အောင်ပါရဲ့။ သုံးမရပါဘူး။ လူမှုစီးပွား ပထ၀ီ အုပ်ချုပ်ရေး ဆိုတာတွေကို ကျောင်းမှာမသင်ရလို့ ဘာမှ နားမလည်ဘူး (ဒါပေမဲ့ ခုခေတ် သံဃာငယ်တွေ သူထင်သလို မညံ့ပါဘူး)။ ဒါတောင် “ထောင်” ချင်သေးတယ်လို့ ကိုယ်ကတော့ ဟုတ်သဟန် လုပ်ပြောတတ်တယ်။ အထူးသဖြင့် ကမ္မဋ္ဌာန်းတိုက်တွေမှာ နေရင် အောက်ခြေလွတ်တတ်တယ်။ သူတို့ကမှ တကယ့် ဘုန်းကြီးအလုပ်ကို လုပ်နေတယ်လို့ ထင်မှတ်ပြီး သွေးနားထင်ကို ရောက်နေတတ်တယ်။ နိဗ္ဗာန်ကိုရောက်ဖို့ ပရိယတ္တိကို သင်စရာ မလိုဘူးလို့လဲ “ဟစ်ကြွေး” တတ်တယ်။ အမှန်က နိဗ္ဗာန်ရဖို့ ပရိယတ္တိကို သင်ကိုသင်ရတယ်။ အင်း၊ အဲဒီလို ပုဂ္ဂိုလ်က နာမည်ကြီးတဲ့ ဘုန်းကြီးနောက်က အထုပ်ဆွဲပြီး လိုက် နေရရင်တော့ အဆိုးဆုံးပါပဲ။ ဟိုဘုန်းကြီးရဲ့ အရှိန်နဲ့ လူတွေရဲ့ အရေးပေး ခံနေရတာကိုက သူ့ဘ၀မှန်ကို မသိနိုင်ဘဲ စုန်းကဝေပူးခံနေရလို ဖြစ်ပါလိမ့်မယ်။
ုသင်ကို သင်ပါတစ်သက်လုံး ဘုန်းကြီးဝတ်တော့မယ်ဆိုရင် ခိုင်ကျည်ပြီး နှိမ့်ချတဲ့ စိတ်ဓာတ်ဟာ အရေးအကြီးဆုံးပါ။ ပြီးတော့ အောက်ခြေကပဲ စသင့်တယ်။ ဘယ်လောကီဘွဲ့ ဒီဂရီ ရရ၊ အင်္ဂလိပ်စာ ဘယ်လောက် တတ်တတ်၊ နိုင်ငံတကာမှာ နေဖူးနေဖူး၊ စည်စိမ်ရာထူး ဂုဏ်သိန် ရှိခဲ့ရှိခဲ့၊ ဒါတွေဟာ ဘုန်းကြီးတစ်ပါးရဲ့ အစစ်အမှန်ဘ၀မှာ တိုက်ရိုက် အသုံးမ၀င်ဘူး။ ဒါကြောင့် သီလသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာကောင်းကို ရှာရမယ်။ ပြီးရင် အခြေခံကစပြီး ကိုယ့်ကိုယ်ကို ပရိယတ္တိရော ပဋိပတ္တိပါ Training တွေ လုပ်ရမယ်။ သားသမီးတွေ ရပြီးမှ ရဟန်းပြုခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးဆိုရင် ဘုန်းကြီးဝတ်ပြီးတာနဲ့ စာသင်တိုက်ကြီးတစ်ခုမှာ သားအရွယ် မြေးအရွယ် ကိုရင်ငယ်တွေနဲ့အတူ စာလိုက်သင်တယ်။ ကြီးမှ စာသင်တော့ ပိုပြီး သဘောပေါက်လွယ်တာပေါ့။ မကြာခင်မှာ ဓမ္မာစရိယဘွဲ့ ရပြီး ကျမ်းစာတွေ အများကြီး ပြုစုတော်မူသွားတယ်။ အင်မတန် အတုယူစရာ ကောင်းတယ်။ ဆရာတော့် စာအုပ်တွေနဲ့ပဲ ဘုန်းကြီးတို့လဲ ပထမကြီးအောင်ခဲ့တာ။ အရွယ်လွန်ပြီးမှ ဘုန်းကြီးဝတ်လိုသူတွေ အဲဒီလို ဆရာတော်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဦးစွာ ရှာဖွေဖတ်ရှုပြီး အားကျတဲ့စိတ်တွေ မွေးသင့်ပါတယ်။ အသက်ကြီးလို့ စာမသင်ချင် တော့ဘူး၊ တရားပဲ ထိုင်တော့မယ်ဆိုတဲ့ ဆင်ခြေမျိုးကိုတော့ ဘုန်းကြီးတို့ မနှစ်သက်ပါဘူး။ တရားလဲ ထိုင်ပေါ့။ ဒါပေမဲ့ သံဃာ့အသိုင်းအ၀ိုင်းမှာ တစ်သက်လုံး နေမှာဖြစ်လို့ အနည်းဆုံး ပရိတ်ကြီး၊ ပါတိမောက်နဲ့ ကထိန်၊ ရဟန်းခံ၊ ဥပုသ်ပြုစတဲ့ သံဃာကံဆောင်မှုဆိုင်ရာတွေကို ဆရာနည်းကျ သင်ကို သင်ယူရမယ်။ စာပေ ပရိယတ္တိနဲ့ ပြည့်စုံတဲ့ သံဃာငယ်တွေနဲ့ တွေ့ရင်လဲ တန်ဖိုးထားပြီး ဆည်းကပ်ဖို့ ဆရာတင်ဖို့ ၀န်မလေးပါလေနဲ့။
ဖတ်မှတ် နာယူရဟန်းဘ၀ လမ်းညွှန်အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်တွေကတော့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတဲ့ ရုပ်ပုံရှင်ကျင့်ဝတ် နဲ့ ဘုရားဥပဒေတော်ကြီး၊ မြောင်းမြမြို့ တိုက်သစ်ပဇ္ဇောတာရုံဆရာတော် အရှင်ကုမာရမထေရ် ရေးသားတဲ့ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း စတဲ့ စာအုပ်တွေကို ဘုန်းကြီး မ၀တ်ခင် မှာ ဖတ်ထားသင့်ပါတယ်။ ဗုဒ္ဓဓမ္မရေးရာနဲ့ ပတ်သက်လို့တော့ ညွှန်းစရာတွေ များလွန်းပါတယ်။ ဒါကြောင့် မိမိ နှစ်သက်တဲ့ ဆရာတော် သို့မဟုတ် လူပုဂ္ဂိုလ် ရေးတဲ့ကျမ်းစာတွေကို ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာ ကျမ်းစာအုပ်တွေလဲ အများကြီးရှိတာမို့ အထူးမညွှန်းလိုပါဘူး။ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာတဲ့ ဆရာကြီးတစ်ဦး ပြောပြဖူးတာက လေ့လာခါစမှာ ဘုရားစောင်းတန်းက တစ်မတ်တန်စာအုပ် ပိစိကွေးလေးတွေကစပြီး တဖြည်းဖြည်း ဖတ်လာလိုက်တာ နောက်ဆုံးတော့ ပိဋကတ်မြန်မာပြန်တွေကိုတောင် ဖတ်နိုင်လာပါသတဲ့။ ပိဋကတ်ဗဟုသုတနဲ့ ပြည့်စုံတဲ့ ဓမ္မကထိကဆရာတော်တွေရဲ့ တရားတိပ်ခွေကလဲ ဓမ္မ နားလည်မှုစွမ်းရည်ကို မြင့်စေနိုင်ပါတယ်။ ဗုဒ္ဓ၀ါဒဟာ ယုံရင် ပြီးရောဆိုတဲ့ ၀ါဒမျိုးမဟုတ်လို့ သုတပညာ တိုးသထက်တိုးအောင် ဖတ်မှတ် နာယူနေသင့်ပါတယ်။

Questioned By - Oo Thein Tun Date:5 Apr 2008ဆရာတော် အရှင်မြတ်များဘုရားသံသရာရဲ့ အစဆိုတာကို နားမလည်နိုင် ဖြစ်နေပါသည်ဘုရား။ အခြားဘာသာတွေမှာတော့ ထာဝရဘုရားသခင်က စတင်ဖန်ဆင်းသည်ဟု ကြားဖူး ပါသည်။ အဲဒီအတိုင်းမှန်ရင် ဖန်ဆင်းတဲ့အချိန်ကစပြီး လူတွေစဖြစ်လာတယ်လို့ လွယ်ကူစွာ နားလည်နိုင်မည်ဟုထင်ပါသည်။ လူတွေဟာ ကမ္ဘာပေါ်မှာ ဒါမှမဟုတ် စကြ၀ဠာထည်းမှာ ဘယ်တုန်းက စတင်ဖြစ် ပေါ်ခဲ့ပါသနည်း။ သတ္တ၀ါတွေရဲ့ မူလအစဟာ ဘယ်အရာ ဖြစ်ပါသနည်း။ သို့မဟုတ် သက်ရှိလောက၏ အစဆုံးသောအရာဟာ မည်သည့်အရာ ဖြစ်ပါသနည်း။ ဖြစ်နိုင်ပါလျင် ဗုဒ္ဓ၀ါဒအဆိုကိုသာမက အခြားဘာသာတို့၏ အဆိုကိုပါ ပြည့်စုံစွာ သိလိုပါသည်ဘုရား။ခြေတော်ကို ဦးခိုက်လျက်ဗာဂျီးနီးယားမှ ဦးဦးသိန်းထွန်းပါဘုရား

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 6 Apr 2008ကျမ်းတွေရဲ့အဆို'ထို့နောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျင် လူသည် အသက်ရှင်သော သတ္တ၀ါဖြစ်လေ၏ (ကမ္ဘာဦးကျမ်း ၁၊ ၇)။ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူထည်းက ထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့လေ၏ (ယင်း ၁၊ ၂၂)။ ထို(အလာဟ်) အရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူ ၏ (ကုရ်အာန်ကျမ်း ၉၆း၂)။ ထိုမှတစ်ပါး စင်စစ်ဧကန် ငါ(အလာဟ်)အရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည် (ယင်း ၁၅၊ ၂၆)'။ (စကား မစပ် အခန်း ၉၄ နဲ့ အခန်း ၁၅ အဆိုတွေ ဆန့်ကျင်နေသလားပဲ။) ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ဘာသာတရားတွေ စတင်ရာ အဲဒီ ကျမ်းစာတွေအဆိုရ လူသတ္တ၀ါတွေဟာ ဘုရားသခင် ဖန်ဆင်းချိန်က စတင်ခဲ့ တယ်လို့ တစ်နည်းဆိုရင် သက်ရှိနဲ့ စကြ၀ဠာအစ ဖန်ဆင်းရှင်ကလို့ ဆိုနိုင်ပါတယ်။ မဟာဗြဟ္မာ၊ ယေဟောဝါ၊ ထာဝရ၊ အလာ၊ ခိုဒါ စတဲ့ အမည်နာမအားလုံးကို ဒီနေရာမှာ ဖန်ဆင်းရှင်လို့ ဆိုလိုပါတယ်။
ဗုဒ္ဓ မိန့်ဆိုပုံ'ဤစဉ်ဆက်မပြတ် လည်ပတ်မှုဖြစ်စဉ် မွေးသေစက်ဝန်း (ဘ၀သံသရာ)သည် အစမထင်ဘဲရှိ၏။ အ၀ိဇ္ဇာ(မသိမှု)ဖြင့် မြှေးယှက်ကြကုန်လျက် တဏှာ(စွဲလမ်းမှု)ဖြင့် တုပ်နှောင်ဖွဲ့ချည်ထားခြင်း ခံနေကြရသော သတ္တ၀ါတို့၏ အဦးအစ မူလရင်းမြစ်ကို မသိမြင်နိုင်' (သံ ၁၊ ၃၈၅)။ ဖန်ဆင်းရှင်ရှိ ၀ါဒကိုလက်မခံဘဲ အဲဒီလိုဟောတဲ့ ဗုဒ္ဓ၀ါဒအရ အကြောင်းဟာ အကျိုးကို ဖြစ်ပေါ်စေပြီး အဲဒီအကျိုးကပဲ တစ်ဖန် အကြောင်းတရား ဖြစ်လာတဲ့အတွက် သက်ရှိလောက ဒါမှမဟုတ် အခြားဘယ်အရာမဆိုရဲ့ ရှေးဦးအစ မူလရင်းမြစ် အကြောင်းတရားဆိုတာကို မသိမြင်နိုင်ဘူး။ ဘ၀သံသရာအလျဉ်ဟာ အ၀ိဇ္ဇာ တဏှာ ဆိုတဲ့ ညွန်ရေတွေနဲ့ ဖြည့်တင်းထားသရွေ့ စက်ဝန်းလို မရပ်မစဲ လည်ပတ်နေတယ်။ စက်ဝန်းရဲ့ အစကို ရှာမတွေ့နိုင်ဘူး။ ဒါ ဗုဒ္ဓ၀ါဒပဲ။
ဆုံးစ မထင်နိုင်ပါသတ္တ၀ါတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခု ဖြစ်ပေါ်လာဖို့ အဲဒီ သတ္တ၀ါ အရာဝတ္ထုတွေ မပေါ်ပေါက်ခင် ရှေးကတည်းက တည်ရှိနေနှင့်ပြီးဖြစ်တဲ့ ဖန်ဆင်းရှင် ရှိရမယ်လို့ယူဆရင် အဲဒီဖန်ဆင်းရှင် ကိုယ်တိုင်လဲ သူ့ကို ဖန်ဆင်းဖို့ နောက်ထပ် ဖန်ဆင်းရှင်တစ်ယောက် ရှိကိုရှိရမယ်လို့ ယုတ္တိနည်းကျ ယူဆခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်ရင် ဖန်ဆင်းရှင်တွေ အစအဆုံး မရှိနိုင်တော့ဘူး။ အကယ်၍ အဲဒီ ဖန်ဆင်းရှင်ဟာ အဆုံးအစမရှိ၊ ဒါကြောင့် သူ့ကို ဖန်ဆင်းဖို့ နောက်ထပ် အကြောင်းတရား (ဖန်ဆင်းရှင် နောက်တစ်ဆူ)မလိုပါဘူးလို့ ဆိုရင်တော့ 'ဖန်ဆင်းရှင် အဆုံးအစ မရှိသလို ဘ၀သံသရာဟာလဲ အဆုံးအစမရှိပါဘူး' လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်တစ်မျိုး ပြောရရင် အကယ်၍ တစ်စုံတစ်ယောက်သော တန်ခိုးရှင်ရဲ့ ဖန်ဆင်းခြင်းမျ မခံရဘဲ အဲဒီအဦးအစ မူလရင်းမြစ်ဖြစ်တဲ့ အကြောင်းတရား (ဆိုပါစို့ ဆုံးစမဲ့ ဖန်ဆင်းရှင်) တည်ရှိနိုင်တယ်ဆိုရင် စကြ၀ဠာထဲက အခြားတစ်ပါးသော သဘာဝတရားတွေလဲ ဖန်ဆင်းခြင်းမခံရဘဲ မတည်ရှိနိုင်စရာ အကြောင်းရှိပါ့မလား။ ဖန်ဆင်းမှု ကင်းလွတ်တဲ့ နယ်ပယ်တစ်ခု ဧကန်ရှိရမယ်ပ။
သိပ္ပံလဲ မနိုင်သေးသိပ္ပံပညာရှင်တွေဟာ တည်ရှိဆဲ သက်ရှိတစ်မျိုး ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ မူလအစကို တစ်ခုပြီးတစ်ခု ရှာဖွေကြရင်း အကြောင်းတရားက အကျိုးတရားဖြစ်သွားပြီး နောက်ဆုံးတော့ ဆိုထားပြီး အကျိုးတရားဟာလဲ အခြားသော အကျိုးတရားတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ဖြစ်သွားပြန်တယ်။ အဲဒီလို ရှာဖွေရင်း မူလမှတ်ကိုပဲ ပြန်ရောက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ သက်ရှိတွေ၊ သစ်ပင်တွေ၊ ûဂိဟ်တွေ၊ ဒြပ်ဝတ္ထုနဲ့ စွမ်းအင်တွေရဲ့ မူလအကြောင်းတရားအချို့ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်ပေမဲ့ မိမိတို့ကိုယ်တိုင် ဖြစ်ပေါ်တည်ရှိမှုရဲ့ မူလရင်းမြစ် ရှေးဦး အကြောင်းတရားကိုတော့ တွေ့ရှိနိုင်စွမ်း မရှိကြသေးပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက သတ္တ၀ါတွေရဲ့ ရှေးဦးမူလရင်းမြစ် အကြောင်းတရားကို မသိမြင်နိုင်ဘူး သံသရာအစမရှိဘူးလို့ ဟောတော်မူတာ ဖြစ်ပါတယ်။ အဲဒီလို အစမရှိတာကို အစမရှိဘူးလို့ အမှန်အတိုင်း ထိုးထွင်းသိမြင်လို့ပဲ ဗုဒ္ဓမြတ်စွာကို သဗ္ဗညုတ(အလုံးစုံသိ)ညာဏ်တော် ပိုင်ရှင်လို့ ခေါ်ဝေါ်နိုင်တာပါ။ ဒါကြောင့် မူလရင်းမြစ် အကြောင်းတရား တစ်ရပ်မရှိဘဲ သတ္တလောက ဘယ်လိုဘယ်ပုံ စတင် ဖြစ်ပေါ်လာသလဲဆိုတာနဲ့ ပတ်သက်လို့ ဗုဒ္ဓါဒီတစ်ယောက်ရဲ့အဖြေက ရှင်းပါတယ် 'ဒီမေးခွန်းအတွက် အဖြေမရှိပါ'တဲ့။ အချိန်နဲ့ အာကာသ (Time and Space)ဟာ တစ်ခုစီ သီးခြား မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်ဖြစ်စဉ်နဲ့ အမှီသဟဲ ûပနေတယ်ဆိုတဲ့ သဘောတရား (Relitivity)ကို နားလည်ရင် လောကမှာ အစမရှိဆိုတာကိုလဲ နားလည်နိုင်ပါလိမ့်မယ်။
လောကအရာ မကြံရာအာကာသရဲ့ အဆုံးကို သိမြင်ဖို့ ခဲယဉ်းတယ်။ အချိန်ရဲ့ သက်တမ်းကို နားလည်ဖို့လဲ မလွယ်ဘူး။ ဒီ့ထက် အချိန်ဆိုတဲ့အရာ မရှိတော့ရင် အချိန်ဆိုတာကို နားလည်ဖို့ ပိုပြီးခဲယဉ်းသွားတယ်။ အဲဒီလိုပဲ မူလရင်းမြစ် အစဦး အကြောင်းတရားကို အခြေûပပြီး ဟောဒီ ကမ္ဘာလောက ဖြစ်ပေါ်လာပုံကို နားလည်ဖို့ ခက်ခဲပါတယ်။ အနှီမူလရင်းမြစ် အကြောင်းတရားရဲ့ စတင်ဖြစ်တည်ပုံကို နားလည်ဖို့ဆိုရင် ပိုမို မခဲ ယဉ်းဘူးလား။ ဒါကြောင့် ဗုဒ္ဓရွှင်တော်မြတ်က 'လောကစိန္တာ ဘိက္ခဝေ အစိန္တေယျာ = ရဟန်းတို့၊ လောကအရာကို မကြံစည်ကြနှင့် (အံ ၁၊ ၃၉၂)' လို့ မိန့်မှာတော်မူတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဗုဒ္ဓ၀ါဒ ဟာ သိပ္ပံပညာ မဟုတ်ပါဘူး။ ဒါကြောင့် လောကအကြောင်း စကြ၀ဠာအကြောင်းကို ကြံစည် စဉ်စားဖို့က သိပ္ပံပညာရှင်တွေရဲ့ တာဝန်ပါ။
ဗုဒ္ဓမဖြေကြားဘူးလူတွေ စိတ်ဝင်စားနိုင်ဖွယ်ရှိပေမဲ့ ၀ိမုတ္တိ(ဒုက္ခမှလွတ်မြောက်မှု)နှင့် မပတ်သက်လို့ အဲဒီလို မေးခွန်းမျိုးကို ဗုဒ္ဓကိုယ်တိုင် မဖြေကြားခဲ့ပါဘူး။ ဘာကြောင့်ဆို မေးခွန်းကိုက လူတစ်ယောက်ရဲ့ အဆင့်မမီတဲ့ နား လည်မှုရဲ့ ရလဒ် ဖြစ်နေလို့ပါပဲ။ စကြ၀ဠာရဲ့ မူလရင်းမြစ်နဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ ယုံကြည်မှုတွေ၊ လောကဟာ အဆုံးရှိသလား မရှိဘူးလား ဆိုတာတွေကို စဉ်းစားနေမဲ့အစား ဒုက္ခမှ လွတ်မြောက် မှုကို ကြိုးစား ရှာဖွေကြဖို့ကိုသာ ဗုဒ္ဓက အရေတကြီး တိုက်တွန်းခဲ့ပါတယ်။ မြားမှန်သူဟာ မြားဘယ်အရပ်က လာတယ်၊ ဘယ်သူ ပစ်တယ်ဆိုတာကို အချိန်ကုန်ခံ စုံစမ်းနေမဲ့အစား အသက်ရှင်ဖို့ ခန္ဓာ ကိုယ်ထဲက မြားကို အရင်ဆုံး ဖယ်ရှားပစ်ဖို့က ပိုမို အရေးကြီးကြောင်းပါ။

Questioned By - May Phu Lyan Date:4 Apr 2008ဆရာတော်အရှင်မြတ်များဘုရားယနေ့ဗုဒ္ဓဘာသာဝင်တွေ အသုံးပြုနေတဲ့ သာသနာ့အလံနဲ့ ပတ်သက်ပြီး မေးလျှောက်လိုပါသည်ဘုရား ၁) သာသနာ့အလံမှာပါတဲ့ ရောင်စဉ်တွေက မည်သို့ အဓိပ္ပာယ်ရှိပါသနည်း ၂) လက်ရှိသာသနာ့အလံကို မည်သည့် အချိန်တုန်းက မည်သူတွေ တီထွင်ခဲ့ပါသနည်း ၃) သာသနာ့အလံရဲ့ ရောင်စဉ်အဓိပ္ပာယ် သို့မဟုတ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပါအ၀င် ထေရ၀ါဒနိုင်ငံတွေ အကြားမှာ အယူအဆ ခြားနားချက်ရှိမရှိ ဆိုသည်တို့ကို သိလိုပါသည်ဘုရား။ ဗုဒ္ဓဘာသာကျမ်းစာအုပ်တွေကို လေ့လာဖတ်ရှုနေတဲ့ တပည့်တော်၏ နိုင်ငံခြားသူ မိတ်ဆွေအမျိုးသမီး တစ်ယောက်က မေးမြန်၍ ဆရာတော်ဘုရားများထံ အကူအညီတောင်း လျှောက်ထားရခြင်းဖြစ်ပါသည်ဘုရား။မြဖူးလျှံ (စမ်းချောင်း)

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 5 Apr 2008ရောင်စဉ်ခြောက်မျိုးဗုဒ္ဓရှင်တော်မြတ် သဗ္ဗညှတဉာဏ်ကို ရပြီးနောက် လေးပတ်အကြာမှာ ဗောဓိပင်ရဲ့ အနောက်မြောက်ဖက် ရတနာစင်္ကမနေရာတော်ရဲ့ အနောက်ဖက်မှာရှိတဲ့ ရတနာဃရစံအိမ်မှာ သီတင်းသုံးတော်မူပါတယ်။ (ရတနာစင်္ကမဌာန၏ အနောက်ဖက်၌ နတ်တို့က မြတ်ဗုဒ္ဓအား ရတနာဃရ = ရတနာခုနစ်ပါးဖြင့် ပြီးသော အိမ်ကို ဖန်ဆင်းပေးကြ၏ (၀ိ-ဋ္ဌ ၃၊ ၂၃၈။ ဗုဒ္ဓ၀ံသ-ဋ္ဌ၊ ၁၀။ မ-ဋ္ဌ ၂၊ ၈၉)။ ရတနာဃရစံအိမ်ဟူသည် ရတနာခုနစ်ပါးအစစ်ဖြင့် တည်ဆောက်ထားသော ပကတိအိမ်မဟုတ်၊ အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားသည့် နေရာသာဖြစ်၏ (အဘိ-ဋ္ဌ ၁၊ ၁၃)။ (စကားမစပ် ၀ိနည်း၊ သုတ္တန်အဋ္ဌကထာတွေ အဆိုနဲ့ အဘိဓမ္မာအဋ္ဌကထာအဆို နှစ်ရပ် အနည်းငယ် ကွဲလွဲနေတာကို သတိပြုနိုင်ပါတယ်။) အဲဒီ ရတနာဃရစံအိမ်မှာ သီတင်းသုံးနေတုန်း ဓမ္မသင်္ဂဏီ၊ ၀ိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမက ပဋ္ဌာန်းဆိုတဲ့ အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်ရာမှာ နောက်ဆုံး မဟာပဋ္ဌာန်း ကျမ်းမြတ်ကို ဆင်ခြင်တဲ့အခါ ဗုဒ္ဓရွဲ့ခန္ဓာကိုယ်က ရောင်ခြည်တော် ခြောက်မျိုး ထွက်ပေါ်ခဲ့တယ်။ အဲဒီခြောက်မျိုးကို ကျမ်းဂန်လာအစဉ်နဲ့ ဖော်ပြရင် -၁) နီလ = ညိုသောရောင်ခြည် (ဆံပင်မွေးညှင်းနှင့် မျက်လုံးစတဲ့ နေရာတော်တွေက ထွက်တယ်)၂) ပီတ = ရွှေသောရောင်ခြည် (အရေတော်နှင့် မျက်လုံးတော်တွေက ထွက်တယ်)၃) လောဟိတ = နီသောရောင်ခြည် (အသွေးအသားနှင့် မျက်လုံးတော်တွေက ထွက်တယ်)၄) သြဒါတ = ဖြူသောရောင်ခြည် (အရိုး၊ သွားနှင့် မျက်လုံးတော်တွေက ထွက်တယ်)၅) မဉ္ဇိဋ္ဌ = ညိုမောင်းသောရောင်ခြည် (ထိုထို ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ထွက်တယ်)၆) ပဘဿရ = ပြိုးပြက်သောရောင်ခြည်၊ ထိုထို ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ထွက်တယ်)
မြတ်ဗုဒ္ဓရုပ်ထွင်းနဲ့ ရုပ်ပုံပန်းချီကားတွေရဲ့ ဦးခေါင်းတော် ပတ်လည်မှာ ပါရှိတဲ့ ရောင်ခြည်စက်ဝန်းဟာ အဲဒီရောင်ခြည်ခြောက်မျိုးကို ရည်ညွှန်းတာပါ။ ဗုဒ္ဓသာသနာ့အလံတော်က ရောင်စဉ်ခြောက်မျိုးဟာလဲ အဲဒီခြောက်မျိုးကိုပဲ ရည်ညွှန်းပါတယ်။
သာသနာ့အလံသီရိလင်္ကာနိုင်ငံမှာ ၁၈၈၅-ခုနှစ်၊ ဧပြီလ ၂၈-ရက်နေ့ကို ၀ိဆက်ဒေး (ကဆုန်လပြည့်ဗုဒ္ဓနေ့) ပြည်သူ့ရုံးပိတ်ရက်အဖြစ် အင်္ဂလိပ်အစိုးရက တရားဝင် ကြေညာပေးခဲ့ပါတယ်။ နယ်ချဲ့လက်အောက် ပထမဆုံးအကြိမ်ကျင်းပမဲ့ အဲဒီ ဗုဒ္ဓနေ့အခမ်းအနားအတွက် ဗုဒ္ဓသာသနာ ကိုယ် စားပြုအလံတစ်ခု လိုအပ်တာကို သီရိလင်္ကာဗုဒ္ဓ၀ါဒီ ဦးဆောင်သူတွေ သဘောပေါက်ခဲ့ကြပြီး အဓိပ္ပါယ်နဲ့ပြည့်စုံတဲ့ ဗုဒ္ဓသာသနာ့အလံတစ်ခုကို ဒီဇိုင်း ရေးဆွဲဖို့ အဖွဲ့ဝင်ကိုးဦးပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့တယ်။ ဗုဒ္ဓသွာသနာ့အလံမှာ ပဋ္ဌန်းရောင်ခြည် ခြောက်မျိုးပါရှိဖို့ အဲဒီသာသနာ့ အလံဒီဇိုင်းအဖွဲ့ကို အကြံပေး တိုက်တွန်းခဲ့သူကတော့ လူ့ခန္ဓာကိုယ်က ထွက်တဲ့ ကိုယ်ရောင်ကိုယ်ဝါကို အထူးစိတ်ဝင်စားပြီး အဲဒီအကြောင်းကို ဆောင်ပါးတွေရေးခဲ့တဲ့ အမေရိကန်လူမျိုး ဗိုလ်မှူးကြီးဟောင်း ဟင်နရီ စတီးလ် အိုလ်ကော့ (Col. Henry Steel Olcott) ဖြစ်ပါတယ်။ အိုလ်ကော့ဟာ အဲဒီအချိန်က သီရိလင်္ကာမှာ ဗုဒသြွာသနာ ပြန်လည် ရှင်သန်ရေးလှုပ်ရှားမှုမှာ အထူးပါဝင် ကူညီနေသူဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ အတွင်းရေးမ-းဖြစ်တဲ့ ပုဂျိထဂုဏ၀ါရ်ဒေနေ (Poojitha Goonawardene) အမည်ရှိ သီရိလင်္ကာလူမျိုးတစ်ဦးက ပုံစံဒီဇိုင်းရေးဆွဲပြီး အဖွဲ့ကို တင်ပြရာမှာ အဖွဲ့က အရွယ်အစားကို အနည်းငယ်ပြုပြင်ပြီး သဘောတူ လက်ခံလို့ သာသနာ့အလံ ဖြစ်ပေါ်လာပါတယ်။ အဲဒီ (ပြုပြင်ပြီး) သာသနာ့အလံကို ဂျီ ပီ မာလာလာဆေကေရ (သီဟိုဠ်ပညာရှင်)က ၁၉၅၀-ခုနှစ်၊ မေလ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကို တင်ပြလို့ အဲဒီအလံဟာ ဗုဒ္ဓဘာသာဝင် အားလုံးလက်ခံတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသာနာ့အလံတော် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်ခါနီး အချိန်လောက်မှာ ဗုဒ္ဓသွာသနာ့အလံ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
တီထွင်သူအိုလ်ကော့ရဲ့ အကြံပေးမှုနဲ့ ဗုဒသြွာသနာ့အလံကို ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်လို့ အိုလ်ကော့ကိုပဲ ဗုဒသြွာသနာ့အလံကို တီထွင်သူလို့ ပညာရှင်အများစုက အသိအမှတ်ပြုကြပါတယ်။ အိုလ်ကော့ဟာ အမေရိကန် အတွေးအခေါ် သမိုင်းမှာရော နိုင်ငံရေးနယ်ပယ်မှာပါ ထင်းရှားသူ ဖြစ်ပါတယ်။ အမေရိကန် သီအိုဆိုဖီအသင်းကို စတင်တည်ထောင်သူ၊ အဲဒီအသင်းရဲ့ ပထမဆုံး ဥက္ကဋ္ဌ၊ အများကောင်းကျိုးဆောင်ရွက်သူ၊ စာရေးဆရာ၊ ရှေ့နေ၊ အရှေ့အနောက် တစ်ခွင် ဗုဒ္ဓဘာသာပြန့်ပွားအောင် ဆောင်ရွက်ခဲ့သူအနေနဲ့ မှတ်တမ်း တင်ခံရသူပါ။ စတီဖင် ပရိုသဲရိုး (ှStephen Prothero) က 'လူဖြူဗုဒ္ဓ ဘာသာတစ်ယောက်' (The White Buddhist) အမည်နဲ့ အိုလ်ကော့ရဲ့ အတ္ထုပ္ပတ္တိကို ရေးခဲ့ပါတယ်။ ၁၈၃၂-ခုနှစ်၊ သြဂုတ်လ ၂-ရက်နေ့ဖွား၊ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ အောရင့်ဂ်ျ (Orange)မြို့သား ဖြစ်ပါတယ်။ ငယ်စဉ်အခါ ပရိုတင့်စတင့် ခရစ်ယန်ဘာသာဝင် ဖြစ်ပါတယ်။ နယူးယောက်စီးတီးကောလိပ်နဲ့ ကိုလမ်ဘီယာတက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့ပါတယ်။ အမေရိကန် ပြည်တွင်းစစ်အတွင်း စစ်မှုထမ်းပြီး ဗိုလ်မ-းကြီးအဆင့်သို့ တိုးမြှင့်ခံရတယ်။ သမ္မတလင်ကွန်း လုပ်ကြံခံရစဉ်က အိုလ်ကော့ဟာ လူသတ်သမား စုံစမ်းရေးအထူးအရာရှိ သုံးဦးအဖွဲ့ဝင်ဖြစ်ကြောင်း သိရတယ်။ ၁၈၆၀-ပြည့်နှစ်မှာ မေရီ အက်ပလီ မေလ်ဂင် အမည်ရှိ အမျိုးသမီးနဲ့ အိမ်ထောင်ပြုပြီး သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါသတဲ့။ စိတ်ပညာနှင့် လောကီဂန္ဓာရီပညာတွေကိုလဲ စိတ်ဝင်စားခဲ့ပြီး နောင်အခါ အရှေ့တိုင်း ဘာသာတရားတွေကို လေ့လာလိုက် စားခဲ့တယ်။ ၁၈၈၀-ပြည့်နှစ်မှာ အိန္ဒိယမှ တစ်ဆင့် သီရိလင်္ကာကို ရောက်ပြီးနောက် မကြာမီမှာ ငါးပါးသီလခံယူပြီး ဗုဒ္ဓဘာသာဝင်အဖြစ် သီရိလင်္ကာနိုင်ငံ ဂေါလေ (Galle) မြို့မှာ တရားဝင် လူသိရှင်ကြား ကြေညာခဲ့တယ်။ အိုလ်ကော့ ဟာ မိမိရဲ့စည်းရုံးရေး စွမ်းရည်ကို အသုံးချပြီး သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ရှင်သန်တိုးတက်အောင် အလေးပေး ဆောင်ရွက်ရင်း ၁၈၈၁-မှာ ဗုဒ္ဓ၀ါဒအမေးအဖြေကျမ်း' (The Buddhist Catechism) ကျမ်းကို ရေးခဲ့ပြီး ၁၉၀၇ မှာကွယ်လွန်တယ်။
အဓိပ္ပာယ်တစ်မျိုးဗုဒ္ဓသာသာနာ့အလံ ရောင်စဉ်ခြောက်မျိုးထဲက နီလကို မဟာကရုဏာ၊ ပီတကို မဇ္ဈိမပဋိပဒါ လမ်းစဉ်၊ လောဟိတကို မင်္ဂလာတရား၊ သြဒါတကို ၀ိသုဒ္ဓိနှင့်ဝိမုတ္တိ၊ မဉ္ဇိဋ္ဌကို ပညာ၊ ပဘဿရကို ယင်း ခြောက်မျိုး ပေါင်းလို့လဲ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ဗုဒ္ဓသာသနာ့အလံရဲ့ ရောင်စဉ်နဲ့ အနည်းငယ် ခြားနားတာက ငါးခုမြောက် မဉ္ဇိဋ္ဌ အရောင်ဖြစ်ပါတယ်။ အခြားဗုဒဘြွာသာ နိုင်ငံတွေမှာ မဉ္ဇိဋ္ဌကို လိမ္မော်ရောင် (orange)လို့ ယူပြီး (၄င်းတို့အဆို) မြန်မာတို့က အစိမ်း(green)ရောင်လို့ယူတယ်လို့ ဆိုတယ်။ အမှန်က မြန်မာသုခမိန်တွေက မဉ္ဇိဋ္ဌကို မရမ်းစေ့ရောင် သို့မဟုတ် ညိုမောင်းသောအရောင်လို့ ယူခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။

Questioned By - Sandar Date:3 Mar 2008အရှင်မြတ်တို့ဘုရားတပည့်တော် ရိုသေစွာ လျောက်ထားအပ်ပါတယ်ဘုရား၊ စက်ကြီး တစ်ဆယ့် သုံးပါးဘုရားရှိခိုး မှ စက် များ အကြောင်း နှင့် တစ်ဆယ့်လေးချက် ဓမ္မစက်၊ တစ်ဆယ့် ရှစ်ချက် သံဃာ့စက် တို့ တွင် ပါရှိသော တစ်ဆယ့်လေးချက် နှင့် တစ်ဆယ့် ရှစ်ချက် တို့ သည် ဘယ်အချက်များကို ရေတွက်သည်ကို မသိပါသဖြင့် ရွတ်ဆိုရာတွင် အဓိပ္ပါယ်သိပါက ပိုမိုကြည်ညိုသဒ္ဒါပွားများနိုင် စေရန် ရှင်းပြပေးတော်မူပါ ဘုရားစန္ဒာ (စင်ကာပူ)

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 3 Apr 2008စက်ကြီး တစ်ဆယ့်သုံးပါး စာကိုယ်သြောင်း၊ တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်၊ တစ်ဆယ့်လေးချက် ဓမ္မစက်၊ တစ်ဆယ့်ရှစ်ချက် သံဃာ့စက်၊ လရောင်ဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်၊ မြင်းမိုရ်တောင်ဦး မကကျူးလျက် မိဘစက်၊ ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာ့စက်၊ ၀ရဇိန်လက်နက် ဗြဟ္မာ့စက်၊ မိုးကြိုးလက်နက် သိကြားစက်၊ လောင်မီးကျလျက် နတ်တို့စက်၊ ဘွဲ့ဖြူလက်နက် ဘီလူးစက်၊ တောင်ဟုန်ပြင်းလျက် ဂဠုန်စက်၊ အကာတွင်းက ၀င်းဝင်းတောက်လျက် နဂါးစက်၊ သုံးထောင် သင်္ချာ ဟေမ၀န္တာ အာဏာစိုးလျက် သီဟစက်၊ စက်ကြီး တစ်ဆယ့်သုံးပါး ရွတ်သံကြားက ဘေးများမြင်ရှု မကောင်းမှုသည် ဝေးကကြဉ်ရှောင် အောင်စေတတ် သည် မြတ်၏ပညာဆရာတည်း၊ သြောင်း နမော ဒူရေ ဒူရေ သွာ ဟုံဟုံ။
စက်ဆိုတာဒီနေရာမှာ စက်ဆိုတာကို ဘုန်းတန်ခိုး စွမ်းအားလို့ အဓိပ္ပာယ် ဖွင့်နိုင်မယ်ထင်ပါတယ်။ စာကိုယ်မှာပါတဲ့ ကြီး ၁၃ ကြီးရဲ့ အရှိန်အ၀ါ တန်ခိုးတေဇော် အာနုဘော်ကြောင့် ဘေးအန္တရာယ်တွေ ကင်းဝေးပါစေသတည်းလို့ ဆုတောင်းခြင်း သို့မဟုတ် သစ္စာအဓိဋ္ဌာန်ပြုခြင်းလို့ ဆိုနိုင်ကောင်းပါတယ်။ အဲဒီ ဆုတောင်းမှု ပြည့်ဖို့အတွက်တော့ မိမိမှာ ထိုက်တန်တဲ့ ကောင်းမှုကုသိုလ်နဲ့ ကိုယ်ကျင့်တရား(သီလ) ရှိဖို့ လိုပါလိမ့်မယ်။
တစ်ရာ့ရှစ်ကွက်ပါဠိတော် (ဒီ ၂၊ ၁၄။ ဒီ ၃၊ ၁၁၇။ မ ၂၊ ၃၃၆ )တွေမှာတော့ ဟေဋ္ဌာ ပါဒတလေသု စက္ကာနိ ဇာတာနိ သဟဿာရာနိ = ဗုဒ္ဓရဲ့ခြေဖ၀ါးမှာ ဒေါက်ပေါင်း ၁၀၀၀ ပါတဲ့ စက်ဝိုင်းပုံတွေ ပါတယ်လို့ ဆိုပါတယ်။ အချို့ ဗုဒ္ဓခြေတော်ရာပုံစေတီ (ဗုဒ္ဓပါဒ စေတီ)နဲ့ ဗုဒ္ဓလျောင်းတော်မူ ဆင်းတုကြီးအချို့ရဲ့ ခြေဖ၀ါးတော် တွေမှာတော့ မင်္ဂလာအမှတ်အသား သို့မဟုတ် ပုံသဏ္ဌာန် ၁၀၈ မျိုးနဲ့ သရုပ်ဖော်ထားတာကို တွေ့နိုင်ပါတယ်။ အဲဒီအထဲမှာ အရှိန်အ၀ါ စွမ်းအင်ကြီးမားတဲ့ ဂဠုန်ပုံ (အကွက်အမှတ် ၆၃)၊ ရဲရင့်မှုသင်္ကေတ ခြင်္သေ့ပုံ (၆၈)၊ ဘူရိဒတ်နဂါးမင်း ကိုယ်စားပြု သီလရဲ့သင်္ကေတ နဂါးပုံ (၇၃)၊ လွတ်လပ်မှုသင်္ကေတ ဟင်္သာငှက်ပုံ (၇၄)၊ သစ္စာသင်္ကေတ ကိန္နရီကိန္နရာပုံ (၈၀)၊ သာယာ ချိုမြိန်မှုသင်္ကေတ ဥဒေါင်းပုံ (၈၃)၊ ဒါ့အပြင် ဓမ္မစကြာသင်္ကေတ စက်ဝိုင်းပုံ (အလယ်ဗဟို) စတာတွေ ပါဝင်ပါတယ်။ များသောအားဖြင့်တော့ ဗုဒ္ဓလောင်းလျာ ပါရမီဖြည့်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေကို သင်္ကေတပြုဖော်ပြတာ ဖြစ်ပါတယ်။
တစ်ဆယ့်လေးချက်အဓိပ္ပာယ် နှစ်မျိုး ယူနိုင်ပါလိမ့်မယ်။ ပထမနည်းက ဓမ္မ (တရား)လို့ ဆိုလိုက်ရင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိဓမ္မ၊ သစ္စာလေးပါးဆိုတဲ့ ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရဖြစ်တဲ့ တရား ဆယ့်လေးမျိုးလို့ ယူနိုင်ပါတယ်။ နောက်တစ်နည်းက ဓမ္မဆိုတဲ့ စကားလုံးရဲ့ အတ္ထ (အနက်အဓိပ္ပာယ်) ၁၄ မျိုးလို့လဲ ယူနိုင်ပါတယ်။ အဲဒါတွေက သဘောတရား၊ သင်ကြားရမဲ့ ၀ိနည်း သုတ္တန် အဘိဓမ္မာ၊ ပညာ၊ အသင့်ယုတ္တိ၊ သစ္စာတရား၊ ပကတိ (သူ့သဘာဝ)၊ ကုသိုလ်၊ ညေယျဓံတရား ငါးပါး၊ ဂုဏ်၊ အကျင့်၊ သမာဓိ၊ သတ္တဇီဝမရှိ၊ အာပတ်၊ အကြောင်းတရား၊ ပေါင်း ၁၄ မျိုး (ပါဠိအဘိဓာန်၊ ၇၈၄ ဂါထာ)။ အမှန်တော့ ဓမ္မသဒ္ဒါဟာ အဲဒီ ၁၄ မျိုးအပြင် သမယ (အချိန်အခါ)၊ ဥပမာ (နိုင်းယှဉ်ခြင်း)၊ အဟðသာ (မနှိပ်စက်ခြင်း) လို့လဲ အဓိပ္ပာယ်ရပါသေးတယ်။
တစ်ဆယ့်ရှစ်ချက်မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊ သမ္မုတိသံဃာ (အပေါင်းကိုယူ၍) တစ်၊ ပေါင်း သံဃာကိုးမျိုးနဲ့ အဲဒီသံဃာရဲ့ ဂုဏ်ရည် (သံဃာ့ဂုဏ်တော်)ကိုးမျိုး၊ ပေါင်း ၁၈ မျိုးလို့ ယူနိုင်ပါတယ်။ ကျမ်းဂန်မှာ တွေ့ဖူးလျင် ဗဟုသု မျဝေပါကုန်။
လရောင်ဝင်းလျက်ဘုရား၊ ပစေကဗုဒ္ဓနဲ့ ရဟန္တာအရှင်မြတ်များကို 'လရောငပ် မာ ညဏေ် ရာင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်း'လို့ ချီးကျူးထောမနာ ပြုလေရှိ့ပါတယ်။ ဒါကြောင့် 'လရောင်လို အေးမြကြည်လင်တဲ့ ၀ိပဿနာပညာနဲ့ ပြည့်စုံကြတဲ့ ရန္တာများရဲ့ ဘုန်းတန်ခိုး'လို့ အဓိပ္ပာယ် ယူနိုင်ပါတယ်။ နောက်နှစ်ခုက အနန္တမေတ္တာရှင် မိဘများနဲ့ ကျေးဇူးအရှင် ဆရာသခင်တို့ရဲ့ မေတ္တာစေတနာ စွမ်းအားလို့ ယူနိုင်ပါတယ်။ 'သိကြားမင်းရဲ့ ၀ရဇိန်လက်နက်၊ အာဠာဝကဘီလူးရဲ့ ဘွဲ့ဖြူလက်နက်၊ ဝေဿ၀န် နတ်မင်းရဲ့ သန်လျက်လက်နက်၊ ယမမင်းရဲ့ မျက်လုံးလက်နက် (သံ-ဋ္ဌ ၁၊ ၂၉၀)'လို့ ကျမ်းဂန်မှာ လာတဲ့အတွက် ဘွဲ့ဖြူလက် ဘီလူးစက် ဆိုတာကတော့ ကျမ်းဂန်နဲ့ ညီပါတယ်။ အခြားစက်တွေကတော့ လောကီကျမ်းတွေ အဆိုဖြစ်နိုင်ပါတယ်။
သွာ ဟုံဟုံပညာပါရမိတာသုတ် (သက္ကဘာသာ မဟာယာနသုတ္တန်)ရဲ့ နိဂုံးမှာ 'ဂတေ ဂတေ ပါရဂတေ ပါရသံဂတေ ဗောဓိ သွာဟ'ဆိုတဲ့ စာသားကို တွေ့ရပါတယ်။ အဲဒီ 'သွာဟ'ဆိုတဲ့ စကားလုံးဟာ မြန်မာလို 'သွာ ဟုံဟုံ' ဖြစ်လာဖွယ် ရှိပါတယ်။ အဓိပ္ပာယ်က 'Hail! Glory!' (ရှိခိုးဦးတင်ပါ၏၊ ကောင်းချီးမင်္ဂလာဖြစ်ပါစေ)တဲ့။ ဒူရေ ဒူရေ ဆိုတာကတော့ 'ဝေးစေ ရှောင်စေ ရှားစေ'ပေါ့။
သဗ္ဗမင်္ဂလာဂါထာဗုဒ္ဓ၀ါဒဒဿနတွေ အပြည့်ပါပြီး ဗုဒ္ဓဟော ကျမ်းဂန်ထွက်(ဓမ္မပဒ၊ ၃၈၇ ဂါထာ)ဖြစ်တဲ့ အောက်ပါ ပါဠိဂါထာလေးကို အာဂုံနှုတ်လွတ်ဆောင်ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နိုင်ကြဖို့ ထပ်ဆင့် အကြံပြုလိုက်ပါတယ်။
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိ မာဘာတိ စန္ဒိမာ။သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။အထ သဗ္ဗ မဟောရတ္တ၊ ဗုဒ္ဓေါ တပတိ တေဇသာ။အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါ၌။ တပတိ၊ လောကအလယ် ဂုဏ်မြင့်္ဓကယ်၍ တင့်တယ်ပါပေ၏။ စန္ဒိမာ၊ စန်းငွေယုန်ခ သော်တာလသည်။ ရတ္တð၊ ညဥ့်အခါ၌။ အာဘာတိ၊ နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နန္ဓော၊ ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော။ ခတ္တိယော၊ လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ၊ ကြီးမြင့်ခံ့ထယ် တင့်တယ်ပါပေ၏။ ဈာယီ၊ ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ၀င်စားလျက်ရှိသော။ ဗြာဟ္မဏော၊ ကိလေသာကို အပပြုပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်။ တပတိ၊ ဈာန်မဂ် နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ၊ ထိုမှကြူး၍ ထူသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာ ဘုရားသည်။ သဗ္ဗံ၊ အလုံးစုံသော။ အဟောရတ္တð၊ နေ့ညဥ့်ကာလပတ်လုံး။ တေဇသာ၊ ကြိးကဲစိုးရ တန်းခိုးတော်အနန္တဖြင့်။ တပတိ၊ အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါပေသတည်း။

Questioned By - Than Tun Date:25 Feb 2008အရှင်မြတ်တို့ဘုရားမြန်မာစကား၌ နှလုံးစိတ်ဝမ်း အေးချမ်း၊ စိတ်နှလုံးကောင်း စသည်ဖြင့် ပြောနေကြရာတွင် စိတ်သည် နှလုံးအိမ်မှာ တည်သည်ဟူသော အဓိပ္ပာယ်မျိုးဖြစ်နေပါသည်။ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ မည်သို့ ပြဆိုပါသနည်းအရှင်ဘုရား။ အကယ်၍ စိတ်သည် နှလုံးအိမ်မှာ တည်သည်ဆိုပါက နှလုံးအစားထိုးကုသခံရ သူတစ်ယောက်အဖို့ မည်သို့သော စိတ်ထားမျိုးဖြစ်ပါမည်နည်း။ ယခင်လူ၏ စိတ်လား၊ သို့မဟုတ် နှလုံးအသစ်၏ စိတ်လား ဟူသည်ကို သိလိုပါသည်။ အိမ်မြှောင်ပြီးမြတ်၊ ကြွက်မြီးပြတ်တွေရဲ့ လှုပ်နေတဲ့ မြီးမြတ်တွေမှာ စိတ်ဝိညာဉ် ပါသလား ဆိုတာကိုလည်း သိလိုပါသည် ဘုရား။သန်းထွဋ်အောင်၊ (ဂျမေကာ)

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 12 Mar 2008စိတ်ဝိညာဉ်ရဲ့ တည်ရာမနောဓာတ် (ဘ၀င်စိတ်)နဲ့ မနောဝိညာဏာဓာတ် (ကြံသိစိတ်)ဟာ ဟဒယ၀တ္ထုရုပ်ကို မှီတယ် (မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယ၀တ္ထု)လို့ အေဒီ ၅ ရာစု ရေးတဲ့ အဋ္ဌကထာကျမ်း (၀ိသုဒ္ဓိ၂၊ ၇၈။ အဘိဓမ္မာဝတာရ၊ ၆၇၄ ဂါထာ) တွေမှာ ဆိုပါတယ်။ အစဉ်အလာအရ နှလုံးအိမ်ထဲမှာရှိတဲ့ သွေးမှာ စိတ်ဝိညာဉ် တည်မှီနေတယ်လို့ ဆိုပါတယ်။ ဒီအစဉ်အလာ ယူဆချက်ဟာ ဗုဒ္ဓခေတ်မှာ လွှမ်းမိုးနေပြီး ဗုဒ္ဓမတိုင်ခင်ကပင် တည်ရှိနေတဲ့ ဥပနိသျဒ်ကျမ်းတွေမှာ လာတဲ့ အယူအဆလဲ ဖြစ်ပါတယ် (Philosophy East and West, Vol. 45, No. 3 (Jul., 1995), p. 409 မှာအကျယ်ရှုပါ)။
ဗုဒ္ဓရဲ့ အာဘော်အဘိဓမ္မာခုနစ်ကျမ်းရဲ့ ပထမဆုံးဖြစ်တဲ့ ဓမ္မသင်္ဂဏီကျမ်းမှာ ဟဒယ၀တ္ထုဆိုတဲ့ ဝေါဟာရ မပါတာ၊ မဟာပဋ္ဌာန်း ပါဠိတော်မှာလဲ 'အကြင်ရုပ်ကို မှီ၍ (ယံ ရူပံ နိဿာယ) မနောဓာတ် (ဘ၀င်စိတ်)နဲ့ မနောဝိညာဏဓာတ် (ကြံသိစိတ်)တွေ ဖြစ်တယ်'လို့ သာမန်ပဲ ဟောတော်မူတာ၊ ဒါတွေကို ထောက်ပြပြီး အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ပဌမဆုံး အင်္ဂလိပ် ဘာသာပြန်ဆိုခဲ့သူ ပညာရှင် ဦးရွှေဇံအောင်က ဗုဒ္ဓရှင်တော်မြတ်ဟာ စိတ်ဝိညဉ် ဘယ်မှာ တည်မှီတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆိတ်ဆိတ် နေတော်မူခဲ့တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓခေတ်က လွှမ်းမိုး ထင်ရှားဆဲဖြစ်တဲ့ 'စိတ်ဟာ နှလုံးသားမှာ တည်တယ်'ဆိုတဲ့ အယူအဆကိုလဲ မငြင်းလို၊ ခေတ်သစ်သိပ္ပံက ယူဆသလို စိတ်ဟာ ဦးနှောက်မှာ တည်မှီတယ်ဆိုတဲ့ အယူအဆသစ် တစ်ခုကိုလဲ မဟောကြားလိုခဲ့ဘူးလို့လဲ ဦးရွှေဇံအောင်က မှတ်ချက်ပြုပါတယ် (Compendium of Philosophy, p. 277-278.)။ နှောင်းခေတ် ပညာရှင် အများစုလဲ နိကာယ်ငါးရပ်က ပါဠိတော် ဝေါဟာရတွေကို မွှေနှောက် ထုတ်နုတ်ပြီး အကျယ်တ၀င့် ဝေဖန် ဆွေးနွေးကြရင်း နောက်ဆုံး နှလုံးအိမ် အတွင်းမှာ စိတ်ရှိတယ်လို့ ဗုဒ္ဓရှင်တော်မြတ် မဟောခဲ့ဘူးလို့ပဲ ကောက်ချက် ဆွဲကြပါတယ်။
ယူဆချက် နှစ်မျိုးပညာရှင်တွေရဲ့ ဝေဖန်ဆန်းစစ်မှုအရ ဟဒယ၀တ္ထု (နှလုံးသားထဲက စိတ်တည်မှီရာ) ဆိုတာနဲ့ ပတ်သက်ပြီး ယူဆချက် နှစ်မျိုးတွေ့ရပါတယ်။ တစ်၊ မူရင်းအဘိဓမ္မာ ပါဠိတော် အာဘော်အရ စိတ်ဟာ မည်သည့်နေရာက မည်သည့်ရုပ်မှာ တည်မှီတယ်လို့ အတိအကျ မဆိုနိုင်တဲ့အတွက် ကိုယ်ကာယ တစ်နေရာရာမှာ သို့မဟုတ် အာရုံ ကြောရှိတဲ့ နေရာအနှံ့မှာ တည်မှီနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် နှလုံးသားထဲကရုပ်၊ ခေါင်းထဲက ရုပ်တွေလဲ ဖြစ်နိုင်တာပဲ။ နှစ်၊ အဋ္ဌကထာဋီကာကျမ်းတွေ (အေဒီ ၅ ရာစုကနေ ၁၂ ရာစုအထိ)တွေမှာ စိတ်ဟာ နှလုံးသားထဲက သွေးမှာ တည်မှီကြောင်း ဖွင့်ဆိုကြပါတယ်။ ဒီအဆိုဟာ ဥပနိသျဒ်ကျမ်းတွေမှာ ပါရှိပြီး ဗုဒ္ဓခေတ်မှာ အလွန်ထင်ရှားတဲ့ အယူအဆလဲ ဖြစ်တယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့ အာဘော်ကို အမှန်အတိုင်း ဖွင့်ဆိုကြတဲ့ အဋ္ဌကထာ ဋီကာဆရာတွေဟာ ဗုဒ္ဓက အတိအကျ မဟောပါဘဲနဲ့ ဘာကြောင့် ဗြဟ္မဏ၀ါဒ (ဖြစ်ဖွယ်ရှိတဲ့) အဲဒီ အစဉ်အလာအဆို နောက်ကို လိုက်ခဲ့ကြသလဲဆိုတာကတော့ စဉ်းစားရာပေါ့။
အဖြေ နှစ်မျိုးပထမနည်းအရဆိုရင် စိတ်ဟာ ခန္ဓာကိုယ်တစ်နေရာရာ သို့မဟုတ် နေရာအနှံ့မှာ တည်နေနိုင်တာဖြစ်လို့ နှလုံး အစားထိုးမှုနဲ့ တိုက်ရိုက် မပတ်သက်တော့ဘူး။ ဒုတိယ ယူဆချက်နဲ့အညီ ဖြေရင် ဗုဒတြွရားတော်အရ ရုပ်ရောနာမ်ပါ နှစ်မျိုးလုံးဟာ အမြဲပြောင်းလဲနေတဲ့ ဖြစ်စဉ် သက်သက်ပဲ။ လွန်ခဲ့တဲ့စက္ကန့်က စိတ်နဲ့ ရုပ်ဟာ ယခုစက္ကန့်မှာ ဖြစ်ဆဲ စိတ်နဲ့ ရုပ် မဟုတ်ဘူး။ ဖြတ်ထုတ်သွားတဲ့ နှလုံးသားရဲ့ ဇီဝရုပ်တွေ ရှင်နေဆဲ သို့မဟုတ် သူ့ရဲ့အင်အား လုံးလုံးကြီး မပျက်စီးခင် အဲဒီနှလုံးသား ဟောင်းထဲမှာ ရှေးစိတ်တွေရဲ့ အရှိန် သို့မဟုတ် သတ္တိနဲ့ပါလာတဲ့ ဘ၀င်စိတ်အစဉ် တည်မှီနေသေးဖွယ်ရှိပါတယ်။ အစားထိုးခံရတဲ့ ကိုယ်ထဲကသွေးနဲ့ နှလုံးအသစ်တို့ ပေါင်းစပ်မိတဲ့ အချိန်ကစပြီး အဲဒီ နှလုံး အသစ်ထဲမှာ ဘ၀င်စိတ် ကြံသိစိတ် အသစ်တွေ ဆက်လက် ဖြစ်သွားတယ်လို့ ယူနိုင်ဖွယ်ရှိပါတယ်။
အိမ်မြှောင်မြီးပြတ်ကြွက်၊ အိမ်မြှောင်၊ မြွေ မြီးပြတ်တွေ လှုပ်ရှားနေရာမှာ သိစိတ်နဲ့ မကင်းဘူး၊ ခန္ဓာဟောင်းက စိတ်ဝိညဉ်ရဲ့ သတ္တိနဲ့ လှုပ်နေတာလို့ အေဒီ ၁၂ ရာစု နှောင်းပိုင်းမှာ ရေး တဲ့ ၀ိနည်းဋီကာမှာ ဆိုပါတယ် (၀ိမတိ-ဋီ ၂၊ ၂၃၁)။ မန်လည်ဆရာတော်ကလဲ 'ကြွက်အိမ်မြှောင် မြွေမြီးတို့၊ ပြတ်ပြီးလျက် ဖြတ်ဖြတ်ခုန်၊ ဆတ်ဆတ်တုန် လှုပ်ရှား။ တလှည့်စီ ဝေဒနာယှဉ်လို့ စိတ်ဝိညာဉ် သတ္တိဖြစ်ငြား'လို့ ၀ိမတိအဆိုကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ 'ခေါင်းပြတ်၍ လွန့်၊ တတွန့်တွန့်၊ စွန့်ရန် ၀ိညာဉ် ကြွင်းလိမ့် နည်း'ဆိုတဲ့ ကြေးကန်ရှင်ကြီးရဲ့ အမေးကို ကျီးသဲဆရာတော်က '၀ိညာဉ် မကြွင်း (သိစိတ်မရှိ) ပြီ၊ စိတ္တဇရုပ်အဟုန်ကြောင့် ဥတုဇရုပ်တွေ တုန်လှုပ်နေခြင်းသာ ဖြစ် ကြောင်း' ဖြေဆိုပါတယ်။ အဲဒီအဖြေကို မန်လည်ဆရာတော်က 'ယုတ္တိမရှိလွန်း' လို့ မှတ်ချက်ပြုခဲ့ပါတယ် (သတပဒိကကျမ်း)။ အာရုံကြောတွေ အသက်ရှင်နေဆဲ အလုပ် လုပ်နေဆဲဖြစ်လို့ ခုန်နေတာလို့ သိပ္ပံနည်းကျ ဆိုနိုင်မလားဘဲ။ အိမ်မြှောင်တွေ ကြွက်တွေဟာ အန္တရာယ်နဲ့ ကြုံလာရင် သူတို့ရဲ့ အမြီးကို အလိုလို ဖြုတ်ပစ်နိုင်ပါသတဲ့။ လှုပ်နေတဲ့ မြီးပြတ်ကို ရန်သူ အာရုံစိုက်နေတုန်း သူတို့က လွတ်ရာကို ထွက်ပြေးနိုင်တာပေါ့။ အမြီးကတော့ ပုံမှန်အတိုင်း ပြန်ထွက်လာပါသတဲ့ (Readers' Digest ခုနှစ်၊ လ အတိအကျ မမှတ်မိ)။

Questioned By - Than Tun Date:25 Feb 2008လျောက်ထားအပ်ပါသည်အရှင်ဘုရား ဘုန်းကြီးကျောင်း ဘုရားတန်ဆောင်း အုတ်တံတိုင်းတွေမှာ မနုဿီဟဟုခေါ်သည့် ဖင်နှစ်ခွနှင့် ဒဏ္ဍာရီရုပ်တွေကို တွေ့ဖူးပါ သည်။ ထိုအရုပ်၏ သမိုင်းစဉ်နှင့် ဘာကြောင့် ဘုန်းကြီးကျောင်း ဘုရားတန်ဆောင်းတွေမှာ အဲဒီအရုပ်တွေကို ထားရပါသ နည်း။ ဆရာတော်တို့ မှတ်သားကြားဖူးထားသည်များရှိလျင် သို့မဟုတ် ကျမ်းဂန်ထွက်ရှိလျင် ဗဟုသု မျဝေပေးစေလိုပါသည်ဘုရား။သိလိုစိတ်ပြင်းပြလျက်သန်းထဋ်အောင်၊ ( ဂျမေကာ )

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 29 Feb 2008မနုဿီဟပါဠိပုဒ်နှစ်ခုပါတယ် မနု နှင့် သီဟ။ မနု = လူ၊ သီဟ = ခြင်္သေ့။ လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ် သို့မဟုတ် ခြင်္သေ့ဦးခေါင်းနှင့် လူကိုယ်လို့ အဓိပ္ပာယ်နှစ်မျိုး ယူခွင့်ရှိပါတယ်။ စာဆို အရဆိုရင် ခြင်္သေ့ဦးခေါင်းနှင့် လူကိုယ်လို့ အဓိပ္ပာယ် ယူသင့်ပါတယ်။ ဒါပေမဲ့ မြင်ဖူးသမျ မနုဿီဟ သရုပ်ဖော် ရုပ်တုတွေအရဆိုရင် လူဦးခေါင်းနဲ့ ခြင်္သေ့ကိုယ် ဖြစ်ပါတယ်။ ဆက်လက် သုတေသန လုပ်ရဦးမဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ စွမ်းနိုင်သမျနဲ့ အမြွက်မျှ ကျမ်းညှိပြလိုက်ပါတယ်။
ဝိနည်းအဋ္ဌကထာ'အရှင်သောဏသည် အရှင်ဥတ္တရနှင့်အတူ သုဝဏ္ဏဘူမိသို့ ရောက်လာ၏။ ထိုအချိန်က ဘီလူးမတစ်ယောက်သည် သမုဒ္ဒရာမှတက်၍ မင်းအိမ်၌ မွေးတိုင်းမွေးတိုင်းသော ကလေးငယ်များကို လာရောက်၍စားပစ်၏။ အရှင်မြတ်တို့ ရောက်သောနေ့တွင် မင်းသားတစ်ပါး မွေးဖွား၏။ လူအများသည် မထေရ် (အရှင်သောဏ)ကို မြင်သော် 'ဘီလူးတို့၏ အပေါင်းပါများဖြစ်မည်'ဟု ထင်ပြီး လက်နက်ကိုယ်စီနှင် မထေရ် (အရှင်သောဏ)ကို သတ်ရန် ၀ိုင်းလာကြ၏။ 'အဘယ်ကြောင့် လက်နက်ကိုယ်စီနှင့် လာကြသနည်း'ဟု မထေရ်က မေး၏။ 'မင်းအိမ်မှာ ကလေးမွေးတိုင်း ဘီလူးတွေ လာစား၏၊ သင်တို့သည် ဘီလူးတို့၏ မိတ်ဆွေဖြစ်၏'ဟု ဖြေ၏။ 'ငါတို့ ဘီးတို့၏ မိတ်ဆွေမဟုတ်၊ သူ့အသက်သတ်မှုကို ရှောင်ကြဉ်သော သူတော်ကောင်း ရဟန်းများသာ ဖြစ်ကြ၏'ဟု မထေရ်က ဖြေ၏။ ထိုသို့ ပြောဆိုနေခိုက်ပင် ဘီလူးမသည် ဘီလူပရိသတ်နှင့်အတူ မွေးကင်းက မင်းသားငယ်ကို စားရန် ရောက်လာ၏။ 'အရှင်ကောင်းတို့၊ ဘီလူးမ လာနေပါပြီ'ဟု လူအများသည် ကြောက်လန့်စွာ အော်ကြ၏။ မထေရ်သည် ဘီလူးတို့ထက် နှစ်ဆကြီးသော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ ဘီးလူးများကို ၀ိုင်းလိုက်၏။ ဘီလူးများသည် ကြောက်သဖြင့် မင်းသားငယ်ကို မစားဘဲ ပြေးကြ၏။ မထေရ်က စုရုံးလာသည့် ပရိသတ်အား ဗြဟ္မဇာလသုတ်ကို ဟောကြားပြီး သရဏဂုံသီလတည်စေ၏' (၀ိ-ဋ္ဌ ၁၊ ၅၁)။
သာသနာလင်္ကာရ'ထို့သို့စဉ် (ဘီလူးမအုပ်စု လာသောကြောင့် လူအများ ကြောက်ရွံ့၍ အော်ဟစ်နေကြစဉ်)တွင် မထေရ်တို့လည်း ကြောက်မက်ဖွယ်ရှိသော ခြင်္သေ့ဦးခေါင်းနှင့်တူသော ခေါင်းတလုံး ကိုယ်နှစ်ခုရှိသော မနုဿီဟသဏ္ဌာန်နှင့် အရေအတွက်နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျင် ဘီလူးမတို့သည် ကြောက်၍ ပြေးသွားလေ ကုန်၏။ ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသား မင်းငယ်တို့အား သောဏုတ္တရဟူ၍ အမည် မှည့်ကုန်သတတ်။ သူငယ်ခပ်သိမ်းတို့အားလည်း ဘီးလူဘေးကို ဆီးတားခြင်းငှာ ထန်းရွက် သလူရွက်များတွင် မထေရ်တို့ ဖန်ဆင်းသော မနုဿီဟရုပ်ကို ရေး၍ ခေါင်းထက် တင်ထားကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ် ထုလုပ်၍ ယခုထက်တိုင် ထင်ရှားရှိသတည်း (သာသနာလင်္ကာရစာတမ်း၊ ဟံသာဝတီ၊ ၁၉၅၆၊ စာ-၅၇)'။ သာသနာလင်္ကာရစာတမ်းကို သီလက္ခန္ဓ၀ဂ္ဂဋီကာသစ်ကို ရေးသားတဲ့ မောင်းထောင်ဆရာတော် သာသနာပိုင်လူထွက် မင်းတိုင်ပင်အမတ် မဟာဓမ္မသင်္ကြန်က မြန်မာနှစ် ၁၁၉၃ (ခရစ် ၁၇၅၂)မှာ ရေးသားခဲ့ပါတယ်။
သာသ၀ံသကျမ်း'ဘီလူးမလာသည်ကို မြင်သောအခါ လူအပေါင်းသည် ကြောက်လန့်ပြီး အော်ငိုကြ၏။ မထေရ်တို့လည်း ကြောက်မက်ဖွယ် ခြင်္သေ့ဦးခေါင်းနှင့် ခေါင်းတလုံး ကိုယ်နှစ်ခုရှိသော မနုဿဟရုပ်သွင် ဖန်ဆင်းပြပြီး ဘီလူးမကို ခြောက်ထုတ်လိုက်ကြ၏ (သာသန၀ံသ၊ ဂိုအင်ကာ စီဒီ၊ ၄၂)'။ သာသန၀ံသကျမ်းက မြန်မာ ၁၂၃၂ (ခရစ် ၁၇၈၂)တွင် မောင်းထောင် အရှင်ပညာသာမိက သာသနာလင်္ကာရကျမ်းကို ပါဠိဘာသာနဲ့ ရေးခဲ့တဲ့တာပါ။
သုံးသပ်ချက်အဋ္ဌကထာမှာ ဖော်ပြတဲ့ သုဝဏ္ဏဘူမိကို ရာမညတိုင်း သထုံမြို့လို့ ယူရင် အရှင်သောဏတို့က ဘီလူးမအုပ်စုကို သူတို့ထက် နှစ်ဆကြီးတဲ့ ကိုယ်ကို ဖန်ဆင်းပြီး ထွက်ပြေးအောင် လုပ်တယ်။ သာသာနာလင်္ကာရနဲ့ သာသန၀ံသတို့က မနုဿီဟပုံဖန်ဆင်းပြီး ဘီလူးမအုပ်စုကို နှင်ထုတ်တယ်လို့ သိရပါတယ်။ ဒီအလို မနုဿီဟအစ အရှင်သောဏနဲ့ အရှင်ဥတ္တရ တို့ကလို့ ဆိုရပါလိမ့်မယ်။ မကာရလောပအကျော် မန်လည်ဆရာတော်ကြီးလဲ သာသနာလင်္ကာရ စကားနဲ့ပဲ အောက်ပါကဲ့သို့ မိန့်ကြားခဲ့ပါတယ်။ ရုပ်ပလီ မနုဿီကိုယ်နှစ်ခွယ်ငယ်လို့၊ ဆိုကြအများ။ မြို့သထုံ ပြည်သုဝဏ်ရွှေဘုံ၌ သည်ရုပ်ပုံဟန်ပန်ယူလို့ ရန်သူကို ပယ်နှိမ်ကြောင်းငယ်နှင့် ကျမ်း ဟောင်းစာစောင်မြတ်မှာ ကျမ်းတတ်စကား (မန်လည်ဆရာတော်)။

Questioned By - Mya Than Date:12 Feb 2008လျောက်ထားအပ်ပါသည် အရှင်ဘုရားဗုဒ္ဓဘာသာမှာ ထာဝရတည်မြဲနေသည့် အသက်ကောင် ၀ိညာဉ်ကောင် သို့မဟုတ် လိပ်ပြာကောင် မရှိဟု ဆိုပါသည်။ သို့ဖြစ် လျင် နောက်ဘ၀၌ ပဋိသန္ဓေနေပြီး သံသရာလည်သည်မှာ မည်သည့်အရာ ဖြစ်ပါသနည်း။ နောက်ဘ၀၌ ပဋိသန္ဓေ သွားတည်သည်မှာ မည်သည့်အရာ ဖြစ် ပါသနည်း။ နောက်ဘ၀ ပဋိသန္ဓေနေပြီး သံသရာလည်ပုံကို မရှင်းလင်းပါဘုရား။ လူမှုစီးပွား အခြေအနေအရ အမျိုးသမီးများ ပဋိသန္ဓေတားလျင် ဗုဒ္ဓဘာသာရှုထောင့်မှ မည်သို့ ယူဆပါလည်း အရှင်ဘုရား။သတိုးလှ

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 16 Feb 2008၀ိညာဉ်ကောင်မရှိ(အနတ္တ) စိတ်ပညာရှင် ပါမောက္ခ ဂျိမ်းစ်က ၀ိညာဉ်ကောင်(Soul) ကို ရှာမရတဲ့နောက် 'အတွေးတွေဟာ တွေးသူတွေပါပဲ =The thoughts themselves are the thinkers.'လို့ အဖြေ ထုတ်ဖူး ပါတယ် (Principles of Psychology, p. 215)။ သမ္မတိသစ္စာ (ခေါ်ဝေါ်သုံးစွဲမှုအမှန်)နယ်မှာ ပုဂ္ဂိုလ်သတ္တ၀ါ ရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒက မငြင်းပါဘူး။ ဒါပေမဲ့ ပရမတ္ထသစ္စာ (သဘာဝရှိအမှန်)နယ်မှာတော့ ပြောင်းလဲမသွားတဲ့ ထာဝရတည်မြဲနေတဲ့ အထည်ကိုယ်ဒြပ်တစ်ခု မရှိဘူးလို့ ငြင်းပါတယ်။ ဗုဒ္ဓ၀ါဒက လူတွေ သတ္တ၀ါတွေကို သန္တတိ (ဖြစ်စဉ်) လို့ပဲ မြင်ပါတယ်။ ရုပ်တရားတွေဟာ စက္ကန့်ပိုင်းအတွင်းမှာ အကြိမ်ပေါင်း မြောက်များစွာ အဟောင်းတွေချုပ်ပြီး အသစ်တွေ ပြန်ဖြစ်နေသလို နာမ်တရားတွေဟာလဲ ရုပ်ထက် မြန်တဲ့နှုန်းနဲ့ အကြိမ်ပေါင်း ကုဋေကုဋာချီပြီး အဟောင်းချုပ် အသစ်ပေါ် ဖြစ်နေပါတယ်။ အဲဒီလို ဒလစပ်ဖြစ်နေအောင် ကမ္မစွမ်းအားအလျဉ်က တွန်းပို့ပါတယ်။ 'ကမ္မ(စွမ်း အား)ကို ပြုလုပ်သူ အတ္တ (၀ိညာဉ်ကောင်) မရှိ၊ အကျိုးကို ခံစားသူ အတ္တကောင်လည်းမရှိ၊ အမှန်မှာ ရုပ်နာမ်ဓမ္မ ပရမတ္ထတရားတို့ သက်သက်သာ (ကြောင်းကျိုးဆက်ကာ) ဖြစ်ကြကုန်၏။ ဤသို့ရှုမြင်မှု သည် မှန်ကန်သော အမြင်ဖြစ်၏' (၀ိသုဒ္ဓိ-ဋ္ဌ ၂၊ ၂၃၇)။
ဝိညာဉ်ကောင်မရှိဘဲ သံသရာလည်ပုံမြို့ပြကြော်ငြာတွေမှာ ရောင်စုံ လျပ်စစ်မီးလုံးလေးတွေ ဆိုင်းဘုတ်ကို ပတ်ပြေးနေတာကို တွေ့ဖူးပါလိမ့်မယ်။ လျပ်စစ်စွမ်းအင်အလျဉ် တစ်လုံးပြီးတစ်လုံး စီးခိုက် ဆုံစည်း ခိုက်မှာ တစ်လုံးလင်း တစ်လုံးမှိတ် ဖြစ်နေတာကို အဝေးကကြည့်တော့ မီးလုံးတွေ လည်နေတာပေါ့။ အမှန်တော့ လည်နေတာက စွမ်းအင်ပါ။ ဘောလုံးတစ်လုံးကို လှိမ့်လိုက် လို့ နောက်ဘောလုံးကို သွားထိရာမှာ ပထမဘောလုံးက ရပ်နေခဲ့ပြီ၊ ဒုတိယဘောလုံးက ဆက်လိမ့်ပြီး နောက်တစ်လုံးကို ထိမယ်၊ လိမ့်မယ်။ ဘောလုံးတွေ ရွေ့ရှားမှုကို ဖြစ်ပေါ်စေတာဟာ သတ္တိပဲ။ မွေးဖွားခြင်းဆိုတာ ဗုဒ္ဓ၀ါဒအလို ခန္ဓာငါးပါး ဖြစ်ပေါ်လာခြင်း (ခန္ဓာနံ ပါတုဘာဝေါ) ဖြစ်ပါတယ်။ ပစ္စုပ္ပန် ရုပ်နာမ်ဖြစ်စဉ်ဟာ ထာဝရ၀တ္ထုမရှိဘဲ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်သလို ဘ၀ခန္ဓာအသစ် ဖြစ်စဉ်မှာလဲ ဒီဘ၀ကနေ နောက်ဘ၀ကို ကူးသွားတဲ့ ထာဝရ၀တ္ထု မရှိပါဘူး။ နောက်ဘ၀ ခန္ဓာသစ် ထပ်ဖြစ်ဖို့ တွန်းပို့တာက အဲဒီ ကမ္မစွမ်းအင် အလျဉ်ပါပဲ။ လျပ်စစ်နဲ့ ရွေ့ရှားမှုတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ ရုပ်စွမ်းအင်တွေဖြစ်သလို ကမ္မဟာလဲ မမြင်နိုင်တဲ့ နာမ်စွမ်းအင် ဖြစ်ပါတယ်။
ပဋိသန္ဓေတည်ပုံဗုဒ္ဓကျမ်းဂန်အလို '၁) မိဘလောင်းတို့ သံဝါသပြု ၂) မိခင်လောင်း ဥတုပန်းပွင့်ဆဲ ၃) ပဋိသန္ဓေနေမဲ့ သတ္တ၀ါ အဆင်သင့်ဖြစ် (မ ၁၊ ၃၃၂)'လို့ ပဋိသန္ဓေအင်္ဂါ သုံးမျိုးရှိပါ တယ်။ အဲဒီပါဠိတော်ကို အဋ္ဌကထာဋီကာတွေနဲ့အညီ အဓိပ္ပာယ်ဖွင့်ရင် ၁) မိဘနှစ်ဦး သံဝါသပြုမှုကြောင့် ဖခင်ရဲ့ သုက်သွေးမှ ဖိုမျိုးဥရပြီး ၂) မိခင်ရဲ့ ဥတုသွေးစင်ပြီးစ မမျိုးဥရချိန်နဲ့ ကြုံလို့ အဲဒီ မျိုးဥနှစ်ခု ပေါင်းစပ်ပြီး တစ်ခုတည်းဖြစ်သွားတဲ့နောက် (သားအိမ်၌ ဥတုသွေးစင်ကြယ်သောအခါ မိဘနှစ်ဦးတို့ တစ်ကြိမ် သံဝါသပြုထားလျင် ခုနစ်ရက် ပတ်လုံး သန္ဓေတည်နိုင်သော ခေတ်ချည်းဖြစ်၏။ မ-ဋ္ဌ ၂၊ ၂၁၀) ၃) အဲဒီ မိခင်ရဲ့ ၀မ်းမှာ ဖြစ်ထိုက်တဲ့ သတ္တ၀ါက ဘ၀ဟောင်းက သေလာတဲ့အချိန်ဟာ သန္ဓေဦးအစပါပဲ။ ဆေးသိပ္ပံအလို (မှတ်ဖူးသမျ) မိဘလောင်းတို့ သံဝါသပြုရာမှ အောင်မြင်တဲ့ ဖိုမျိုးဥ(Spermatozoa)နှင့် မမျိုးဥ(Ova)တို့ သားအိမ်ကြော (Fallopian Tube) အတွင်းမှာ ပေါင်းစပ် မှုနဲ့ သန္ဓေဦးအစဖြစ်ပြီး လေးလလောက်အကြာမှာ သန္ဓေသား စတင် အသက်ဝင် လှုပ်ရှားတယ် လို့ ဆိုပါတယ်။
ပဋိသန္ဓေတားခြင်းစိတ်ဝိညာဉ်ဆိုတာ အင်မတန် သိမ်မွေ့ပါတယ်။ မိုက်ခရိုစကုပ်နဲ့ ကြည့်လို့ မမြင်ရပါဘူး။ ဗုဒ္ဓရှင်တော်မြတ်ကတော့ အဘိညာဏ် ၀ိပဿနာညာဏ်တွေနဲ့ သိမြင်တော်မူလို့ 'မိဘတို့၏ သုက်သွေး ဥတုနှင့်တကွ ကမ္မရုပ် သုံးဆယ်ဟူသော ကလလရေကြည်ထဲမှာပင် ပဋိသန္ဓေ၀ိညာဉ် စ၍ဖြစ်၏'လို့ ဟောတော်မူပါတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒအလို ပဋိသန္ဓေတည်တာနဲ့ တစ်ပြိုက်နဲ့ ရုပ်နာမ်နှစ်မျိုးလုံး ဖြစ်နေပြီ သို့မဟုတ် အသက်ဝင်နေပြီလို့ ဆိုပါတယ်။ ဒီတော့ အသက်ရှိနေတဲ့ အဲဒီသန္ဓေဦးကို ဖျက်ဆီးရင်လဲ လူသတ် တယ်လို့ ဆိုရပါတယ်။ အပြစ်ကင်းတဲ့ နည်းကတော့ အဖရဲ့ သုက်သွေးကို ဖျက်ဆီးထားရင်၊ သို့မဟုတ် အမိရဲ့ မျိုးဥကို ဖျက်ဆီးထားရင်၊ သို့မဟုတ် မျိုးဥနှစ်ခု မဆုံးစည်း စေနိုင်တဲ့ ဆေးကို သုံးစွဲရင်၊ သို့မဟုတ် မျိုးဥနှစ်ခု မဆုံစည်းနိုင်အောင် ကာကွယ်ထားရင် ဗုဒ္ဓတရားတော်အရ အပြစ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။

Questioned By - Thein Hla Maung Date:11 Feb 2008ဆရာတော် အရှင်မြတ်များဘုရား -ဗုဒ္ဓဘုရားရှင်သည် အလုံးစုံကို သိမြင်နိုင်စွမ်းရှိသည့် သဗ္ဗညုတညဏ်ထူးနှင့် ပြည့်စုံသည်ဟု ဆိုပါသည်။ သို့ဖြစ်ပါက အဘယ်ကြောင့် ဒေ၀ဒတ်၏ ကျောက်မောင်းဆင် လုပ်ကြံမှုကို မရှောင်လွှဲနိုင်ဘဲ ခြေမတော်မှာ ဒဏ်ရာရတဲ့အထိ ဖြစ်သွားခဲ့ ရပါသနည်း။ သာသနာတော်၏ အကျိုးကို မဆောင်ရွက်ပဲ မိမိ၏အသက်ကို လုပ်ကြံသည်အထိပင် ဖြစ်လာမည့် ဒေ၀ဒတ်ကို အဘယ်ကြောင့် ရဟန်းပြုပေးခဲ့ရပါသနည်း။ ဒီအချက်နှင့် ပတ်သက်၍ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေပါသည်။ ဗုဒ္ဓသည် ဒေ၀ဒတ်ကို မသိ၍ ရဟန်းပြုပေးခဲ့ခြင်းလော၊ သိလျက်နှင့်လော၊ အဘယ်ကြောင့်နည်းဆိုသည့် အချက်များနှင့် သဗ္ဗညုတ ဥာဏ်၏ သဘောသဘာဝတို့ကို သိလိုပါသည် ဘုရား။ရဝေလှိုင်

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 13 Feb 2008သဗ္ဗညုတညဏ်အစွမ်းထက်တဲ့ မှန်ပြောင်းကြီးရှိပါလျက် အိပ်ပျော်နေရင်၊ အသုံးမပြုရင် အဝေးကို မမြင်နိုင်ပါဘူး။ အဲဒီလိုပဲ အိပ်ပျော်နေခိုက်၊ မဆင်ခြင်ခိုက်တွေမှာ သဗ္ဗညုတညဏ် အလုပ် မလုပ်ပါဘူး။ အကုန်သိတယ်ဆိုတာ ဆင်ခြင်မှသိတာပါ (သဗ္ဗညုတညာဏေန ဟိ အာဝဇ္ဇိတွာ ပဇာနာတိ၊ မ-ဋ္ဌ ၃၊ ၁၃၆)။ 'တရားအားလုံးကို သိသူမြင်သူမရှိဟု ငါမဟော။ တရားအားလုံးကို သိသူ မြင်သူရှိ၏ဟု ငါဘုရားဟော၏။ သို့ရာတွင် တစ်ကြိမ်တည်းဖြင့် အလုံးစုံသော တရားတို့ကို သိမြင်နိုင်သူ မရှိ။ အကြိမ်ကြိမ် ဉာဏ်ဖြင့်ဆင်ခြင်မှ သိနိုင်မြင်နိုင်၏ (မ ၂၊ ၃၂၉)'။ ရှေးဘ၀ အကုသိုလ်ကံကြွေးကို ဘုရားရဟန္တာတွေလဲ မရှောင်ကွင်းနိုင်ပါဘူး။ မဟာတန်ခိုးရှင် အရှင်မောဂ္ဂလ္လာန်ဟာ ခိုးသားတွေ လာရောက် ရိုက်နှက်မှာကို ကြိုသိလို့ ပထမ ရှောင်လွှဲနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မိမိရဲ့ ဘ၀နောက်ဆုံးအခြေအနေနဲ့ ရှောင်လွဲမရတဲ့ အကုသိုလ်ကြွေးကို သိလို့ လျစ်လျူရှုခဲ့ပါတယ်။ ဒေ၀ဒတ် ကျောက်မောင်းဆင် ရန်ပြုလို့ ခြေမတော်မှာ ဒဏ်ရာရသွားတာလဲ ဗုဒ္ဓလောင်းလျာ နုစဉ်အတိတ်ဘ၀တုန်းက ဥစ္စာပစ္စည်းကို အကြောင်းပြုပြီး ညီအရင်းကို ကျောက်ခဲ နှင့် ထုကြိတ်ခဲ့တဲ့ ကံကြွေးကြောင့်ပါ။ အဲဒီလို မရှောင်လွှဲနိုင်လို့ ဗုဒ္ဓအဖြစ်နဲ့ အကုသိုလ်ကြွေးကို ခံရတာ ၁၂ ကြိမ်ရှိပါတယ် (အပဒါန ၁၊ ၃၄၈)။
ဗိမ္ဗိသာရစိတ်ထားဗုဒ္ဓဘုရားရှင်ဟာ ဒေ၀ဒတ်က မမိကို သေကြောင်းကြံမှာနဲ့ သံဃာကို သင်းခွဲမှာကို ကြိုတင်သိမြင်လျက်နဲ့ ရဟန်းပြုပေးခဲ့တာပါ။ ဘာကြောင့်ဆိုရင် ဗုဒ္ဓဘုရားမှာ တစ်လောက လုံးနဲ့ မနှိုင်းယှဉ်နိုင်တဲ့ မဟာကရုဏာ (ကြီးမားတဲ့သနားကြင်နာခြင်း)နဲ့ မဟာပညာ (ကြီးမားတဲ့ အသိပညာ)ရှိလို့ပဲ။ အဲဒီတရားနှစ်ပါး အရင်းခံနဲ့ပဲ လောကကို တရားဟော တော်မူခဲ့တာပါ။ ငါ့ကို မကြည်ညို ငါ့စကားနားမထောင်လို့ ဒီလူကိုတော့ လျစ်လျူရှုထားမယ် ဒဏ်ခတ်မယ်ဆိုရင် 'အနန္တကရုဏာရှင်ဘုရား'လို့ မဆိုနိုင်ဘူး။ မိမိကိုသတ်မဲ့ ရန်သူပင် ဖြစ်ပေမဲ့ ရန်သူလိုသဘောမထားဘဲ ကောင်းကျိုးတစ်ခုခုရအောင် ဆောင်ရွက်ပေးတတ်လို့ပဲ ဗုဒ္ဓဘုရားဆိုတဲ့ ဂုဏ်ထူးကို ရတာပါ။ ဒေ၀ဒတ်ဟာ ရဟန်းမပြုခဲ့ရင်လဲ လူ့အဖြစ်နဲ့ ဗုဒ္ဓအပေါ် ယုတ်မာ အကောက်ကြံမှာပါပဲ။ ရဟန်းပြုလိုက်တဲ့အတွက် သီလသမာဓိပညာ သိက္ခာသုံးရပ်ကို အခိုက်အတံ့ ကျင့်ခွင့်ရပြီး ဈာန်အဘိညဉ်ကိုတောင် ရရှိခဲ့ပါတယ်။ အဲဒီသူတော်ကောင်းအကျင့်ကြောင့်ပဲ သေခါနီးမှာ အမှားကိုဝန်ခံပြီး ဗုဒ္ဓကို အသက်နဲ့အမျ ရှိခိုးကိုးကွယ်ခဲ့ရုံမက နောင်အခါ ပစ္စေကဗုဒ္ဓတောင် ဖြစ်လာပါလိမ့် မယ် (ဓမ္မပဒ-ဋ္ဌ ၁၊ ၉၅)။ ဗုဒ္ဓရှင်တော်မြတ်က ရဟန်းပြုပေးခဲ့သည့်အတွက် ဒေ၀ဒတ်ရဲ့ သံသရာဒုက္ခသက်တမ်းဟာ အဆများစွာ တိုသွားခဲ့ပါတယ် (မိလိန္ဒ၊ ၁၄)။ ဗုဒ္ဓလက်ထက်က ဗိမ္ဗိသာရ မင်းဟာ မိမိကို သတ်မယ်ဆိုတာ သိလျက်နဲ့ သားတော် အဇာတသတ်ဖြစ်လာမဲ့ သန္ဓေသားကို မဖျက်ဆီးခဲ့ပါဘူး။ သာမန်လူတစ်ယောက်မျဖြစ်တဲ့ ဗိမ္ဗိသာရတောင် ဒီစိတ်မျိုး ထားနိုင်ရင် ဗုဒ္ဓဘုရားဆိုရင် ဆိုဖွယ်ရှိပါဦးမလား။
မဟာကရုဏာနာမည်က အမ္ဗဋ္ဌတဲ့။ သွေးနားထင်ရောက်နေတဲ့ ပညာတတ် ပုဏ္ဏားပျိုတစ်ယောက် ဗုဒ္ဓရဲ့ခန္ဓာကိုယ်မှာ ဗုဒ္ဓဖြစ်နိုင်တဲ့ ကြန်အင်လက္ခဏာ ၃၂ မျိုး ပါမပါ စုံစမ်းလိုတဲ့အတွက် ဗုဒ္ဓဆီ ရောက်လာတယ်။ လက္ခဏာ ၃၁ မျိုး တွေ့ပြီးပေမဲ့ 'အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်'ကို မတွေ့ရသေးလို့ သံသယရှိနေတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓဟာ အမ္ဗဋ္ဌကို ရှင်တော်မြတ်ရဲ့ ယောက်ျားအင်္ဂါကို တန်ခိုးနဲ့ ဖန်ဆင်းပြရပါတယ် (ဒီ ၁၊ ၁၀၅)။ (စပ်မိလို့ လူမျိုးခြားတစ်ယောက်ကလဲ ဗုဒ္ဓမှာ နောက်ကလိုက်နေတဲ့ ရဟန်းတစ်ပါး အမြဲရှိလို့ ယောက်ျားမှ စစ်ရဲ့လား၊ါပေ မဖြစ်နိုင်ဘူးလားလို့ မေးဖူးပါတယ်)။ 'ဒါမျိုးကို သာမန်လူတောင် မလုပ်ပါဘူး၊ တန်ခိုးနဲ့ပြလဲ ပြတာပဲမဟုတ်လား'လို့ မိလိန္ဒမင်းက မေးရာမှာ အရှင်နာသိန်က 'မင်းကြီး၊ ဗုဒ္ဓရဲ့ မဟာကရုဏာတော်ဟာ အင်မတန် ကြီးမားလှပါတယ်။ အသဲနှလုံးကို ထုတ်ပြမှ တရားထူးကို ရမယ်ဆိုရင် ဘုရားရှင်ဟာ အသဲနှလုံးကို တောင် ဖြတ်ပြီး ထုတ်ပြမှာပါ' လို့ ဖြေကြားပါတယ် (ဒီ-ဋ္ဌ ၁၊ ၂၄၅)။ နုစ်ဉ်ဘ၀မှာတုန်းက ဦးခေါင်ကို ရိုက်ခွဲပြီး အသက်ကို ရန်ရှာတဲ့ အိမ်ပြန်လမ်းရှာမရတဲ့ လူမိုက်ကိုတောင် ဦးခေါင်းဒဏ်ရာက သွေးတွေ ယိုကျနေရင်းက အိမ်ရောက်အောင် လမ်းမှန်ကို ပြပေးခဲ့ပါတယ် (ဇာ-ဋ္ဌ ၅၊ ၇၀)။

Questioned By - May Thu Aung Date:6 Feb 2008ကျေးဇူးကြီးလှပါသည် ဓမ္မအမေးအဖြေ အရှင်မြတ်များဘုရား၊တပည့်တော်သိလိုသည်မှာ - တပည့်တော်သည် ကိစ္စမြားမြောင် လူ့ဘောင်မှာ နေထိုင်လျက်ပင် တတ်နိုင်သမျ စေတီကျောင်းကန်နှင့် ပရဟိတဌာနတွေမှာ ဒါနကောင်းမှု ပြုလုပ်ပါသည်။ ငါးပါးသီလကိုလည်း အနည်းဆုံး တစ်ပတ်သုံးရက် မကျိုးမပေါက်အောင် အထူးရည်ရွယ်ပြီး စောင့်ထိန်းပါသည်။ အခြား လူမှုရေးကိစ္စ အကျိုးဆောင်မှုတွေကိုလည်း တနိုင်တပိုင် ပြုလုပ်ပါသည်ဘုရား။ ကမ္မဋ္ဌာန်း ဘာဝနာ အားထုတ်မှုကိုတော့ ဘ၀ပေးအခြေအနေအရ ကျေနပ်လောက်အောင် အချိန်မပေးနိုင်သေးပါဘုရား။ တပည့်တော် ၏ ထိုထိုကုသိုလ် အထူးများအတွက် ကျမ်းဂန်နှင့်အညီ မည်သို့ဆုတောင်းမှု ပြုသင့်သည်ကိုညွှန်ကြားပေးစေလိုပါ သည်ဘုရား။မေစုချစ်၊စင်္ကာပူ

Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 8 Feb 2008အခွင့်သာခိုက်ရုပ်ဝတ္ထုတွေ ပြည့်စုံတဲ့ နေရာမှာ နေထိုင်ရပေမဲ့ ဘ၀ရဲ့တန်ဖိုးကို နားလည်လို့ လူဖြစ်ကျိုးနပ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံခိုက်မှာ ကောင်းမှု ပြုဖို့ မမေ့တာကိုက ချီးမွမ်းစရာပါ။ အခွင့်သာခိုက်မှာ အတ္တ (ကိုယ်)နဲ့ ပရ (သူတစ်ပါး) အကျိုး မျတအောင် ဆောင်ရွက်နိုင်ပါစေ။ အကြိမ်ကြိမ် လည်ပတ် ပွတ်တိုက်လို့ ဒိုင်နမိုက လျပ်စစ်စွမ်းအားကို ထုတ်ပေး သလို၊ မီးပွတ်ခုံက မီးကို ဖြစ်စေသလို ထပ်ခါထပ်ခါ လုပ်လေ စိတ်စွမ်းအင် မြင့်လာလေပါပဲ။
ကိုယ့်ဆန္ဒသာကောင်းမှုတစ်ခု ပြုပြီးနောက် ဆုတောင်းတယ်ဆိုတာ ကိုယ့်ဆန္ဒနဲ့ ကိုယ့်အကြိုက်ကို အခြေခံတာပါပဲ။ ကိုယ်ဖြစ်ချင်တာကို ကိုယ့်ဘာသာ ဦးတည်ချက် ရည်ညွှန်းချက်ထား နိုင်ပါတယ်။ 'နိဗ္ဗာန်ကိုသာ ဆုတောင်းရင် ၀ဋ်ကင်းရာကို ဆုတောင်းခြင်းဖြစ်လို့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့အခါ မည်သို့ မည်ပုံပြုလိုတယ်၊ နိဗ္ဗာန်မရမီ မည်သို့မည်ပုံ ဖြစ်လိုတယ်လို့ တောင့်တနိုင်ပါတယ်' (ထေရ၀ါဒစွယ်စုံကျမ်း၊ စာ-၈၆၀)။ မေးခွန်းရှင်ရဲ့ ဆန္ဒအတိုင်း ရှေးက သူတော်ကောင်း ပုဂ္ဂိုလ်တွေရဲ့ ဆုတောင်းအထူး ပြုခဲ့ကြပုံတွေကို အနည်းငယ် ပြောပြပါမယ်။ မိမိနှစ်သက်ရာကို အတုယူ ဆုတောင်းနိုင်ဖို့ သို့မဟုတ် ဆုတောင်းနည်းရဖို့ ဖြစ်ပါတယ်။
အကိတ္တိရသေ့ ဆုတောင်းပုံဗုဒ္ဓလောင်းလျာ အကိတ္တိရသေ့ ဆုတောင်းပုံက ဒီလိုပါ။ 'လူမိုက်တို့ကို မတွေ့ မြင်ရသည့်ကိုယ်၊ (လူမိုက်အကြောင်း) မကြားရသည့်ကိုယ် ဖြစ်ရပါလို၏၊ လူမိုက်တို့နှင့် ပေါင်းသင်းမှု မပြုရသည့်ကိုယ်၊ လူမိုက်တို့နှင့် စကားစမြည် ပြောဆိုမိခြင်း(မျပင်) မပြုရသည့်ကိုယ် ဖြစ်ရပါလို၏၊ လူမိုက်တို့အား မနှစ်သက်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏'။ အတုယူကြည့်ပါ။
အရှင်မဟာဗုဒ္ဓဃောသဆုတောင်းအေဒီ ၅ ရာစုမှာ ပေါ်ထွန်းပြီး သီဟိုဠ်မှာ သာသနာပြုခဲ့တဲ့ အိန္ဒိယနိုင်ငံသား ထေရ၀ါဒဂုဏ်ဆောင် အရှင်မြတ်ကြီး ဖြစ်ပါတယ်။ ပိဋကတ်သုံးပုံရဲ့ အဖွင့်ကျမ်းတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ရေးတာ ခေတ်သစ်ကျမ်းစာ စာမျက်နှာပေါင်း တစ်သောင်းခွဲလောက်ရှိတယ်။ ကျမ်းပြု ကုသိုလ်ရဲ့ အကျိုးအတွက် ဒီအရှင်မြတ် ဆုတောင်းပုံက 'သဒ္ဓမ္မသုံးဖြာ သာသနာ အဓွန့်ရှည်ပါစေ။ သတ္တ၀ါအလုံး ဓမ္မကို ရိုသေလေးစားစွာ လိုက်နာ ကျင့်သုံးနိုင်ကြပါစေ။ လိုက်နာကျင့်သုံး၍ ၀ိမုတ္တိရသ (နိဗ္ဗာန်ချမ်းသာ)ကို ခံစားနိုင်ကြပါစေ။ မိုးမင်းသည် ရွာသင့်ချိန်ခါ၌ ကောင်းစွာ ရွာသွန်းပါစေ (ကမ္ဘာမြေပေါ်မှာ ရာသီဥတုတွေ ကောာင်းမွန်ပါစေ)။ ပြည့်ရှင်မင်း (အုပ်ချုပ်သူ)တို့သည် ရှေးမင်းကောင်းများကဲ့သို့ ပြည်သူကို မိမိ သားသမီးရင်းများပမာ စောင့်နိုင်ကြပါစေ'တဲ့။
တောင်ဖီလာဆရာတော်ဆုတောင်းမြန်မာနိုင်ငံ အင်းဝခေတ် တောင်ဖီလာဆရာတော် (အေဒီ ၁၄၉၉-၁၅၇၂)က ပါဠိဘာသာနဲ့ရေးတဲ့ ၀ိနယာလင်္ကာရဋီကာနိဂုံးမှာ ကျမ်းပြုကုသိုလ်အတွက် မိမိရဲ့ စိတ်ညွတ်ပုံကို ဒီလိုပြတယ်။ 'ဤကျမ်းပြုကုသိုလ်ကြောင့် ဒုတိယဘ၀တွင် ဟိမ၀န္တာရှိ ဂန္ဓမာဒနတောင် ပတ္တမြားဂူအနီး မဉ္ဇူသကနတ်ပန်းပင်၌ သက်တမ်းရှည် ဗုဒ္ဓ၀ါဒီ ရုက္ခစိုးနတ်ဖြစ်ရလို၏။ သာသနာတွင်းကာလ၌ ပဋိပတ္တိကျင့်ကြံတော်မူကြသော သံဃာတော်များ၏ ဝေယျာဝစ္စကို ဆောင်ရွက်လျက် ပရိယတ္တိသင်ကြားသူတို့၏ ယုံမှားသင်္ကာကို ပယ်ဖျောက်ရလို၏။ သာသနာစောင့်မင်းတို့၏ မိတ်ဆွေဖြစ်ပြီး သာသနာဖျက်မင်းတို့အား နှိမ်နင်းနိုင်စွမ်းရှိသူ ဖြစ်ရလို၏။ သာသနာပကာလ၌ မဉ္ဇူသကသစ်ပင်မြတ်ကို အစဉ်အမြဲ ပူဇော်စောင့် ရှောက်လျက် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပွင့်ထွန်းလာသောအခါ ထိုပစ္စေကဗုဒ္ဓါများအား အလုပ်အကျွေးပြုရပါလို၏။ ဤရုက္ခစိုးနတ်ဘ၀ဖြင့် မေတ္တေယျဘုရားရှင် ပွင့်တော်မူ သည်အထိ နေရပြီး ဘုရားပွင့်ချန်၌ လူ့ဘ၀သို့ ပြန်ရောက်လျက် ဘုရားရှင်၏ သာသနာတော်၌ ရဟန်းအဖြစ်ဖြင့် သာသနာပြုပုဂ္ဂိုလ်ဖြစ်ရ၍ ထို(မေတ္တေယျ)ဘုရားရှင်၏ ဘုရားဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်စကားကို ခံယူရပါလို၏။ ဗျာဒိတ်ရပြီးနောက် ပါရမီဆယ်ပါးအပြား သုံးဆယ်တို့ကို ဖြည့်ကျင့်လျက် အနာဂတ်တစ်ချိန်တွင် ဘုရား ဧကန် ဖြစ်ရပါလို၏'။
ဒီပဲရင်းဆရာတော် ဆုတောင်းတတိယမြောက် ရွေကျင်သာသနာပိုင် ဆရာတော်ဖြစ်ပါတယ်။ ဆရာတော် ရေးသားတဲ့ ပမရမတ္ထစက္ခုကျမ်းနိဂုံးမှာ ဆရာတော် ဆုတောင်းပုံက အတုယူဖွယ်ကောင်းပါတယ်။ 'သူတစ်ပါး အကျိုးကို လိုလားသူ ဖြစ်ရလို၏။ သူတစ်ပါးကလည်း ငါ့အကျိုးကို လိုလားသူဖြစ်ပါစေ။ သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ရလို၏။ သူတစ်ပါးကလည်း ငါ ၏ ဒုက္ခကို နှစ်သက်သူ မဖြစ်ပါစေနှင့်။ တစ်ပါးသော သတ္တ၀ါကို မညှဉ်းဆဲရလို။ သူတစ်ပါးကလည်း ငါ့ကို မညှဉ်းဆဲပါစေနှင့်။ လူအပေါင်းသည် လမ်းဆိုး လမ်းကောက်ကို ရှောင်ရှား၍ လမ်းကောင်း လမ်းဖြောင့်ကို လိုက်နိုင်ကြပါစေ။ ငါသည်လည်း လမ်းဆိုး လမ်းကောက်ကို ဖယ်ကြဉ်၍ လမ်းကောင်း လမ်းဖြောင့်သို့ လိုက်နိုင်သည့်ကိုယ် ဖြစ်ရလို၏'။
မိတ်ဆွေဖြစ်တဲ့ ကိုယ်'ပညာမဲ့သူ လူမိုက်တို့သည် ခါးသီးသော အကျိုးကိုဖြစ်စေသည့် မကောင်းမှုကို ပြုကြလျက် ရန်သူဖြစ်သည့် ကိုယ်ဖြင့်သာ (သံသရာ)ခရီးကို သွားနေကြ၏' (သံ ၁၊ ၅၁)လို့ မြတ်ဗုဒ္ဓ မိန့်ပါတယ်။ ဒါကြောင့် အရေးကြီးတာက မိတ်ဆွေဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ ဘ၀သံသရာခရီးကို သွားနိုင်မဲ့ အခြေအနေ အခွင့်အလမ်းမျိုးကို ရအောင် ဆုတောင်းခြင်းဟာ သင့်မြတ်တဲ့ ဆုတောင်းခြင်းမျိုး ဖြစ်ကြောင်းပါ။